အင်္ဂုတ္တရနိကာယ်

(၇) ၂-သတိပဋ္ဌာနဝဂ်

၇-မစ္ဆရိယသုတ်

၆၉။ ရဟန်းတို့ ဝန်တိုမှု ‘မစ္ဆရိယ’တို့သည် ဤငါးမျိုးတို့တည်း။ အဘယ်ငါးမျိုးတို့နည်းဟူမူ— နေရာ၌ ဝန်တိုမှု ‘အာဝါသမစ္ဆရိယ’၊ အမျိုး၌ ဝန်တိုမှု ‘ကုလမစ္ဆရိယ’၊ လာဘ်၌ ဝန်တိုမှု ‘လာဘမစ္ဆရိယ’၊ အဆင်း၌ ဝန်တိုမှု ‘ဝဏ္ဏမစ္ဆရိယ’၊ ပရိယတ်တရား၌ ဝန်တိုမှု ‘ဓမ္မမစ္ဆရိယ’တို့တည်း။ ရဟန်းတို့ ဤသည်တို့ကား ဝန်တိုမှု ‘မစ္ဆရိယ’ ငါးမျိုးတို့တည်း။ ရဟန်းတို့ ဤဝန်တိုမှု ‘မစ္ဆရိယ’ ငါးမျိုးတို့ကို ပယ်ရန်။ပ။ ဤသတိပဋ္ဌာန်လေးပါးတို့ကို ပွါးများအပ်ကုန်၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။