မဇ္ဈိမနိကာယ်

၆—ဆဆက္ကသုတ်

၄၂ဝ။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန် ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့” ဟူ၍ မိန့်တော်မူ၏။ “အသျှင်ဘုရား” ဟူ၍ ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထား ကုန်၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏—“ရဟန်းတို့ သင်တို့အား ဆက္ကခြောက်ပါး ဟူသော အစ၏ကောင်းခြင်းရှိသော အလယ်၏ ကောင်းခြင်းရှိသော အဆုံး၏ကောင်းခြင်းရှိသော အနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့်ပြည့်စုံသော တရားကို ဟောအံ့၊ အလုံးစုံပြည့်စုံသော ထက်ဝန်းကျင် စင်ကြယ်သော မြတ်သောအကျင့်ကို ပြပေအံ့၊ ထိုတရားကို နာကုန်လော့၊ ကောင်းစွာနှလုံးသွင်းကုန်လော့၊ ဟောပေအံ့”ဟု (မိန့်တော်မူ၏)။ “မြတ်စွာဘုရား ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ဤတရားစကားကို ဟောတော်မူ၏—

ခြောက်ပါးသော အဇ္ဈတ္တိကာယတနတို့ကို သိရမည်၊ ခြောက်ပါးသော ဗာဟိရာယတနတို့ကို သိရ မည်၊ ခြောက်ပါးသော ဝိညာဏ်အပေါင်းတို့ကို သိရမည်၊ ခြောက်ပါးသော ဖဿအပေါင်းတို့ကို သိရမည်၊ ခြောက်ပါးသော ဝေဒနာအပေါင်းတို့ကို သိရမည်၊ ခြောက်ပါးသော တဏှာအပေါင်းတို့ကို သိရမည်။

၄၂၁။ “ခြောက်ပါးသော အဇ္ဈတ္တိကာယတနတို့ကို သိရမည်” ဟူသော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုခဲ့သနည်း။ စက္ခာယတန သောတာယတန ဃာနာယတန ဇိဝှါယတန ကာယာယတန မနာယတန တို့တည်း။ “ခြောက်ပါးသော အဇ္ဈတ္တိကာယတနတို့ကို သိရမည်” ဟူသော ထိုစကားကို ဤဆိုခဲ့ပြီးသည်ကို စွဲ၍ ဆိုခဲ့၏။ ဤကား ပဌမဆက္ကတည်း။ (၁)

“ခြောက်ပါးသော ဗာဟိရာယတနတို့ကို သိရမည်” ဟူသော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုခဲ့ သနည်း။ ရူပါယတန သဒ္ဒါယတန ဂန္ဓာယတန ရသာယတန ဖောဋ္ဌဗ္ဗာယတန ဓမ္မာယတနတို့တည်း။ “ခြောက်ပါးသော ဗာဟိရာယတနတို့ကို သိရမည်”ဟူသော ထိုစကားကို ဤဆိုခဲ့ပြီးသည်ကို စွဲ၍ ဆိုခဲ့၏။ ဤကား ဒုတိယဆက္ကတည်း။ (၂)

“ခြောက်ပါးသော ဝိညာဏ်အပေါင်းတို့ကို သိရမည်”ဟူသော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုခဲ့ သနည်း။ စက္ခုဒွါရနှင့် ရူပါရုံကိုစွဲ၍ စက္ခုဝိညာဏ်သည် ဖြစ်၏၊ သောတဒွါရနှင့် သဒ္ဒါရုံကို စွဲ၍ သောတ ဝိညာဏ်သည် ဖြစ်၏၊ ဃာနဒွါရနှင့် ဂန္ဓာရုံကို စွဲ၍ ဃာနဝိညာဏ်သည် ဖြစ်၏၊ ဇိဝှါဒွါရနှင့် ရသာရုံကို စွဲ၍ ဇိဝှါဝိညာဏ်သည် ဖြစ်၏၊ ကာယဒွါရနှင့် ဖောဋ္ဌဗ္ဗာရုံကို စွဲ၍ ကာယဝိညာဏ်သည် ဖြစ်၏၊ မနောဒွါရနှင့် ဓမ္မာရုံကို စွဲ၍ မနောဝိညာဏ်သည် ဖြစ်၏။ “ခြောက်ပါးသော ဝိညာဏ်အပေါင်းတို့ကို သိရမည်”ဟူသော ထိုစကားကို ဤဆိုခဲ့ပြီးသည်ကို စွဲ၍ ဆိုခဲ့၏။ ဤကား တတိယဆက္ကတည်း။ (၃)

