အင်္ဂုတ္တရနိကာယ်

၁-သမ္ဗောဓိဝဂ်

၉-ပုဂ္ဂလသုတ်

၉။ ရဟန်းတို့ လောက၌ ဤပုဂ္ဂိုလ်ကိုးမျိုးတို့သည် ထင်ရှားရှိကုန်၏၊ အဘယ်ကိုးမျိုးတို့နည်းဟူမူ— ရဟန္တာ၊ ရဟန္တာ ဖြစ်ရန် ကျင့်သူ၊ အနာဂါမ်၊ အနာဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သူ၊ သကဒါဂါမ်၊ သကဒါဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သူ၊ သောတာပန်၊ သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သူ၊ ပုထုဇဉ်တို့တည်း။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကိုးမျိုးတို့သည် လောက၌ ထင်ရှား ရှိကုန်၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။