မဇ္ဈိမနိကာယ်

၄—နန္ဒကောဝါဒသုတ်

၃၉၈။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန် ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မဟာပဇာပတိဂေါတမီသည် ငါးရာသော ရဟန်းမိန်းမတို့ နှင့်အတူ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရိုသေစွာ ရှိခိုးပြီးလျှင် သင့်လျော်ရာ၌ ရပ်တည်ကာ မြတ်စွာဘုရားအား ဤစကားကို လျှောက်ထား၏ — “မြတ်စွာဘုရား မြတ်စွာဘုရားသည် ရဟန်းမိန်းမတို့ကို ဆုံးမတော်မူပါလော့။ မြတ်စွာဘုရား မြတ်စွာဘုရားသည် ရဟန်းမိန်းမတို့ကို ကံမြစ်တော်မူပါလော့၊ မြတ်စွာဘုရား မြတ်စွာဘုရားသည် ရဟန်းမိန်းမတို့အား တရားစကားကို ပြောဟောခြင်း ပြုတော်မူပါ လော့”ဟု (လျှောက်ထား၏)။

ထိုအခါ မထေရ်ကြီးဖြစ်သော ရဟန်းတို့သည် ရဟန်းမိန်းမတို့ကို အလှည့်အားဖြင့် ဆုံးမကုန်၏၊ အသျှင်နန္ဒကသည် အလှည့်အားဖြင့် ရဟန်းမိန်းမတို့ကို ဆုံးမခြင်းငှါ အလိုမရှိ။ ထိုအခါ မြတ်စွာဘုရား သည် အသျှင်အာနန္ဒာကို “အာနန္ဒာ ယနေ့ ရဟန်းမိန်းမတို့ကို အလှည့်အားဖြင့် ဆုံးမခြင်းငှါ အဘယ် ရဟန်း၏ အလှည့်နည်း”ဟု မိန့်တော်မူ၏။ မြတ်စွာဘုရား အလုံးစုံသော မထေရ်ကြီးတို့သည် ရဟန်း မိန်းမတို့ကို အလှည့်အားဖြင့် ဆုံးမခြင်းငှါ အလှည့်ကို ပြုပြီးပါပြီ၊ အသျှင်ဘုရား ဤအသျှင်နန္ဒကသည် ကား အလှည့်အားဖြင့် ရဟန်းမိန်းမတို့ကို ဆုံးမခြင်းငှါ အလိုမရှိပါဟု (လျှောက်၏)။

ထိုအခါ မြတ်စွာဘုရားသည် အသျှင်နန္ဒကကို “နန္ဒက ရဟန်းမိန်းမတို့ကို ဆုံးမလော့၊ နန္ဒက ရဟန်းမိန်းမတို့ကို ကံမြစ်လော့၊ မကောင်းမှုကို အပပြုပြီးသောနန္ဒက သင်သည် ရဟန်းမိန်းမတို့အား တရားစကားကို ပြောဟောခြင်းပြုလော့”ဟု မိန့်တော်မူ၏။ “မြတ်စွာဘုရား ကောင်းပါပြီ”ဟု အသျှင် နန္ဒကသည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထား၍ နံနက်အခါ၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ် သင်္ကန်းကို ယူပြီးလျှင် သာဝတ္ထိပြည်သို့ ဆွမ်းအလို့ငှါ ဝင်၏၊ သာဝတ္ထိပြည်၌ ဆွမ်းအလို့ငှါ လှည့်လည်၍ ဆွမ်းခံရာမှ ဖဲခဲ့ကာ ဆွမ်းစားပြီးနောက် မိမိကိုယ်ကိုသာ အဖော်ပြု၍ ကောသလမင်း ဆောက်လုပ်သော ရာဇကာရုံကျောင်းဆီသို့ ချဉ်းကပ်၏၊ ထိုရဟန်း မိန်းမတို့သည် အသျှင်နန္ဒကကို အဝေးမှလျှင် ကြွလာ သည်ကို မြင်ကုန်၏၊ မြင်လျှင် နေရာကိုလည်း ခင်းကုန်၏၊ ခြေဆေးရေကိုလည်း တည်ထားကုန်၏။ အသျှင်နန္ဒကသည် ခင်းထားသော နေရာ၌ ထိုင်နေ၏၊ ထိုင်ပြီး၍ ခြေတို့ကို ဆေး၏။ ထိုရဟန်းမိန်းမ တို့သည်လည်း အသျှင်နန္ဒကကို ရှိခိုး၍ သင့်လျော်ရာ၌ ထိုင်နေကုန်၏၊ သင့်လျော်ရာ၌ ထိုင်နေကုန်သော ထိုရဟန်းမိန်းမတို့ကို အသျှင်နန္ဒကသည် ဤစကားကို ပြောဆို၏ “နှမတို့ မေးမြန်း၍ ပြောဟောခြင်းသည် ဖြစ်လတ္တံ့။ ထိုမေးမြန်းရာ၌ သိကြလျှင် ‘သိပါကုန်၏’ဟု ဆိုရမည်၊ မသိကြလျှင် ‘မသိပါကုန်’ဟု ဆိုရ မည်၊ တစ်ဦးတစ်ယောက်မှာ ယုံမှားခြင်း တွေးတောခြင်းသည် ဖြစ်ငြားအံ့၊ ထိုသို့ဖြစ်ရာ၌ ‘အသျှင်ဘုရား ဤအဓိပ္ပါယ်သည် အဘယ်သို့ ဖြစ်ပါသနည်း၊ ဤပုဒ်၏ အနက်ကား အဘယ်ပါနည်း’ဟု ငါ့ကိုသာလျှင် ပြန်၍ မေးရမည်”ဟု (မိန့်ဆို၏)။ အသျှင်ဘုရား အကျွန်ုပ်တို့အား အသျှင်နန္ဒက ဖိတ်ကြားသော ဤ စကားမျှဖြင့်ပင် အကျွန်ုပ်တို့သည် အသျှင်နန္ဒကအား နှစ်သက်ပါကုန်၏၊ အားရပါကုန်၏ဟု (လျှောက်ကြ ကုန်၏ )။

၃၉၉။ နှမတို့ ထိုစကားကို အဘယ်သို့ အောက်မေ့ကြကုန်သနည်း၊ စက္ခုပသာဒသည် မြဲသလော မမြဲသလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ မမြဲသော စက္ခုပသာဒသည် ဆင်းရဲလော ချမ်းသာလောဟု (မေး၏)။ ဆင်းရဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော စက္ခုပသာဒကို “ဤစက္ခုပသာဒသည် ငါ့ဟာတည်း၊ ဤ စက္ခုပသာဒသည် ငါတည်း၊ ဤစက္ခုပသာဒသည် ငါ၏ကိုယ် ‘အတ္တ’တည်း”ဟု ရှုခြင်းငှါ သင့်ပါမည်လောဟု (မေး၏)။ မသင့်ပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ နှစ်မတို့ ထိုစကားကို အဘယ်သို့ မှတ်ထင် ကြကုန်သနည်း၊ သောတပသာဒသည် မြဲသလော မမြဲသလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု့(လျှောက်ကြကုန်၏)။ပ။ ဃာနပသာဒသည် မြဲသလော မမြဲသလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ ဇိဝှါပသာဒသည် မြဲသလော မမြဲသလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ ကာယပသာဒသည် မြဲသလော မမြဲသလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ မနောဒွါရသည် မြဲသလော မမြဲသလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ မမြဲသော မနောဒွါရသည် ဆင်းရဲလော ချမ်းသာလောဟု (မေး၏)။ ဆင်းရဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်း သဘောရှိသော မနောဒွါရ ကို “ဤမနောဒွါရသည် ငါ့ဟာတည်း၊ ဤမနောဒွါရသည် ငါတည်း၊ ဤမနောဒွါရသည် ငါ၏ကိုယ် ‘အတ္တ’ တည်း”ဟု ရှုခြင်းငှါ သင့်ပါမည်လောဟု (မေး၏)။ မသင့်ပါ အသျှင်ဘုရား။ အဘယ့် ကြောင့်နည်းဟူမူ— အသျှင်ဘုရား “ဤအကြောင်းကြောင့်လည်း ဤခြောက်ပါးသော အဇ္ဈတ္တိကာယတနတို့ကို မမြဲကုန်”ဟု ရှေးကပင် အကျွန်ုပ်တို့သည် ဝိပဿနာပညာဖြင့် ကောင်းစွာ မြင်ပြီးပါပြီဟု (လျှောက်ကြကုန်၏)။ နှမတို့ ကောင်းပေစွ ကောင်းပေစွ၊ နှမတို့ဟုတ်မှန်တိုင်း ဝိပဿနာပညာဖြင့် မြင်သော အရိယာသာဝကအား ဤ သို့သာ ဖြစ်၏။

