အင်္ဂုတ္တရနိကာယ်

(၆) ၁-ခေမဝဂ်

၁-ခေမသုတ်

၅၂။ “ငါ့သျှင် ဘေးမရှိရာ ဘေးမရှိရာ”ဟု ဆိုအပ်၏။ ငါ့သျှင် အဘယ်မျှဖြင့် ဘေးမရှိရာဟု မြတ်စွာဘုရား ဟောတော်မူပါသနည်းဟု (မေး၏)။

ငါ့သျှင် ဤသာသနာတော်၌ ရဟန်းသည် ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ပဌမဈာန်သို့ ရောက်၍ နေ၏။ ငါ့သျှင် ဤမျှဖြင့်လည်း ဘေးမရှိရာဟု မြတ်စွာဘုရားသည် ပရိယာယ်အားဖြင့် ဟော တော်မူ၏။ပ။ ငါ့သျှင် နောက်တစ်မျိုးကား ရဟန်းသည် နေဝသညာနာသညာယတနဈာန်ကို လုံးဝ လွန်မြောက်လျက် သညာဝေဒနာတို့၏ ချုပ်ရာ ‘နိရောဓသမာပတ်’ သို့ ရောက်၍ နေ၏။ ထိုသူအား ပညာဖြင့် မြင်၍ အာသဝေါတရားတို့ ကုန်ခန်းကုန်၏၊ ငါ့သျှင် ဤမျှဖြင့်လည်း ဘေးမရှိရာဟု မြတ်စွာဘုရားသည် ပရိယာယ်မဟုတ် (မုချ)အားဖြင့် ဟောတော်မူ၏ဟု (မိန့်ဆို၏ )။

ပဌမသုတ်။