“ခြောက်ပါးသော ဖဿအပေါင်းတို့ကို သိရမည်”ဟူသော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုခဲ့သ နည်း။ စက္ခုဒွါရနှင့် ရူပါရုံကို စွဲ၍ စက္ခုဝိညာဏ်သည် ဖြစ်၏၊ သုံးပါးတို့၏ ပေါင်းဆုံခြင်းကြောင့် ဖဿ သည် ဖြစ်၏၊ သောတဒွါရနှင့် သဒ္ဒါရုံကို စွဲ၍ သောတဝိညာဏ်သည် ဖြစ်၏၊ သုံးပါးတို့၏ ပေါင်းဆုံခြင်း ကြောင့်ဖဿသည် ဖြစ်၏၊ ဃာနဒွါရနှင့် ဂန္ဓာရုံကို စွဲ၍ ဃာနဝိညာဏ်သည် ဖြစ်၏၊ သုံးပါးတို့၏ ပေါင်း ဆုံခြင်းကြောင့် ဖဿသည် ဖြစ်၏၊ ဇိဝှါဒွါရနှင့် ရသာရုံကို စွဲ၍ ဇိဝှါဝိညာဏ်သည် ဖြစ်၏၊ သုံးပါးတို့၏ ပေါင်းဆုံခြင်းကြောင့် ဖဿသည် ဖြစ်၏၊ ကာယဒွါရနှင့် ဖောဋ္ဌဗ္ဗာရုံကို စွဲ၍ ကာယဝိညာဏ်သည် ဖြစ်၏၊ သုံးပါးတို့၏ ပေါင်းဆုံခြင်းကြောင့် ဖဿသည် ဖြစ်၏၊ မနောဒွါရနှင့် ဓမ္မာရုံကို စွဲ၍ မနောဝိညာဏ်သည် ဖြစ်၏။ သုံးပါးတို့၏ ပေါင်းဆုံခြင်းကြောင့် ဖဿသည် ဖြစ်၏၊ “ခြောက်ပါးသော ဖဿအပေါင်းတို့ကို သိရမည်”ဟူသော ထိုစကားကို ဤဆိုခဲ့ပြီးသည်ကို စွဲ၍ ဆိုခဲ့၏။ ဤကား စတုတ္ထဆက္ကတည်း။ (၄)

“ခြောက်ပါးသော ဝေဒနာအပေါင်းတို့ကို သိရမည်” ဟူသော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုခဲ့သ နည်း။ စက္ခုဒွါရနှင့် ရူပါရုံကို စွဲ၍ စက္ခုဝိညာဏ်သည် ဖြစ်၏၊ သုံးပါးတို့၏ ပေါင်းဆုံခြင်းကြောင့် ဖဿ သည် ဖြစ်၏၊ ဖဿဟူသော အကြောင်းကြောင့် ဝေဒနာသည် ဖြစ်၏၊ သောတဒွါရနှင့် သဒ္ဒါရုံကို စွဲ၍ သောတဝိညာဏ်သည် ဖြစ်၏၊ သုံးပါးတို့၏ ပေါင်းဆုံခြင်းကြောင့် ဖဿသည် ဖြစ်၏၊ ဖဿဟူသော အကြောင်းကြောင့် ဝေဒနာသည် ဖြစ်၏၊ ဃာနဒွါရနှင့် ဂန္ဓာရုံကို စွဲ၍ ဃာနဝိညာဏ်သည် ဖြစ်၏၊ သုံးပါး တို့၏ ပေါင်းဆုံခြင်းကြောင့် ဖဿသည် ဖြစ်၏၊ ဖဿဟူသော အကြောင်းကြောင့် ဝေဒနာသည် ဖြစ်၏၊ ဇိဝှါဒွါရနှင့် ရသာရုံကို စွဲ၍ ဇိဝှါဝိညာဏ်သည် ဖြစ်၏၊ သုံးပါးတို့၏ ပေါင်းဆုံခြင်းကြောင့် ဖဿသည် ဖြစ်၏၊ ဖဿဟူသော အကြောင်းကြောင့် ဝေဒနာသည် ဖြစ်၏၊ ကာယဒွါရနှင့် ဖောဋ္ဌဗ္ဗာရုံကို စွဲ၍ ကာယ ဝိညာဏ်သည် ဖြစ်၏၊ သုံးပါးတို့၏ ပေါင်းဆုံခြင်းကြောင့် ဖဿသည် ဖြစ်၏၊ ဖဿဟူသော အကြောင်း ကြောင့် ဝေဒနာသည် ဖြစ်၏၊ မနောဒွါရနှင့် ဓမ္မာရုံကို စွဲ၍ မနောဝိညာဏ်သည် ဖြစ်၏။ သုံးပါးတို့၏ ပေါင်းဆုံခြင်းကြောင့် ဖဿသည် ဖြစ်၏၊ ဖဿဟူသော အကြောင်းကြောင့် ဝေဒနာသည် ဖြစ်၏၊ “ခြောက်ပါးသော ဝေဒနာအပေါင်းတို့ကို သိရမည်”ဟူသော ထိုစကားကို ဤဆိုခဲ့ပြီးသည်ကို စွဲ၍ ဆိုခဲ့၏။ ဤကား ပဉ္စမဆက္ကတည်း။ (၅)