၄ဝဝ။ နှမတို့ ထိုစကားကို အဘယ်သို့ အောက်မေ့ကြကုန်သနည်း၊ ရူပါရုံတို့သည် မြဲကုန်သလော မမြဲကုန်သလောဟု (မေး၏)။ မမြဲပါကုန် အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ မမြဲသော ရူပါရုံသည် ဆင်းရဲလော ချမ်းသာလောဟု (မေး၏)။ ဆင်းရဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်း သဘောရှိသော ရူပါရုံကို “ဤရူပါရုံသည် ငါ့ဟာတည်း၊ ဤရူပါရုံသည် ငါတည်း၊ ဤရူပါရုံသည် ငါ၏ ကိုယ် ‘အတ္တ’ တည်း”ဟု ရှုခြင်းငှါ သင့်ပါမည်လောဟု (မေး၏)။ မသင့် လျော်ပါအသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ နှမတို့ ထိုစကားကို အဘယ်သို့ အောက်မေ့ကြကုန် သနည်း၊ သဒ္ဒါရုံတို့သည် မြဲကုန်သလော မမြဲကုန်သလောဟု (မေး၏)။ မမြဲပါကုန် အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ ဂန္ဓာရုံတို့သည် မြဲကုန်သလော မမြဲကုန်သလောဟု (မေး၏)။ မမြဲပါကုန် အသျှင် ဘုရားဟု (လျှောက်ကြကုန်၏)။ ရသာရုံတို့သည် မြဲကုန်သလော မမြဲကုန်သလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ ဖောဋ္ဌဗ္ဗာရုံတို့သည် မြဲကုန်သလော မမြဲကုန်သလောဟု (မေး၏)။ မမြဲပါကုန် အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ ဓမ္မာရုံတို့သည် မြဲကုန်သလော မမြဲကုန်သလောဟု (မေး၏)။ မမြဲပါကုန် အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ မမြဲသော ဓမ္မာရုံသည် ဆင်းရဲလော ချမ်းသာလောဟု (မေး၏)။ ဆင်းရဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ဓမ္မာရုံကို “ဤဓမ္မာရုံသည် ငါ့ဟာတည်း၊ ဤဓမ္မာရုံသည် ငါတည်း၊ ဤ ဓမ္မာရုံသည် ငါ၏ကိုယ် ‘အတ္တ’ တည်း”ဟု ရှုခြင်းငှါ သင့်ပါမည်လောဟု (မေး၏)။ မသင့်လျော်ပါအသျှင် ဘုရား။ အဘယ့်ကြောင့်နည်း ဟူမူ— အသျှင်ဘုရား “ဤအကြောင်းကြောင့်လည်း ဤခြောက်ပါးသော ဗာဟိရာယတနတို့ကို မမြဲကုန်”ဟု ရှေးကပင် အကျွန်ုပ်တို့သည်ဟုတ်မှန်တိုင်း ဝိပဿနာပညာဖြင့် ကောင်းစွာ မြင်ပြီးပါပြီဟု (လျှောက်ကြကုန်၏)။ နှမတို့ ကောင်းပေစွ ကောင်းပေစွ၊ နှမတို့ဟုတ်မှန် တိုင်း ဝိပဿနာပညာဖြင့် မြင်သော အရိယာသာဝကအား ဤသို့သာ ဖြစ်၏။

၄ဝ၁။ နှမတို့ ထိုစကားကို အဘယ်သို့ အောက်မေ့ကြကုန်သနည်း၊ စက္ခုဝိညာဏ်သည် မြဲသလော မမြဲသလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ မမြဲသော စက္ခုဝိညာဏ်သည် ဆင်းရဲလော ချမ်းသာလောဟု (မေး၏)။ ဆင်းရဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော စက္ခုဝိညာဏ်ကို “ဤစက္ခုဝိညာဏ်သည် ငါ့ဟာတည်း၊ ဤစက္ခုဝိညာဏ်သည် ငါတည်း၊ ဤစက္ခုဝိညာဏ်သည် ငါ၏ကိုယ်’အတ္တ’တည်း”ဟု ရှုခြင်းငှါ သင့်ပါမည် လောဟု (မေး၏)။ မသင့်လျော်ပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ နှမတို့ ထိုစကားကို အဘယ် သို့ အောက်မေ့ကြကုန်သနည်း၊ သောတဝိညာဏ်သည် မြဲသလော မမြဲသလောဟု (မေး၏)။ မမြဲပါ့အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ ဃာနဝိညာဏ်သည် မြဲသလော မမြဲသလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ပ။ ဇိဝှါဝိညာဏ်သည် မြဲသလော မမြဲသလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ ကာယဝိညာဏ်သည် မြဲသလော မမြဲသလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ပ။ မနောဝိညာဏ်သည် မြဲသလော မမြဲသလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ မမြဲသော မနောဝိညာဏ်သည် ဆင်းရဲလော ချမ်းသာလောဟု (မေး၏)။ ဆင်းရဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ မမြဲသော ဆင်းရဲသော ဖောက်ပြန် ခြင်းသဘောရှိသော မနောဝိညာဏ်ကို “ဤမနောဝိညာဏ်သည် ငါ့ဟာတည်း၊ ဤမနောဝိညာဏ်သည် ငါတည်း၊ ဤမနောဝိညာဏ်သည် ငါ၏ ကိုယ် ‘အတ္တ’ တည်း”ဟု ရှုခြင်းငှါ သင့်လျော်ပါ မည်လောဟု (မေး၏)။ မသင့် လျော်ပါ အသျှင်ဘုရား။ အဘယ့်ကြောင့်နည်းဟူမူ—အသျှင်ဘုရား “ဤအကြောင်းကြောင့်လည်း ဤခြောက်ပါးသော ဝိညာဏ်အပေါင်းကို မမြဲ”ဟု ရှေးကပင် အကျွန်ုပ်တို့သည်ဟုတ်မှန်တိုင်း ဝိပဿနာပညာဖြင့် ကောင်းစွာ မြင်ပြီးပါပြီဟု (လျှောက်ကြကုန်၏)။ နှမတို့ ကောင်းပေစွ ကောင်းပေစွ၊ နှမတို့ဟုတ်မှန်တိုင်း ဝိပဿနာပညာဖြင့် မြင်သော အရိယာသာဝကအား ဤသို့သာ ဖြစ်၏။

