ဣတိဝုတ်ပါဠိတော်

၆-မာနသုတ်

၆။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်န်ုပ်ကြားနာခဲဲ့ရပါသည်-

ရဟန်းတို့ တခုသောတရားကို ပယ်ကြကုန်လော့၊ သင်တို့အနာဂါမ်ဖြစ်ရေးအတွက် ငါဘုရားတာဝန်ယူ၏။ တခုသောတရားဟူသည် အဘယ်နည်း? ရဟန်းတို့ ထောင်လွှားမှု 'မာန'ဟူသောတခုသောတရားကို ပယ်ကြကုန်လော့၊ သင်တို့အနာဂါမ်ဖြစ်ရေးအတွက် ငါဘုရားတာဝန်ယူ၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို

''အကြင်မာနဖြင့် ယစ်သူ သတ္တဝါတို့သည် မကောင်းသော လားရာ 'ဂတိ'သို့ လားရောက်ကြရကုန်၏။ ထိုမာနကို ကောင်းစွာသိ၍ (ခန္ဓာငါးပါးတို့ကို) အနိစ္စ စသော အခြင်းအရာတို့ဖြင့် ရှုသူတို့သည် (ထိုမာနကို) ပယ်စွန့်ကုန်၏။ (ယင်းမာနကို) ပယ်စွန့်သောကြောင့် ဤလောကသို့ တစ်ရံတစ်ခါမျှမလာရောက်ကုန်''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

ဆဋ္ဌသုတ်။