“ခြောက်ပါးသော တဏှာအပေါင်းတို့ကို သိရမည်” ဟူသော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုခဲ့သ နည်း။ စက္ခုဒွါရနှင့် ရူပါရုံကို စွဲ၍ စက္ခုဝိညာဏ်သည် ဖြစ်၏၊ သုံးပါးတို့၏ ပေါင်းဆုံခြင်းကြောင့် ဖဿ သည် ဖြစ်၏၊ ဖဿဟူသော အကြောင်းကြောင့် ဝေဒနာသည် ဖြစ်၏၊ ဝေဒနာဟူသော အကြောင်းကြောင့် တဏှာသည် ဖြစ်၏။ သောတဒွါရနှင့် သဒ္ဒါရုံကို စွဲ၍ သောတဝိညာဏ်သည် ဖြစ်၏။ပ။ ဃာနဒွါရနှင့် ဂန္ဓာရုံကို စွဲ၍ ဃာနဝိညာဏ်သည် ဖြစ်၏။ပ။ ဇိဝှါဒွါရနှင့် ရသာရုံကို စွဲ၍ ဇိဝှါဝိညာဏ်သည် ဖြစ်၏။ပ။ ကာယဒွါရနှင့် ဖောဋ္ဌဗ္ဗာရုံကို စွဲ၍ ကာယဝိညာဏ်သည် ဖြစ်၏။ပ။ မနောဒွါရနှင့် ဓမ္မာရုံကို စွဲ၍ မနောဝ ိညာဏ်သည် ဖြစ်၏၊ သုံးပါးတို့၏ ပေါင်းဆုံခြင်းကြောင့် ဖဿသည် ဖြစ်၏၊ ဖဿဟူသော အကြောင်း ကြောင့် ဝေဒနာသည် ဖြစ်၏၊ ဝေဒနာဟူသော အကြောင်းကြောင့် တဏှာသည် ဖြစ်၏။ “ခြောက်ပါးသော တဏှာအပေါင်းတို့ကို သိရမည်”ဟူသော ထိုစကားကို ဤဆိုခဲ့ပြီးသည်ကို စွဲ၍ ဆိုခဲ့၏။ ဤကား ဆဋ္ဌ ဆက္ကတည်း။ (၆)

၄၂၂။ “စက္ခုဒွါရသည် အတ ္တတည်း”ဟု တစ်ဦးတစ်ယောက်သည် ဆိုငြားအံ့၊ ထိုဆိုခြင်းသည် မဖြစ်သင့်၊ စက္ခုဒွါရ၏ ဖြစ်ခြင်းသည်လည်းကောင်း၊ ပျက်ခြင်းသည်လည်းကောင်း ထင်ရှား၏။ အကြင် တရားအား ဖြစ်ခြင်းသည်လည်းကောင်း၊ ပျက်ခြင်းသည်လည်းကောင်း ထင်ရှား၏၊ ထိုတရားကို (အတ္တဟုဆိုခဲ့လျှင်) “ငါ၏ အတ္တသည် ဖြစ်လည်းဖြစ်၏၊ ပျက်လည်းပျက်၏”ဟု ဆိုရာရောက်၏၊ ထို့ကြောင့် “စက္ခုဒွါရသည် အတ္တတည်း”ဟု တစ်ဦးတစ်ယောက်သည် ဆိုငြားအံ့၊ ထိုဆိုခြင်းသည် မဖြစ်သင့်၊ ထို့ကြောင့် စက္ခုဒွါရသည် အနတ ္တတည်း။