၄ဝ၂။ နှမတို့ ဥပမာအားဖြင့် တောက်နေသော ဆီမီး၏ ဆီသည်လည်း မမြဲ၊ ဖောက်ပြန်ခြင်း သဘောရှိ၏၊ မီးစာသည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏၊ မီးလျှံသည်လည်းမမြဲ၊ ဖောက်ပြန်ခြင်း သဘောရှိ၏၊ အရောင်သည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏။ နှမတို့ အကြင်သူသည် “တောက် နေသော ထိုဆီမီး၏ ဆီသည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏၊ မီးစာသည်လည်း မမြဲ၊ ဖောက် ပြန်ခြင်းသဘောရှိ၏၊ မီးလျှံသည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏။ ထိုဆီမီး၏ အရောင်မူကား မြဲ၏၊ ခိုင်ခံ့၏၊ အမြဲတည်၏၊ ဖောက်ပြန်ခြင်းသဘောမရှိ”ဟု ဆိုငြားအံ့၊ ထိုသူသည် အမှန်ပြောဆိုသည် မည်ရာအံ့လောဟု (မေး၏)။ အသျှင်ဘုရား အမှန်ပြောဆိုသည် မမည်ပါ။ အဘယ့်ကြောင့်နည်းဟူမူ— အသျှင်ဘုရား တောက်နေသော ထိုဆီမီး၏ ဆီသည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏၊ မီးစာ သည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘော ရှိ၏၊ မီးလျှံသည်လည်းမမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏။ ထိုဆီမီး၏ အရောင်သည် အဘယ်ဆိုဖွယ်ရာရှိအံ့နည်း၊ မမြဲသည်သာတည်း၊ ဖောက်ပြန်ခြင်းသဘောရှိသည် သာတည်းဟု (လျှောက်ကြကုန်၏)။

နှမတို့ ဤဥပမာအတူသာလျှင် အကြင်သူသည် “ဤခြောက်ပါးကုန်သော အဇ္ဈတ္တိကာယတနတို့သည် မမြဲကုန်၊ ယင်းခြောက်ပါးသော အဇ္ဈတ္တိကာယတနတို့ကို စွဲ၍ သုခဝေဒနာကိုလည်းကောင်း၊ ဒုက္ခဝေဒနာကိုလည်းကောင်း၊ ဥပေက္ခာဝေဒနာကိုလည်းကောင်း ခံစား၏၊ ထိုဝေဒနာသည် မြဲ၏၊ ခိုင်ခံ့၏၊ အမြဲတည်၏၊ ဖောက်ပြန် ခြင်းသဘောမရှိ”ဟု ဆိုငြားအံ့၊ ထိုသူသည် အမှန်ပြောဆိုသည် မည်ရာအံ့လောဟု (မေး၏)။ အသျှင်ဘုရား အမှန်ပြောဆိုသည် မမည်ပါ။ အဘယ့်ကြောင့်နည်းဟူမူ— အသျှင်ဘုရား ထိုထိုသဘောရှိ သော အကြောင်းကို စွဲ၍ ထိုထိုသဘောရှိသော ဝေဒနာတို့သည် ဖြစ်ကုန်၏၊ ထိုထိုသဘောရှိသော အကြောင်း၏ ချုပ်ခြင်းကြောင့် ထိုထိုသဘောရှိသော ဝေဒနာတို့သည် ချုပ်ကုန်၏ဟု (လျှောက်ကြကုန်၏)။ နှမတို့ ကောင်းပေစွ ကောင်းပေစွ၊ နှမတို့ဟုတ်မှန်တိုင်း ဝိပဿနာပညာဖြင့် မြင်သော အရိယာ သာဝကအား ဤသို့သာ ဖြစ်၏။

၄ဝ၃။ နှမတို့ ဥပမာအားဖြင့် တည်နေဆဲဖြစ်သော အနှစ်ရှိသော သစ်ပင်ကြီး၏ အမြစ်သည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏၊ ပင်စည်သည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏၊ အခက်အရွက် သည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏၊ အရိပ်သည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏။

နှမတို့ အကြင်သူသည် “တည်နေဆဲဖြစ်သော အနှစ်ရှိသော ထိုသစ်ပင်ကြီး၏ အမြစ်သည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏၊ ပင်စည်သည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏၊ အခက်အရွက် သည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏။ ယင်းသစ်ပင်၏ အရိပ်သည်ကား မြဲ၏၊ ခိုင်ခံ့၏၊ အမြဲ့တည်၏၊ ဖောက်ပြန်ခြင်းသဘောမရှိ”ဟု ဆိုငြားအံ့၊ ထိုသူသည် အမှန်ပြောဆိုသည် မည်ရာအံ့လောဟု (မေး၏)။

အသျှင်ဘုရား အမှန်ပြောဆိုသည် မမည်ပါ။ အဘယ့်ကြောင့်နည်းဟူမူ— အသျှင်ဘုရား တည်နေ ဆဲဖြစ်သော အနှစ်ရှိသော ထိုသစ်ပင်ကြီး၏ အမြစ်သည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏၊ ပင်စည် သည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏၊ အခက်အရွက်သည်လည်း မမြဲ၊ ဖောက်ပြန်ခြင်း သဘော ရှိ၏။ ယင်းသစ်ပင်ကြီး၏ အရိပ်သည်ကား အဘယ်ဆိုဖွယ်ရာရှိအံ့နည်း၊ မမြဲသည်သာတည်း၊ ဖောက်ပြန် ခြင်းသဘော ရှိသည်သာတည်းဟု (လျှောက်ကြကုန်၏)။

နှမတို့ ဤဥပမာအတူသာလျှင် အကြင်သူသည် “ဤခြောက်ပါးကုန်သော ဗာဟိရာယတနတို့သည် မမြဲကုန်၊ ယင်းခြောက်ပါးကုန်သော ဗာဟိရာယတနတို့ကို စွဲ၍ သုခဝေဒနာကိုလည်းကောင်း၊ ဒုက္ခဝေဒနာ ကိုလည်းကောင်း၊ ဥပေက္ခာဝေဒနာကိုလည်းကောင်း ခံစား၏၊ ထိုဝေဒနာသည် မြဲ၏၊ ခိုင်ခံ့၏၊ အမြဲ တည်၏၊ ဖောက်ပြန်ခြင်းသဘော မရှိ”ဟု ဆိုငြားအံ့၊ ထိုသူသည် အမှန်ပြောဆိုသည် မည်ရာအံ့လောဟု (မေး၏)။

အသျှင်ဘုရား အမှန်ပြောဆိုသည် မမည်ပါ။ အဘယ့်ကြောင့်နည်းဟူမူ— အသျှင်ဘုရား ထိုထို သဘောရှိသော အကြောင်းကိုစွဲ၍ ထိုထိုသဘောရှိသော ဝေဒနာသည် ဖြစ်၏၊ ထိုထိုသဘောရှိသော အကြောင်း၏ ချုပ်ခြင်းကြောင့် ထိုထိုသဘောရှိသော ဝေဒနာတို့သည် ချုပ်ကုန်၏ဟု (လျှောက်ကြကုန်၏)။ နှမတို့ ကောင်းပေစွ ကောင်းပေစွ၊ နှမတို့ဟုတ်မှန်တိုင်း ဝိပဿနာပညာဖြင့် မြင်သော အရိယာ သာဝကအား ဤသို့သာ ဖြစ်၏။

၄ဝ၄။ နှမတို့ ဥပမာအားဖြင့် ကျွမ်းကျင်သော နွားသတ်သမားသည်လည်းကောင်း၊ နွားသတ် သမား၏ တပည့်သည်လည်းကောင်း နွားကိုသတ်၍ ထက်စွာသော သားလှီးဓားဖြင့် အတွင်းဖြစ်သော အသားကိုယ်ထည်ကို မပျက်စေမူ၍ အပဖြစ်သော အရေကိုယ်ထည်ကို မပျက်စေမူ၍ လှီးဖြတ်ရာ၏၊ ထိုလှီး ဖြတ်ရာ၌ ထိုထိုကြား အမြှေးကြား အကြောကြား အစပ်ကိုသာလျှင် ထက်စွာသော သားလှီးဓားဖြင့် ဖြတ်ရာ၏၊ တောက်ရာ၏၊ လှီးရာ၏၊ ထက်ဝန်းကျင် လှီးရာ၏၊ ဖြတ်၍ တောက်၍ လှီး၍ ထက်ဝန်ကျင် လှီး၍ အပဖြစ်သော အရေကိုယ်ထည်ကို ခွါ၍ ထိုအရေကိုယ်ထည်ဖြင့်ပင် ထိုနွားကို ဖုံး၍ “ဤနွားသည် ထိုရှေးအတိုင်းပင် ဤအရေနှင့်သာလျှင် ဆက်စပ်နေ၏”ဟု ဆိုငြားအံ့၊ ထိုသူသည် အမှန်ဆိုသည် မည်ရာ အံ့လောဟု (မေး၏)။

