အင်္ဂုတ္တရနိကာယ်

(၇) ၂-သတိပဋ္ဌာနဝဂ်

၃-ကာမဂုဏသုတ်

၆၅။ ရဟန်းတို့ ကာမဂုဏ်တို့သည် ဤငါးမျိုးတို့တည်း။ အဘယ်ငါးမျိုးတို့နည်းဟူမူ— အလိုရှိ အပ်ကုန် နှစ်သက်အပ်ကုန် နှလုံးကိုပွါးစေတတ်ကုန် ချစ်ဖွယ်သဘောရှိကုန် ကာမနှင့်စပ်ကုန် တပ်စွန်းဖွယ် ဖြစ်ကုန်သော စက္ခုဝိညာဏ်ဖြင့် သိအပ်ကုန်သော ရူပါရုံတို့လည်းကောင်း။ သောတဝိညာဏ်ဖြင့် သိအပ်ကုန်သော သဒ္ဒါရုံတို့လည်းကောင်း။ပ။ ဃာနဝိညာဏ်ဖြင့် သိအပ်ကုန်သော ဂန္ဓာရုံတို့လည်းကောင်း။ ဇိဝှါဝိညာဏ်ဖြင့် သိအပ်ကုန်သော ရသာရုံတို့လည်းကောင်း။ အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် နှလုံးကို ပွါးစေတတ်ကုန် ချစ်ဖွယ်သဘောရှိကုန် ကာမနှင့်စပ်ကုန် တပ်စွန်းဖွယ်ဖြစ်ကုန်သော ကာယဝိညာဏ်ဖြင့် သိအပ်ကုန်သော ဖောဋ္ဌဗ္ဗာရုံတို့လည်းကောင်းတည်း။ ရဟန်းတို့ ဤသည်တို့ကား ကာမဂုဏ်ငါးမျိုးတို့တည်း။ ရဟန်းတို့ ဤကာမဂုဏ်ငါးပါးတို့ကို ပယ်ရန်။ပ။ ဤသတိပဋ္ဌာန်လေးပါးတို့ကို ပွါးများအပ်ကုန်၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။