“ရူပါရုံတို့သည် အတ္တတည်း”ဟု တစ်ဦးတစ်ယောက်သည် ဆိုငြားအံ့၊ ထိုဆိုခြင်းသည် မဖြစ်သင့်၊ ရူပါရုံတို့အား ဖြစ်ခြင်းသည်လည်းကောင်း၊ ပျက်ခြင်းသည်လည်းကောင်း ထင်ရှား၏။ အကြင်တရားအား ဖြစ်ခြင်းသည်လည်းကောင်း၊ ပျက်ခြင်းသည်လည်းကောင်း ထင်ရှား၏၊ ထိုတရားကို အတ္တဟု ဆိုခဲ့လျှင့်”ငါ၏အတ္တသည် ဖြစ်လည်းဖြစ်၏၊ ပျက်လည်းပျက်၏”ဟု ဆိုရာရောက်၏၊ ထို့ကြောင့် “ရူပါရုံတို့သည် အတ္တတည်း”ဟု တစ်ဦးတစ်ယောက်သည် ဆိုငြားအံ့၊ ထိုဆိုခြင်းသည် မဖြစ်သင့်၊ ထို့ကြောင့် စက္ခုဒွါရ သည် အနတ္တတည်း၊ ရူပါရုံတို့သည် အနတ္တတည်း။

“စက္ခုဝိညာဏ်သည် အတ္တတည်း”ဟု တစ်ဦးတစ်ယောက်သည် ဆိုငြားအံ့၊ ထိုဆိုခြင်းသည် မဖြစ် သင့်၊ စက္ခုဝိညာဏ်အား ဖြစ်ခြင်းသည်လည်းကောင်း၊ ပျက်ခြင်းသည်လည်းကောင်း ထင်ရှား၏။ ဖြစ်ခြင်း သည်လည်းကောင်း၊ ပျက်ခြင်းသည်လည်းကောင်း ထင်ရှားသော ထိုတရားကို (အတ္တဟုဆိုခဲ့လျှင်) “ငါ၏ အတ္တသည် ဖြစ်လည်း ဖြစ်၏၊ ပျက်လည်းပျက်၏”ဟု ဆိုရာရောက်၏၊ ထို့ကြောင့် “စက္ခုဝိညာဏ်သည် အတ္တတည်း”ဟု တစ်ဦးတစ်ယောက်သည် ဆိုငြားအံ့၊ ထိုဆိုခြင်းသည် မဖြစ်သင့်၊ ထို့ကြောင့် စက္ခုဒွါရ သည် အနတ္တတည်း၊ ရူပါရုံတို့သည် အနတ္တတည်း၊ စက္ခုဝိညာဏ်သည် အနတ္တတည်း။

“စက္ခုသမ္ဖဿသည် အတ္တတည်း”ဟု တစ်ဦးတစ်ယောက်သည် ဆိုငြားအံ့၊ ထိုဆိုခြင်းသည် မဖြစ်သင့်၊ စက္ခုသမ္ဖဿအား ဖြစ်ခြင်းသည်လည်းကောင်း၊ ပျက်ခြင်းသည်လည်းကောင်း ထင်ရှား၏။ ဖြစ်ခြင်းသည်လည်းကောင်း၊ ပျက်ခြင်းသည်လည်းကောင်း ထင်ရှားသော ထိုတရားကို (အတ္တဟု ဆိုခဲ့လျှင်) “ငါ၏ အတ္တသည် ဖြစ်လည်း ဖြစ်၏၊ ပျက်လည်းပျက်၏”ဟု ဆိုရာရောက်၏၊ ထို့ကြောင့် “စက္ခုသမ္ဖဿသည် အတ္တတည်း”ဟု တစ်ဦးတစ်ယောက်သည် ဆိုငြားအံ့၊ ထိုဆိုခြင်းသည် မဖြစ်သင့်၊ ထို့ကြောင့် စက္ခုဒွါရသည် အနတ္တတည်း၊ ရူပါရုံတို့သည် အနတ္တတည်း၊ စက္ခုဝိညာဏ်သည် အနတ္တတည်း၊ စက္ခု သမ္ဖဿသည် အနတ္တတည်း။