အသျှင်ဘုရား အမှန်ဆိုသည် မမည်ပါ။ အဘယ့်ကြောင့်နည်းဟူမူ— အသျှင်ဘုရား ကျွမ်းကျင်သော နွားသတ်သမားသည်လည်းကောင်း၊ နွားသတ်သမား၏ တပည့်သည်လည်းကောင်း နွားကိုသတ်၍ ထက်စွာ သော သားလှီးဓားဖြင့် အတွင်းဖြစ်သော အသားကိုယ်ထည်ကို မပျက်စေမူ၍ အပဖြစ်သော အရေကိုယ် ထည်ကို မပျက်စေမူ၍ နွားကို လှီးဖြတ်ရာ၏၊ ထိုလှီးဖြတ်ရာ၌ ထိုထိုကြား အမြှေးကြား အကြောကြား အစပ်ကိုသာလျှင် ထက်စွာသော သားလှီးဓားဖြင့် ဖြတ်ရာ၏၊ တောက်ရာ၏၊ လှီးရာ၏၊ ထက်ဝန်းကျင် လှီးရာ၏၊ ဖြတ်၍ တောက်၍ လှီး၍ ထက်ဝန်ကျင်လှီး၍ အပဖြစ်သော အရေကိုယ်ထည်ကို ခွါ၍ ထိုအရေ ကိုယ်ထည်ဖြင့်ပင် ထိုနွားကို ဖုံး၍ “ဤနွားသည် ထိုရှေးအတိုင်းပင် ဤအရေနှင့်သာလျှင် ဆက်စပ် နေ၏”ဟု အကယ်၍ကား ထိုသူသည် ဆို၏၊ ထိုသို့ပင် ဆိုသော်လည်း ထိုနွားသည် ထိုအရေနှင့် မဆက် စပ်ပါဟု (လျှောက်ကြကုန်၏)။

နှမတို့ အနက်အဓိပ္ပါယ်ကို သိစေခြင်းငှါ ငါသည် ဤဥပမာကို ပြုအပ်၏၊ ဤဥပမာ၌ ဤဆိုလတ္တံ့ သည်ကား အနက်အဓိပ္ပါယ်တည်း၊ နှမတို့ “အတွင်းဖြစ်သော အသားကိုယ်ထည်” ဟူသော ဤအမည်သည် ခြောက်ပါးကုန်သော အဇ္ဈတ္တိကာယတနတို့၏ အမည်တည်း။ နှမတို့ “အပဖြစ်သော အရေကိုယ်ထည်” ဟူသော ဤအမည်သည် ခြောက်ပါးကုန်သော ဗာဟိရာယတနတို့၏ အမည်တည်း။့နှမတို့ “ကြား အမြှေးကြား အကြောကြား အစပ်”ဟူသော ဤအမည်သည် နှစ်သက်ခြင်း နန္ဒီရာဂ၏ အမည်တည်း။ နှမတို့ “ထက်စွာသော သားလှီးဓား”ဟူသော ဤအမည်သည် မြတ်သော မဂ်ပညာ၏ အမည်တည်း။ ဤ မြတ်သော မဂ်ပညာသည် အကြား၌ဖြစ်သောကိလေသာ အကြား၌ဖြစ်သောသံယောဇဉ် အကြား၌ဖြစ်သော အစပ်တို့ကို ဖြတ်၏၊ တောက်၏၊ လှီး၏၊ ထက်ဝန်းကျင် လှီး၏။

၄ဝ၅။ နှမတို့ ဗောဇ္ဈင်တို့သည် ဤခုနစ်ပါးတို့တည်း၊ ရဟန်းသည် ယင်းဗောဇ္ဈင်တို့ကို ပွါးသည်၏ အဖြစ်ကြောင့် ကြိမ်ဖန်များစွာ လေ့လာသည်၏ အဖြစ်ကြောင့် အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါမရှိသော လွတ်မြောက်သောစိတ် လွတ်မြောက်သောပညာကို မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ ပြည့်စုံစေ၍နေ၏။ ခုနစ်ပါးတို့သည် အဘယ်တို့နည်း၊ နှမ တို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ခြင်း ‘ဝိဝေက’ ၌မှီသော တပ်စွန်းမှု ‘ရာဂ’ ကင်းရာ၌မှီသော ချုပ်ရာ ‘နိရောဓ’ ၌မှီသော ကိလေသာစွန့်လွှတ်မှု နိဗ္ဗာန်သို့ ညွတ်သော သတိသမ္ဗောဇ္ဈင်ကို ပွါး၏။ ဓမ္မဝိစယသမ္ဗောဇ္ဈင်ကို ပွါး၏။ပ။ ဝီရိယသမ္ဗောဇ္ဈင်ကို ပွါး၏။ပ။ ပီတိသမ္ဗောဇ္ဈင်ကို ပွါး၏။ပ။ ပဿဒ္ဓိ သမ္ဗောဇ္ဈင်ကို ပွါး၏။ပ။ သမာဓိသမ္ဗောဇ္ဈင်ကို ပွါး၏။ ဆိတ်ခြင်း ‘ဝိဝေက’ ၌မှီသော တပ်စွန်းမှု ‘ရာဂ’ ကင်းရာ၌မှီသော ချုပ်ရာ ‘နိရောဓ’ ၌မှီသော ကိလေသာစွန့်လွှတ်မှု နိဗ္ဗာန်သို့ ညွတ်သော ဥပေက္ခာ သမ္ဗောဇ္ဈင်ကို ပွါး၏။ နှမတို့ ဗောဇ္ဈင်တို့သည် ဤခုနစ်ပါးတို့ပင်တည်း။ ရဟန်းသည် ယင်းဗောဇ္ဈင် ခုနစ်ပါးတို့ကို ပွါးသည်၏အဖြစ်ကြောင့် ကြိမ်ဖန်များစွာ လေ့လာသည်၏ အဖြစ်ကြောင့် အာသဝေါတရား တို့၏ ကုန်ခြင်းကြောင့် အာသဝေါမရှိသော လွတ်မြောက်သောစိတ် လွတ်မြောက်သောပညာကို မျက်မှောက် ဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ ပြည့်စုံစေ၍ နေ၏ဟု (မိန့်ဆို၏)။

၄ဝ၆။ ထိုအခါ၌ အသျှင်နန္ဒကသည် ထိုရဟန်းမိန်းမတို့ကို ဤအဆုံးအမဖြင့် ဆုံးမ၍ “နှမတို့ သွားချိန်တန်ပြီ၊ သွားကြကုန်လော့”ဟု လွှတ်လိုက်၏။ ထိုအခါ ထိုရဟန်းမိန်းမတို့သည် အသျှင်နန္ဒက၏ တရားစကားကို အလွန်နှစ်သက် ဝမ်းမြောက်ကြကုန်၍ နေရာမှထကုန်လျက် အသျှင်နန္ဒကကို ရှိခိုးကုန်ပြီး လျှင် အရိုအသေပြုကာ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကုန်၏၊ ချဉ်းကပ်၍ ရိုသေစွာ ရှိခိုးပြီးလျှင် သင့် လျော်ရာ၌ ရပ်တည်ကုန်၏၊ သင့်လျော်ရာ၌ ရပ်တည်ကုန်သော ရဟန်းမိန်းမတို့ကို မြတ်စွာဘုရားသည် “ရဟန်းမိန်းမတို့ သွားချိန်တန်ပြီ၊ သွားကြကုန်လော့”ဟု ဤစကားကို မိန့်တော်မူ၏။ ထိုအခါ ထိုရဟန်း မိန်းမတို့သည် မြတ်စွာဘုရားကို ရှိခိုးကုန်၍ အရိုအသေပြုပြီးလျှင် ဖဲသွားကုန်၏။ ထိုအခါ မြတ်စွာဘုရား သည် ထိုရဟန်းမိန်းမတို့ ဖဲသွား၍ မကြာမီ ရဟန်းတို့ကို “ရဟန်းတို့ ဥပမာအားဖြင့် တစ်ဆယ့် လေးရက်မြောက်ဖြစ်သော ထိုဥပုသ်နေ့၌ လသည် ယုတ်လျော့လေသလော၊ ပြည့်လေသလော’ဟု များစွာ သော လူအပေါင်းအား ယုံမှားခြင်း တွေးတောခြင်းသည် မဖြစ်၊ စင်စစ်သော်ကား လသည် ယုတ်လျော့ သည်သာ ဖြစ်သကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် ထိုရဟန်းမိန်းမတို့သည် နန္ဒက၏ တရားဒေသနာကို ဝမ်းမြောက်သော စိတ်ရှိကုန်၏၊ ပြည့်စုံသော အကြံကား မရှိကုန်သေး”ဟု မိန့်တော်မူ၏၊

