အင်္ဂုတ္တရနိကာယ်

(၇) ၂-သတိပဋ္ဌာနဝဂ်

၅-သြရမ္ဘာဂိယသုတ်

၆၇။ ရဟန်းတို့ အောက်ပိုင်းသံယောဇဉ်တို့သည် ဤငါးမျိုးတို့တည်း။ အဘယ်ငါးမျိုးတို့နည်းဟူမူ—ပရမတ္ထအားဖြင့် ထင်ရှားရှိသော ခန္ဓာငါးဝကိုယ်ကာယ၌ အယူမှားမှု ‘သက္ကာယဒိဋ္ဌိ’၊ မဆုံးဖြတ်နိုင်မှု ‘ဝိစိကိစ္ဆာ’၊ နွားခွေးအလေ့အကျင့်စသည်ကို ကိလေသာစင်ကြယ်ကြောင်း အကျင့်ကောင်းဟု မှားယွင်းစွာ စွဲယူသုံးသပ်မှု ‘သီလဗ္ဗတပရာမာသ’၊ ကာမကို လိုချင်မှု ‘ကာမစ္ဆန္ဒ’၊ သူတစ်ပါး အကျိုးမဲ့ကို ကြံစည်မှု ‘ဗျာပါဒ’တို့တည်း။ ရဟန်းတို့ ဤသည်တို့ကား အောက်ပိုင်းသံယောဇဉ်ငါးမျိုးတို့တည်း။ ရဟန်းတို့ ဤအောက်ပိုင်း သံယောဇဉ်ငါးမျိုးတို့ကို ပယ်ရန်။ပ။ ဤသတိပဋ္ဌာန်လေးပါးတို့ကို ပွါးများအပ်ကုန်၏ဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။