“ဝေဒနာသည် အတ္တတည်း”ဟု တစ်ဦးတစ်ယောက်သည် ဆိုငြားအံ့၊ ထိုဆိုခြင်းသည် မဖြစ်သင့်၊ ဝေဒနာအား ဖြစ်ခြင်းသည်လည်းကောင်း၊ ပျက်ခြင်းသည်လည်းကောင်း ထင်ရှား၏။ ဖြစ်ခြင်းသည်လည်း ကောင်း၊ ပျက်ခြင်းသည်လည်းကောင်း ထင်ရှားသော ထိုတရားကို (အတ္တဟု ဆိုခဲ့လျှင်) “ငါ၏ အတ္တသည် ဖြစ်လည်းဖြစ်၏၊ ပျက်လည်းပျက်၏”ဟု ဆိုရာရောက်၏၊ ထို့ကြောင့် “ဝေဒနာသည် အတ္တတည်း”ဟု တစ်ဦးတစ်ယောက်သည် ဆိုငြားအံ့၊ ထိုဆိုခြင်းသည် မဖြစ်သင့်၊ ထို့ကြောင့် စက္ခုဒွါရသည် အနတ္တတည်း၊ ရူပါရုံတို့သည် အနတ္တတည်း၊ စက္ခုဝိညာဏ်သည် အနတ္တတည်း၊ စက္ခုသမ္ဖဿသည် အနတ ္တတည်း၊ ဝေဒနာသည် အနတ ္တတည်း။

“တဏှာသည် အတ္တတည်း”ဟု တစ်ဦးတစ်ယောက်သည် ဆိုငြားအံ့၊ ထိုဆိုခြင်းသည် မဖြစ်သင့်၊ တဏှာအား ဖြစ်ခြင်းသည်လည်းကောင်း၊ ပျက်ခြင်းသည်လည်းကောင်း ထင်ရှား၏။ ဖြစ်ခြင်းသည်လည်း ကောင်း၊ ပျက်ခြင်းသည်လည်းကောင်း ထင်ရှားသော ထိုတရားကို (အတ္တဟု ဆိုခဲ့လျှင်) “ငါ၏ အတ္တသည် ဖြစ်လည်းဖြစ်၏၊ ပျက်လည်းပျက်၏”ဟု ဆိုရာရောက်၏၊ ထို့ကြောင့် “တဏှာသည် အတ ္တတည်း”ဟု တစ်ဦးတစ်ယောက်သည် ဆိုငြားအံ့၊ ထိုဆိုခြင်းသည် မဖြစ်သင့်၊ ထို့ကြောင့် စက္ခုဒွါရသည် အနတ္တတည်း၊ ရူပါရုံတို့သည် အနတ္တတည်း၊ စက္ခုဝိညာဏ်သည် အနတ္တတည်း၊ စက္ခုသမ္ဖဿသည် အနတ္တတည်း၊ ဝေဒနာသည် အနတ္တတည်း၊ တဏှာသည် အနတ္တတည်း။

၄၂၃။ “သောတဒွါရသည် အတ္တတည်း”ဟု တစ်ဦးတစ်ယောက်သည် ဆိုငြားအံ့။ပ။ “ဃာနဒွါရ သည် အတ္တတည်း”ဟု တစ်ဦးတစ်ယောက်သည် ဆိုငြားအံ့။ပ။ “ဇိဝှါဒွါရသည် အတ္တတည်း”ဟု တစ်ဦး တစ်ယောက်သည် ဆိုငြားအံ့။ပ။ “ကာရဒွါရသည် အတ ္တတည်း”ဟု တစ်ဦးတစ်ယောက်သည် ဆိုငြားအံ့။ပ။ “မနောဒွါရသည် အတ္တတည်း”ဟု တစ်ဦးတစ်ယောက်သည် ဆိုငြားအံ့၊ ထိုသို့ ဆိုခြင်းသည် မဖြစ် သင့်၊ မနောဒွါရအား ဖြစ်ခြင်းသည်လည်းကောင်း၊ ပျက်ခြင်းသည်လည်းကောင်း ထင်ရှား၏။ ဖြစ်ခြင်းသည်လည်းကောင်း၊ ပျက်ခြင်းသည်လည်းကောင်း ထင်ရှားသော ထိုတရားကို (အတ္တဟု ဆိုခဲ့လျှင်) “ငါ၏ အတ္တသည် ဖြစ်လည်းဖြစ်၏၊ ပျက်လည်းပျက်၏”ဟု ဆိုရာရောက်၏၊ ထို့ကြောင့် “မနောဒွါရသည် အတ္တ တည်း”ဟု တစ်ဦးတစ်ယောက်သည် ဆိုငြားအံ့၊ ထိုဆိုခြင်းသည် မသင့်၊့ထို့ကြောင့် မနောဒွါရသည် အနတ္တတည်း။