၄ဝ၇။ ထိုအခါ မြတ်စွာဘုရားသည် အသျှင်နန္ဒကကို “နန္ဒက ထိုသို့ ဖြစ်ခြင်းကြောင့် သင်သည် နက်ဖြန်၌လည်း ထိုရဟန်းမိန်းမတို့ကို ထိုအဆုံးအမဖြင့်ပင်လျှင် ဆုံးမဦးလော့”ဟု မိန့်တော်မူ၏။ “မြတ်စွာဘုရား ကောင်းပါပြီ”ဟု အသျှင်နန္ဒကသည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထား၏။ ထိုအခါ အသျှင်နန္ဒကသည် ထိုညဉ့်ကို လွန်သဖြင့် နံနက်အခါ၌ သင်္ကန်းကို ပြင်ဝတ်လျက် သပိတ်သင်္ကန်းကို ယူပြီးလျှင် သာဝတ္ထိပြည်သို့ ဆွမ်းအလို့ငှါ ဝင်၏၊ သာဝတ္ထိပြည်၌ ဆွမ်းအလို့ငှါ လှည့်လည်ပြီးလျှင် ဆွမ်း ခံရာမှ ဖဲခဲ့ကာ ဆွမ်းစားပြီနောက် မိမိကိုယ်ကိုသာ အဖော်ပြု၍ ရာဇကာရုံကျောင်းဆီသို့ ချဉ်းကပ်၏။့ထိုရဟန်းမိန်းမတို့သည် အသျှင်နန္ဒကကို အဝေးမှသာလျှင် လာသည်ကို မြင်ကုန်၏၊ မြင်လျှင် နေရာကိုလည်း ခင်းထားကုန်၏၊ ခြေဆေးရေကိုလည်း တည်ထားကုန်၏။ အသျှင်နန္ဒကသည် ခင်းထားသော နေရာ၌ ထိုင်နေ၏၊ ထိုင်ပြီး၍ ခြေတို့ကို ဆေး၏၊ ထိုရဟန်းမိန်းမတို့သည်လည်း အသျှင်နန္ဒကကို ရှိခိုး ကုန်ပြီး၍ သင့်လျော်ရာ၌ ထိုင်နေကုန်၏။ သင့်လျော်ရာ၌ ထိုင်နေကုန်သော ထိုရဟန်းမိန်းမတို့ကို အသျှင် နန္ဒကသည် ဤစကားကို ပြောဆို၏ “နှမတို့ မေးမြန်း၍ ပြောဟောခြင်းသည် ဖြစ်လတ္တံ့၊ ထိုမေးမြန်း ရာ၌ သိကြလျှင် ‘သိပါကုန်၏’ဟု ဆိုရမည်၊ မသိကြလျှင် ‘မသိပါကုန်’ဟု ဆိုရမည်၊ တစ်ဦးတစ်ယောက် အား ယုံမှားခြင်း တွေးတောခြင်းသည် ဖြစ်ငြားအံ့၊ ထိုသို့ဖြစ်ရာ၌ ‘အသျှင်ဘုရား ဤအဓိပ္ပါယ်သည် အဘယ်သို့ ဖြစ်ပါသနည်း၊ ဤပုဒ်၏အနက်ကား အဘယ်ပါနည်း’ဟု ‘ငါ့ကိုသာလျှင် ပြန်၍မေးရမည်’ဟု (ပြောဆို၏)။ အသျှင်ဘုရား အကျွန်ုပ်တို့အား အသျှင်နန္ဒက ဖိတ်ကြားသော ဤစကားမျှဖြင့်ပင် အကျွန်ုပ်တို့သည် အသျှင်နန္ဒကအား နှစ်သက်ပါကုန်၏၊ အားရပါကုန်၏ဟု (လျှောက်ကြကုန်၏)။

၄ဝ၈။ နှမတို့ ထိုစကားကို အဘယ်သို့ အောက်မေ့ကြကုန်သနည်း၊ စက္ခုပသာဒသည် မြဲသလော မမြဲသလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ မမြဲသော စက္ခုပသာဒသည် ဆင်းရဲလော ချမ်းသာလောဟု (မေး၏)။ ဆင်းရဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော စက္ခုပသာဒကို “ဤစက္ခုပသာဒသည် ငါ့ဟာတည်း၊ ဤစက္ခု ပသာဒသည် ငါတည်း၊ ဤစက္ခုပသာဒသည် ငါ၏ ကိုယ် ‘အတ္တ’ တည်း”ဟု ရှုခြင်းငှါ သင့်ပါမည်လောဟု (မေး၏)။ မသင့်ပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ နှမတို့ ထိုစကားကို အဘယ်သို့ အောက်မေ့ ကြကုန်သနည်း၊ သောတပသာဒသည် မြဲသလော မမြဲသလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ပ။ ဃာနပသာဒသည် မြဲသလော မမြဲသလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ပ။ ဇိဝှါပသာဒသည် မြဲသလော မမြဲသလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ပ။ ကာယပသာဒသည် မြဲသလော မမြဲသလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ပ။ မနောဒွါရသည် မြဲသလော မမြဲသလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ မမြဲသော မနောဒွါရသည် ဆင်းရဲလော ချမ်းသာလောဟု (မေး၏)။ ဆင်းရဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော မနောဒွါရ ကို “ဤမနောဒွါရသည် ငါ့ဟာတည်း၊ ဤမနောဒွါရသည် ငါတည်း၊ ဤမနောဒွါရသည် ငါ၏ကိုယ် ‘အတ္တ’တည်း”ဟု ရှုခြင်းငှါ သင့်ပါမည်လောဟု (မေး၏)။ မသင့်ပါ အသျှင်ဘုရား။ အဘယ့်ကြောင့်နည်း ဟူမူ—အသျှင်ဘုရား “ဤအကြောင်းကြောင့်လည်း ခြောက်ပါးသော အဇ္ဈတ္တိ ကာယတနတို့ကို မမြဲကုန်”ဟု ရှေးကပင် အကျွန်ုပ်တို့သည်ဟုတ်မှန်တိုင်း ဝိပဿနာပညာဖြင့် ကောင်းစွာ မြင်ထားပြီးပါပြီဟု (လျှောက် ကြကုန်၏)။ နှမတို့ ကောင်းပေစွ ကောင်းပေစွ၊ နှမတို့ဟုတ်မှန်တိုင်း ဝိပဿနာ ပညာဖြင့် မြင်သော အရိယာသာဝကအား ဤသို့သာ ဖြစ်၏။

