အင်္ဂုတ္တရနိကာယ်

(၇) ၂-သတိပဋ္ဌာနဝဂ်

၈-ဥဒ္ဓံဘာဂိယသုတ်

၇ဝ။ ရဟန်းတို့ အထက်ပိုင်းသံယောဇဉ်တို့သည် ဤငါးမျိုးတို့တည်း။ အဘယ်ငါးမျိုးတို့နည်းဟူမူ— ရူပဘုံ၌ တပ်မက်မှု ‘ရူပရာဂ’၊ အရူပဘုံ၌ တပ်မက်မှု ‘အရူပရာဂ’၊ အထင်ကြီးမှု ‘မာန’၊ ပျံ့လွင့်မှု ့‘ဥဒ္ဓစ္စ’၊ မသိမှု ‘အဝိဇ္ဇာ’တို့တည်း။ ရဟန်းတို့ ဤသည်တို့ကား အထက်ပိုင်း သံယောဇဉ် ငါးမျိုးတို့တည်း။ ရဟန်းတို့ ဤအထက်ပိုင်းသံယောဇဉ် ငါးမျိုးတို့ကို ပယ်ရန်။ပ။ ဤသတိပဋ္ဌာန်လေးပါးတို့ကို ပွါးများအပ်ကုန်၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။