ဣတိဝုတ်ပါဠိတော်

၁-ဗြာဟ္မဏဓမ္မယာဂသုတ်

၁ဝဝ။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ ငါဘုရားသည် ဗြာဟ္မဏအစစ် ဖြစ်၏။ တောင်းခံသူတို့နှင့် ဆက်စပ်နေသူ ဖြစ်၏။ အခါ ခပ်သိမ်း ပေးလှူရန် ဆေးကြောပြီးသော လက်ရှိသူ ဖြစ်၏။ အဆုံးဖြစ်သော ခန္ဓာကိုယ်ကို ဆောင်သူဖြစ်၏။ အတုမရှိသော ဆေးဆရာဖြစ်၏။ (အတုမရှိမူ၍) ငြောင့်ကို နုတ်တတ်သူ ဆရာဖြစ်၏။ သင်တို့သည် ထိုငါဘုရား၏ ရင်၌ ဖြစ်သူ ခံတွင်းမှဖြစ်သူ အရိယမဂ်တရား၌ ဖြစ်သူ အရိယမဂ်တရားသည် ဖန်ဆင်းအပ်သူ တရားအမွေခံသူ အာမိသအမွေခံမဟုတ်သူ သားတော်တို့ ဖြစ်ကြကုန်လော့။

ရဟန်းတို့ ဒါနတို့သည် (ပစ္စည်းလေးပါး) အာမိသကို ပေးလှူမှု 'အာမိသဒါန'လည်းကောင်းတရားဟောခြင်းစသော ပေးလှူမှု 'ဓမ္မဒါန'လည်းကောင်း (ဤနှစ်မျိုးတို့တည်း)၊ ရဟန်းတို့ ဤဒါနနှစ်မျိုးတို့တွင် တရားဟောခြင်းစသော 'ဓမ္မဒါန'သည် မြတ်၏။

ရဟန်းတို့ ခွဲခြမ်းဝေဖန်ခြင်းတို့သည် (ပစ္စည်းလေးပါး) အာမိသကို ခွဲခြမ်းဝေဖန်ခြင်း 'အာမိသသံဝိဘာဂ'လည်းကောင်း၊ တရားဟောခြင်းစသော ခွဲခြမ်းဝေဖန်ခြင်း 'ဓမ္မသံဝိဘာဂ'လည်းကောင်း (ဤနှစ်မျိုးတို့တည်း)၊ ရဟန်းတို့ ခွဲခြမ်းဝေဖန်ခြင်း သံဝိဘာဂနှစ်မျိုးတို့တွင် တရားဟောခြင်းစသော 'ဓမ္မသံဝိဘာဂ'သည် မြတ်၏။

ရဟန်းတို့ ချီးမြှောကြ်ခင်းတို့သည် (ပစ္စည်းလေးပါးဖြင့်) ချီးမြှောကြ်ခင်း 'အာမိသာနုဂ္ဂဟ'လည်းကောင်း၊ တရားဟောခြင်းစသည်ဖြင့် ချီးမြှောကြ်ခင်း 'ဓမ္မာနုဂ္ဂဟ'လည်းကောင်း (ဤနှစ်မျိုးတို့တည်း)၊ ရဟန်းတို့ဤနှစ်မျိုးသော ချီးမြှောကြ်ခင်းတို့တွင် အကြင် တရားဟောခြင်းစသည်ဖြင့် ချီးမြှောကြ်ခင်း'ဓမ္မာနုဂ္ဂဟ'သည် မြတ်၏။

ရဟန်းတို့ ပူဇော်ခြင်းတို့သည် (ပစ္စည်းလေးပါးဖြင့်) ပူဇော်ခြင်းလည်းကောင်း၊ တရားဟောခြင်း့စသည်ဖြင့် ပူဇော်ခြင်းလည်းကောင်း (ဤနှစ်မျိုးတို့တည်း)၊ ရဟန်းတို့ ဤနှစ်မျိုးသော ပူဇြော်ခင်းတို့တွင်တရားဟောခြင်းစသည်ဖြင့် ပူဇြော်ခင်းသည် မြတ်၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''အလုံးစုံသော သတ္တဝါတို့ကို သနားတော်မူလေ့ရှိသော အကြင်မြတ်စွာဘုရားသည် ဝန်တိုစိတ် မရှိမူ၍တရားဟောတော်မူခြင်းဟူသော ယဇ်ပူဇော်ခြင်းကို ပေး လှူပူဇော်ခဲ့ပြီ။

နတ်လူတို့ထက် မြတ်တော်မူသော ဘဝ၏ ကမ်းတစ်ဖက်သို့ ရောက်တော်မူသော ထိုသို့ သဘောရှိသော မြတ်စွာဘုရားကို သတ္တဝါတို့သည် ရှိခိုးကြကုန်၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။ ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

ပဌမသုတ်။