အင်္ဂုတ္တရနိကာယ်

(၉) ၄-ဣဒ္ဓိပါဒဝဂ်

၁ဝ-စေတသောဝိနိဗန္ဓသုတ်

၉၂။ ရဟန်းတို့ စိတ်အနှောင်အဖွဲ့တို့သည် ဤငါးမျိုးတို့တည်း။ အဘယ်ငါးမျိုးတို့နည်းဟူမူ— ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကာမဂုဏ်တို့၌ မကင်းသော တပ်စွန်းမှုရှိ၏။ပ။ ရဟန်းတို့ ဤသည်တို့ကား စိတ်အနှောင်အဖွဲ့ငါးမျိုးတို့တည်း။ ရဟန်းတို့ ဤစိတ်အနှောင်အဖွဲ့ ငါးမျိုးတို့ကို ပယ်ရန် ဣဒ္ဓိပါဒ်လေးပါးတို့ကို ပွါးများအပ်ကုန်၏။ အဘယ်လေးပါးတို့နည်းဟူမူ—ရဟန်းတို့ ဤ သာသနာတော်၌ ရဟန်းသည် ပြုလိုမှုဆန္ဒလျှင် အကြီးအမှူးရှိသော တည်ကြည်မှု သမာဓိ, ပြင်းစွာ အားထုတ်မှု ပဓာနသင်္ခါရနှင့် ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွါးစေ၏။ အားထုတ်မှု ဝီရိယလျှင် အကြီးအမှူး ရှိသော သမာဓိ။ စိတ်လျှင် အကြီးအမှူးရှိသော သမာဓိ။ ပညာလျှင် အကြီးအမှူးရှိသော သမာဓိ,့ပြင်းစွာအားထုတ်မှု ပဓာနသင်္ခါရနှင့် ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွါးစေ၏။ ရဟန်းတို့ ဤစိတ်အနှောင်အဖွဲ့ ငါးမျိုးတို့ကို ပယ်ရန် ဤဣဒ္ဓိပါဒ်လေးပါးတို့ကို ပွါးများအပ်ကုန်၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

လေးခုမြောက် ှုဒ္ဓိပါဒဝဂ် ပြီး၏။

သတိပဋ္ဌာန်လေးပါး၊ ထို့ပြင် သမ္မပ္ပဓာန်လေးပါး၊ ဣဒ္ဓိပါဒ်လေးပါးတို့ကို ထို့အတူ ယှဉ်စပ်ရာ၏။