၄ဝ၉။ နှမတို့ ထိုစကားကို အဘယ်သို့ အောက်မေ့ကြကုန်သနည်း၊ ရူပါရုံတို့သည် မြဲသလော မမြဲ သလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ မမြဲသော ရူပါရုံသည် ဆင်းရဲလော ချမ်းသာလောဟု (မေး၏)။ ဆင်းရဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ရူပါရုံကို “ဤရူပါရုံသည် ငါ့ဟာတည်း၊ ဤရူပါရုံသည် ငါတည်း၊ ဤရူပါရုံ သည် ငါ၏ ကိုယ်’အတ္တ’တည်း”ဟု ရှုခြင်းငှါ သင့်ပါမည်လောဟု (မေး၏)။ မသင့်ပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ နှမတို့ ထိုစကားကို အဘယ်သို့ အောက်မေ့ကြကုန်သနည်း၊ သဒ္ဒါရုံတို့သည် မြဲသလော မမြဲသလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ပ။ ဂန္ဓာရုံတို့သည့်မြဲသလော မမြဲသလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ပ။ ရသာရုံတို့သည် မြဲသလော မမြဲသလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ပ။ ဖောဋ္ဌဗ္ဗာရုံတို့ သည် မြဲသလော မမြဲသလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ပ။ ဓမ္မာရုံ တို့သည် မြဲသလော မမြဲသလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ မမြဲသော ဓမ္မာရုံသည် ဆင်းရဲလော ချမ်းသာလောဟု (မေး၏)။ ဆင်းရဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ဓမ္မာရုံကို “ဤဓမ္မာရုံသည် ငါ့ဟာတည်း၊ ဤဓမ္မာရုံ သည် ငါတည်း၊ ဤဓမ္မာရုံသည် ငါ၏ ကိုယ်ပိုင်တည်း”ဟု ရှုခြင်းငှါ သင့်ပါမည်လောဟု (မေး၏)။ မသင့်ပါ အသျှင်ဘုရား။ အဘယ့်ကြောင့်နည်းဟူမူ— အသျှင်ဘုရား “ဤအကြောင်း ကြောင့်လည်း ဤ ခြောက်ပါးသော ဗာဟိရာယတနတို့ကို မမြဲကုန်”ဟု ရှေးကပင် အကျွန်ုပ်တို့သည်ဟုတ်မှန်တိုင်း ဝိပဿနာပညာဖြင့် ကောင်းစွာ မြင်ပြီးပါပြီဟု (လျှောက်ကြကုန်၏)။ နှမတို့ ကောင်းပေစွ ကောင်းပေစွ၊ နှမတို့ဟုတ်မှန်တိုင်း ဝိပဿနာပညာဖြင့် မြင်သော အရိယာသာဝကအား ဤသို့သာ ဖြစ်၏။

၄၁ဝ။ နှမတို့ ထိုစကားကို အဘယ်သို့ အောက်မေ့ကြကုန်သနည်း၊ စက္ခုဝိညာဏ်သည် မြဲသလော မမြဲသလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ပ။ သောတဝိညာဏ်သည် မြဲသ လော မမြဲသလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ပ။ ဃာနဝိညာဏ်သည် မြဲသလော မမြဲသလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ပ။ ဇိဝှါဝိညာဏ် သည် မြဲသလော မမြဲသလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ပ။ ကာယ ဝိညာဏ်သည် မြဲသလော မမြဲသလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ပ။ မနောဝိညာဏ်သည် မြဲသလော မမြဲသလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ပ။ မမြဲသော မနောဝိညာဏ်သည် ဆင်းရဲလော ချမ်းသာလောဟု (မေး၏)။ ဆင်းရဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော မနောဝိညာဏ်ကို “ဤမနော ဝိညာဏ်သည် ငါ့ဟာတည်း၊ ဤမနောဝိညာဏ်သည် ငါတည်း၊ ဤမနောဝိညာဏ်သည် ငါ၏ ကိုယ် ‘အတ္တ’ တည်း”ဟု ရှုခြင်းငှါ သင့်ပါမည်လောဟု (မေး၏)။ မသင့်ပါ အသျှင်ဘုရား။ အဘယ့်ကြောင့်နည်းဟူမူ— အသျှင်ဘုရား “ဤအကြောင်းကြောင့်လည်း ခြောက်ပါးသော ဝိညာဏ်အပေါင်းကို မမြဲ”ဟု ရှေးကပင် အကျွန်ုပ်တို့သည်ဟုတ်မှန်တိုင်း ဝိပဿနာပညာဖြင့် ကောင်းစွာ မြင်ပြီးပါပြီဟု (လျှောက်ကြကုန်၏)။ နှမတို့ ကောင်းပေစွ ကောင်းပေစွ၊ နှမတို့ဟုတ်မှန်တိုင်း ဝိပဿနာပညာဖြင့် မြင်သော အရိယာသာဝက အား ဤသို့သာ ဖြစ်၏။

၄၁၁။ နှမတို့ ဥပမာအားဖြင့် တောက်နေသော ဆီမီး၏ ဆီသည်လည်း မမြဲ၊ ဖောက်ပြန်ခြင်း သဘော ရှိ၏၊ မီးစာသည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏၊ မီးလျှံသည်လည်း မမြဲ၊ ဖောက်ပြန် ခြင်းသဘော ရှိ၏၊ အရောင်သည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏၊ နှမတို့ အကြင်သူသည် “တောက်နေသော ထိုဆီမီး၏ ဆီသည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏၊ မီးစာသည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘော ရှိ၏၊ မီးလျှံသည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏၊ ထိုဆီမီး၏ အရောင် မူကား မြဲ၏၊ ခိုင်ခံ့၏၊ အမြဲတည်၏၊ ဖောက်ပြန်ခြင်းသဘောမရှိ”ဟု ဆိုငြားအံ့၊ နှမတို့ ထိုသူသည် အမှန်ပြောဆိုသည် မည်ရာအံ့လောဟု (မေး၏)။ အသျှင်ဘုရား အမှန်ပြောဆိုသည် မမည်ပါ။ အဘယ့် ကြောင့်နည်းဟူမူ—အသျှင်ဘုရား တောက်နေသော ထိုဆီမီး၏ ဆီသည်လည်း မမြဲပါ၊ ဖောက်ပြန်ခြင်း သဘောရှိ၏၊ မီးစာသည်လည်း မမြဲပါ၊ ဖောက်ပြန်ခြင်းသဘောရှိ၏၊ မီးလျှံသည်လည်း မမြဲပါ၊ ဖောက် ပြန်ခြင်းသဘောရှိ၏၊ ထိုဆီမီး၏ အရောင်သည် အဘယ်မှာ ဆိုဖွယ်ရာရှိအံ့နည်း၊ မမြဲသည်သာတည်း၊ ဖောက်ပြန်ခြင်းသဘော ရှိသည်သာတည်းဟု (လျှောက်ကြကုန်၏)။

နှမတို့ ဤအတူသာလျှင် အကြင်သူသည် “ဤခြောက်ပါးကုန်သော အဇ္ဈတ္တိကာယတနတို့သည် မမြဲ ကုန်၊ ယင်းခြောက်ပါးကုန်သော အဇ္ဈတ္တိကာယတနတို့ကို စွဲ၍ သုခဝေဒနာကိုလည်းကောင်း ဒုက္ခဝေဒနာ ကိုလည်းကောင်း၊ ဥပေက္ခာဝေဒနာကိုလည်းကောင်း ခံစား၏၊ ထိုဝေဒနာသည် မြဲ၏၊ ခိုင်ခံ့၏၊ အမြဲတည်၏၊ ဖောက်ပြန်ခြင်း သဘောမရှိ”ဟု ဆိုငြားအံ့၊ နှမတို့ ထိုသူသည် အမှန်ပြောဆိုသည် မည်ရာအံ့လောဟု (မေး၏)။ အသျှင်ဘုရား အမှန်ပြောဆိုသည် မမည်ပါ။ အဘယ့်ကြောင့်နည်းဟူမူ— အသျှင်ဘုရား ထိုထို သဘောရှိသော အကြောင်းကို စွဲ၍ ထိုထိုသဘောရှိသော ဝေဒနာတို့သည် ဖြစ်ပါကုန်၏၊ ထိုထိုသဘောရှိ သော အကြောင်း၏ ချုပ်ခြင်းကြောင့် ထိုထိုသဘောရှိသော ဝေဒနာတို့သည် ချုပ်ပါကုန်၏ဟု (လျှောက်ကြ ကုန်၏)။ နှမတို့ ကောင်းပေစွ ကောင်းပေစွ၊ နှမတို့ဟုတ်မှန်တိုင်း ဝိပဿနာပညာဖြင့် မြင်သော အရိယာသာဝကအား ဤသို့သာ ဖြစ်၏။

