အင်္ဂုတ္တရနိကာယ်

(၆) ၁-ခေမဝဂ်

၁၁-အဘဗ္ဗသုတ်

၆၂။ ရဟန်းတို့ တရားကိုးမျိုးတို့ကို မပယ်မူ၍ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် မထိုက်။ အဘယ်ကိုးမျိုးတို့နည်းဟူမူ—တပ်မက်မှု ‘ရာဂ’၊ ပြစ်မှားမှု ‘ဒေါသ’၊ တွေဝေမှု ‘မောဟ’၊ အမျက်ထွက်မှု ‘ကောဓ’၊ ရန်ငြိုးဖွဲ့မှု ‘ဥပနာဟ’၊ သူ့ကျေးဇူးကို ချေဖျက်မှု ‘မက္ခ’၊ ဂုဏ်ပြိုင်မှု ‘ပဠာသ’၊ ငြူစူမှု ‘ဣဿာ’၊ ဝန်တိုမှု ‘မစ္ဆရိယ’တို့တည်း။ ရဟန်းတို့ ဤတရားကိုးမျိုးတို့ကို မပယ်မူ၍ အရဟတ္တဖိုလ်ကို မျက်မှောက် ပြုရန် မထိုက်။

ရဟန်းတို့ ဤတရားကိုးမျိုးတို့ကို ပယ်လျှင် အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် ထိုက်၏။ အဘယ်ကိုးမျိုးတို့နည်းဟူမူ—တပ်စွန်းမှု ‘ရာဂ’၊ ပြစ်မှားမှု ‘ဒေါသ’၊ တွေဝေမှု ‘မောဟ’၊ အမျက်ထွက်မှု ‘ကောဓ’၊ ရန်ငြိုးဖွဲ့မှု ‘ဥပနာဟ’၊ သူ့ကျေးဇူးကို ချေဖျက်မှု ‘မက္ခ’၊ ဂုဏ်ပြိုင်မှု ‘ပဠာသ’၊ ငြူစူမှု ‘ဣဿာ’၊ ဝန်တိုမှု ‘မစ္ဆရိယ’တို့တည်း။ ရဟန်းတို့ ဤတရားကိုးမျိုးတို့ကို ပယ်လျှင် အရဟတ္တဖိုလ်ကို မျက်မှောက် ပြုရန် ထိုက်၏ဟု (မိန့်တော်မူ၏)။

ဧကာဒသမသုတ်။

ရှေးဦးစွာသော ခေမဝဂ် ပြီး၏။