၄၁၂။ နှမတို့ ဥပမာအားဖြင့် တည်နေဆဲဖြစ်သော အနှစ်ရှိသော သစ်ပင်ကြီး၏ အမြစ်သည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏၊ ပင်စည်သည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏၊ သစ်ခက် သစ်ရွက်သည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏၊ အရိပ်သည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘော ရှိ၏၊ နှမတို့ အကြင်သူသည် “တည်နေဆဲဖြစ်သော အနှစ်ရှိသော သစ်ပင်ကြီး၏ အမြစ်သည်လည်း မမြဲ၊ ဖောက်ပြန်ခြင်း သဘောရှိ၏၊ ပင်စည်သည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏၊ သစ်ခက် သစ်ရွက် သည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏၊ ထိုသစ်ပင်ကြီး၏ အရိပ်သည်ကား မြဲ၏၊ ခိုင်ခံ့၏၊ အမြဲ တည်၏၊ ဖောက်ပြန်ခြင်းသဘော မရှိ”ဟု ဆိုငြားအံ့၊ နှမတို့ ထိုသူသည် အမှန်ပြောဆိုသည် မည်ရာ အံ့လောဟု (မေး၏)။ အသျှင်ဘုရား အမှန်ပြောဆိုသည် မမည်ပါ။ အဘယ့်ကြောင့်နည်းဟူမူ— အသျှင် ဘုရား တည်နေဆဲဖြစ်သော အနှစ်ရှိသော သစ်ပင်ကြီး၏ အမြစ်သည်လည်း မမြဲပါ၊ ဖောက်ပြန်ခြင်း သဘောရှိပါ၏၊ ပင်စည်သည်လည်း မမြဲပါ၊ ဖောက်ပြန်ခြင်း သဘောရှိပါ၏၊ သစ်ခက် သစ်ရွက်သည်လည်း မမြဲပါ၊ ဖောက်ပြန်ခြင်းသဘောရှိပါ၏၊ ထိုသစ်ပင်ကြီး၏ အရိပ်သည်ကား အဘယ်မှာ ဆိုဖွယ်ရာရှိပါအံ့ နည်း၊ မမြဲသည်သာတည်း၊ ဖောက်ပြန်ခြင်း သဘောရှိသည်သာတည်းဟု (လျှောက်ကြကုန်၏)။

နှမတို့ ဤအတူသာလျှင် အကြင်သူသည် “ဤခြောက်ပါးကုန်သော ဗာဟိရာယတနတို့သည် မမြဲ ကုန်၊ ခြောက်ပါးကုန်သော ဗာဟိရာယတနတို့ကို စွဲ၍ သုခဝေဒနာကိုလည်းကောင်း၊ ဒုက္ခဝေဒနာကိုလည်း ကောင်း၊ ဥပေက္ခာဝေဒနာကိုလည်းကောင်း ခံစား၏၊ ထိုဝေဒနာသည် မြဲ၏၊ ခိုင်ခံ့၏၊ အမြဲတည်၏၊ ဖောက်ပြန်ခြင်း သဘောမရှိ”ဟု ဆိုငြားအံ့၊ နှမတို့ ထိုသူသည် အမှန်ပြောဆိုသည် မည်ရာအံ့လောဟု (မေး၏)။ အသျှင်ဘုရား အမှန်ပြောဆိုသည် မမည်ပါ။ အဘယ့်ကြောင့်နည်းဟူမူ—အသျှင်ဘုရား ထိုထို သဘောရှိသော အကြောင်းကို စွဲ၍ ထိုထိုသဘောရှိသော ဝေဒနာတို့သည် ဖြစ်ပါကုန်၏၊ ထိုထိုသဘော ရှိသော အကြောင်း၏ချုပ်ခြင်းကြောင့် ထိုထို သဘောရှိသော ဝေဒနာတို့သည် ချုပ်ပါကုန်၏ဟု (လျှောက် ကြကုန်၏)။ နှမတို့ ကောင်းပေစွ ကောင်းပေစွ၊ နှမတို့ဟုတ်မှန်တိုင်း ဝိပဿနာပညာဖြင့် မြင်သော အရိယာသာဝကအား ဤသို့သာ ဖြစ်၏။

၄၁၃။ နှမတို့ ဥပမာအားဖြင့် ကျွမ်းကျင်သော နွားသတ်သမားသည်လည်းကောင်း၊ နွားသတ် သမား၏ တပည့်သည်လည်းကောင်း၊ နွားကိုသတ်၍ ထက်စွာသော သားလှီးဓားဖြင့် အတွင်းဖြစ်သော အသားကိုယ်ထည်ကို မပျက်စေမူ၍ အပဖြစ်သော အရေကိုယ်ထည်ကို မပျက်စေမူ၍ နွားကို လှီးဖြတ်ရာ၏၊ ထိုလှီးဖြတ်ရာ၌ ထိုထိုကြား အမြှေးကြား အကြောကြား အစပ်ကိုသာလျှင် ထက်စွာသော သားလှီး ဓားဖြင့် ဖြတ်ရာ၏၊ တောက်ရာ၏၊ လှီးရာ၏၊ ထက်ဝန်းကျင် လှီးရာ၏၊ ဖြတ်၍ တောက်၍ လှီး၍ ထက်ဝန်ကျင်လှီး၍ အပဖြစ်သော အရေ ကိုယ်ထည်ကို ခွါ၍ ထိုအရေကိုယ်ထည်ဖြင့်ပင်လျှင် ထိုနွားကို ဖုံး၍ “ဤနွားသည် ထိုရှေးအတိုင်းပင် ဤအရေနှင့်သာလျှင် ဆက်စပ်နေ၏”ဟု ဆိုငြားအံ့၊ ထိုသူသည့်အမှန်ကို ပြောဆိုသည် မည်ရာအံ့လောဟု (မေး၏)။

အသျှင်ဘုရား အမှန်ပြောဆိုသည် မမည်ပါ။ အဘယ့်ကြောင့်နည်းဟူမူ— အသျှင်ဘုရား ကျွမ်းကျင် သော နွားသတ်သမားသည်လည်းကောင်း၊ နွားသတ်သမား၏ တပည့်သည်လည်းကောင်း နွားကို သတ်၍ ထက်စွာသော သားလှီးဓားဖြင့် အတွင်းဖြစ်သော အသားကိုယ်ထည်ကို မပျက်စေမူ၍ အပဖြစ်သော အရေ ကိုယ်ထည်ကို မပျက်စေမူ၍ နွားကို လှီးဖြတ်ရာ၏၊ ထိုလှီးဖြတ်ရာ၌ ထိုထိုကြား အမြှေးကြား အကြော ကြား အစပ်ကိုသာလျှင် ထက်စွာသော သားလှီးဓားဖြင့် ဖြတ်ရာ၏၊ တောက်ရာ၏၊ လှီးရာ၏၊ ထက်ဝန်း ကျင် လှီးရာ၏၊ ဖြတ်၍ တောက်၍ လှီး၍ ထက်ဝန်ကျင် လှီး၍ အပဖြစ်သော အရေကိုယ်ထည်ကို ခွါ၍ ထိုအရေကိုယ်ထည်ဖြင့်ပင်လျှင် ထိုနွားကို ဖုံး၍ “ဤနွားသည် ထိုရှေးအတိုင်းပင် ဤအရေနှင့်သာလျှင် ဆက်စပ်နေ၏”ဟု အကယ်၍ကား ထိုသူ ဆို၏၊ ထိုသို့ပင်ဆိုသော်လည်း ထိုနွားသည် ထိုအရေနှင့် မဆက် စပ်ပါဟု (လျှောက်ကြကုန်၏)။

နှမတို့ အနက်အဓိပ္ပါယ်ကို သိစေခြင်းငှါ ငါသည် ဤဥပမာကို ပြုအပ်၏၊ ဤဥပမာ၌ ဤဆို လတ္တံ့သည်ကား အနက်အဓိပ္ပါယ်တည်း၊ နှမတို့ “အတွင်းဖြစ်သော အသားကိုယ်ထည်” ဟူသော ဤ အမည်သည် ခြောက်ပါးကုန်သော အဇ္ဈတ္တိကာယတနတို့၏ အမည်တည်း။ နှမတို့ “အပဖြစ်သော အရေ ကိုယ်ထည်” ဟူသော ဤအမည်သည် ခြောက်ပါးကုန်သော ဗာဟိရာယတနတို့၏ အမည်တည်း။ နှမတို့ “ကြား အမြှေးကြား အကြောကြား အစပ်”ဟူသော ဤအမည်သည် နှစ်သက်ခြင်း နန္ဒီရာဂ၏ အမည် တည်း။ နှမတို့ “ထက်စွာသော သားလှီးဓား”ဟူသော ဤအမည်သည် မြတ်သော မဂ်ပညာ၏ အမည် တည်း။ ဤမြတ်သော မဂ်ပညာသည် အကြား၌ဖြစ်သော ကိလေသာ အကြား၌ဖြစ်သော သံယောဇဉ် အကြား၌ဖြစ်သော အစပ်တို့ကို ဖြတ်၏၊ တောက်၏၊ လှီး၏၊ ထက်ဝန်းကျင် လှီး၏။

၄၁၄။ နှမတို့ ဗောဇ္ဈင်တို့သည် ဤခုနစ်ပါးတို့တည်း၊ ရဟန်းသည် ယင်းဗောဇ္ဈင်တို့ကို ပွါးသည်၏ အဖြစ်ကြောင့် ကြိမ်ဖန်များစွာ လေ့လာသည်၏အဖြစ်ကြောင့် အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါမရှိသော လွတ်မြောက်သောစိတ် လွတ်မြောက်သောပညာကို မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ ပြည့်စုံစေ၍နေ၏။ ခုနစ်ပါးတို့သည် အဘယ်တို့နည်း၊ နှမတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ခြင်း ‘ဝိဝေက’ ၌ မှီသော တပ်စွန်းမှု ‘ရာဂ’ ကင်းရာ၌ မှီသော ချုပ်ရာ ‘နိရောဓ’ ၌ မှီသော (ကိလေသာကို) စွန့်လွှတ်မှု နိဗ္ဗာန်သို့ ပြေးဝင်မှု ‘ဝေါဿဂ္ဂ’ကို ရင့် ကျက်စေတတ်သော သတိသမ္ဗောဇ္ဈင်ကို ပွါး၏။ ဓမ္မဝိစယသမ္ဗောဇ္ဈင်ကို ပွါး၏။ပ။ ဝီရိယသမ္ဗောဇ္ဈင်ကို ပွါး၏။ပ။ ပီတိသမ္ဗောဇ္ဈင်ကို ပွါး၏။ပ။ ပဿဒ္ဓိသမ္ဗောဇ္ဈင်ကို ပွါး၏။ပ။ သမာဓိသမ္ဗောဇ္ဈင်ကို ပွါး၏။ ဆိတ်ခြင်း ‘ဝိဝေက’ ၌ မှီသော တပ်စွန်းမှု ‘ရာဂ’ ကင်းရာ၌ မှီသော ချုပ်ရာ ‘နိရောဓ’ ၌ မှီသော ကိလေသာ စွန့်လွှတ်မှု နိဗ္ဗာန်သို့ ပြေးဝင်မှု ‘ဝေါဿဂ္ဂ’ ကို ရင့်ကျက်စေတတ်သော ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွါး၏။ နှမတို့ ဗောဇ္ဈင်ခုနစ်ပါးတို့သည် ဤသည်တို့တည်း။

ရဟန်းသည် ယင်းဗောဇ္ဈင်တို့ကို ပွါးသည်၏ အဖြစ်ကြောင့် ကြိမ်ဖန်များစွာ လေ့လာသည်၏ အဖြစ်ကြောင့် အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါမရှိသော လွတ်မြောက်သောစိတ် လွတ် မြောက်သောပညာကို မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ ပြည့်စုံ စေ၍နေ၏ဟု (မိန့်ဆို၏)။

၄၁၅။ ထိုအခါ၌ အသျှင်နန္ဒကသည် ထိုရဟန်းမိန်းမတို့ကို ဤအဆုံးအမဖြင့် ဆုံးမ၍ “နှမတို့ သွားချိန်တန်ပြီ၊ သွားကြကုန်လော့”ဟု (ဆို၍) လွှတ်လိုက်၏။ ထိုအခါ ထိုရဟန်းမိန်းမတို့သည် အသျှင် နန္ဒက၏ တရားစကားကို အလွန်နှစ်သက် ဝမ်းမြောက်ကြကုန်၍ နေရာမှထကုန်လျက် အသျှင်နန္ဒကကို ရှိခိုးပြီးလျှင် အရိုအသေပြုကာ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကုန်၏၊ ချဉ်းကပ်၍ ရိုသေစွာ ရှိခိုးပြီးလျှင် သင့်လျှော်ရာ၌ ရပ်တည်ကုန်၏၊ သင့်လျော်ရာ၌ ရပ်တည်ကုန်သော ထိုရဟန်းမိန်းမတို့ကို မြတ်စွာဘုရား့သည် “ရဟန်းမိန်းမတို့ သွားချိန် တန်ပြီ၊ သွားကြကုန်လော့”ဟု ဤစကားကို မိန့်တော်မူ၏။ ထိုအခါ ထိုရဟန်းမိန်းမတို့သည် မြတ်စွာဘုရားကို ရှိခိုးကုန်၍ အရိုအသေပြု ပြီးလျှင် ဖဲသွားကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ထိုရဟန်းမိန်မတို့ ဖဲသွား၍ မကြာမီ ရဟန်းတို့ကို “ရဟန်းတို့ ဥပမာအားဖြင့် တစ်ဆယ့်ငါးရက်မြောက်ဖြစ်သော ထိုဥပုသ်နေ့၌ လသည် ယုတ်လျော့ လေသလော၊ ပြည့်လေသလော’ဟု များစွာသော လူအပေါင်းအား ယုံမှားခြင်း တွေးတောခြင်းသည် မဖြစ်၊ စင်စစ်သော်ကား လသည် ပြည့်သည်သာ ဖြစ်သကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် ထိုရဟန်းမိန်းမတို့သည် နန္ဒက၏ တရား ဒေသနာ၌ ဝမ်းမြောက်သော စိတ်ရှိကုန်သည်လည်းကောင်း၊ ပြည့်စုံသော အကြံအစည်ရှိကုန်သည်လည်း ကောင်း ဖြစ်ကုန်၏။ ရဟန်းတို့ ထိုရဟန်းမိန်မ ငါးရာတို့တွင် အကြင်ရဟန်းမိန်မတို့သည် (ဂုဏ်အား ဖြင့်) အငယ်ဆုံးဖြစ်ကုန်၏၊ ထိုရဟန်းမိန်းမတို့သည် သောတာပန်တို့တည်း၊ ဖရိုဖရဲကျခြင်း သဘောမရှိ ကုန်၊ မြဲကုန်၏၊ အထက်မဂ်သုံးပါးလျှင်လည်းလျောင်းရာရှိကုန်၏”ဟု (မိန့်တော်မူ၏)။

မြတ်စွာဘုရားသည် ဤတရားဒေသနာတော်ကို ဟောတော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ တရားဒေသနာတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာနှစ်သက်ကုန်ပြီ။

လေးခုမြောက် နန္ဒကောဝါဒသုတ် ပြီး၏။