“ဓမ္မာရုံတို့သည် အတ္တတည်း”ဟု တစ်ဦးတစ်ယောက်သည် ဆိုငြားအံ့၊ ထိုဆိုခြင်းသည် မဖြစ်သင့်၊ ဓမ္မာရုံအား ဖြစ်ခြင်းသည်လည်းကောင်း၊ ပျက်ခြင်းသည်လည်းကောင်း ထင်ရှား၏။ ဖြစ်ခြင်းသည်လည်း ကောင်း၊ ပျက်ခြင်းသည်လည်းကောင်း ထင်ရှားသော ထိုတရားကို (အတ္တဟု ဆိုခဲ့လျှင်) “ငါ၏ အတ ္တသည် ဖြစ်လည်းဖြစ်၏၊ ပျက်လည်းပျက်၏”ဟု ဆိုရာရောက်၏၊ ထို့ကြောင့် “ဓမ္မာရုံတို့သည် အတ္တတည်း”ဟု တစ်ဦးတစ်ယောက်သည် ဆိုငြားအံ့၊ ထိုဆိုခြင်းသည် မဖြစ်သင့်၊ ထို့ကြောင့် မနောဒွါရသည် အနတ္တ တည်း၊ ဓမ္မာရုံတို့သည် အနတ္တတည်း။

“မနောဝိညာဏ်သည် အတ္တတည်း”ဟု တစ်ဦးတစ်ယောက်သည် ဆိုငြားအံ့၊ ထိုဆိုခြင်းသည် မဖြစ်သင့်၊ မနောဝိညာဏ်အား ဖြစ်ခြင်းသည်လည်းကောင်း၊ ပျက်ခြင်းသည်လည်းကောင်း ထင်ရှား၏။ ဖြစ်ခြင်းသည်လည်းကောင်း၊ ပျက်ခြင်းသည်လည်းကောင်း ထင်ရှားသော ထိုတရားကို (အတ္တဟု ဆိုခဲ့လျှင်) “ငါ၏ အတ္တသည် ဖြစ်လည်းဖြစ်၏၊ ပျက်လည်းပျက်၏”ဟု ဆိုရာရောက်၏၊ ထို့ကြောင့် “မနောဝိညာဏ် သည် အတ္တတည်း”ဟု တစ်ဦးတစ်ယောက်သည် ဆိုငြားအံ့၊ ထိုဆိုခြင်းသည် မဖြစ်သင့်၊ ထို့ကြောင့် မနောဒွါရသည် အနတ္တတည်း၊ ဓမ္မာရုံတို့သည် အနတ္တတည်း၊ မနောဝိညာဏ်သည် အနတ္တတည်း။

“မနောသမ္ဖဿသည် အတ္တတည်း”ဟု တစ်ဦးတစ်ယောက်သည် ဆိုငြားအံ့၊ ထိုဆိုခြင်းသည် မဖြစ် သင့်၊ မနောသမ္ဖဿအား ဖြစ်ခြင်းသည်လည်းကောင်း၊ ပျက်ခြင်းသည်လည်းကောင်း ထင်ရှား၏။ ဖြစ်ခြင်း သည်လည်းကောင်း၊ ပျက်ခြင်းသည်လည်းကောင်း ထင်ရှားသော ထိုတရားကို (အတ္တဟု ဆိုခဲ့လျှင်) “ငါ၏ အတ္တသည် ဖြစ်လည်း ဖြစ်၏၊ ပျက်လည်းပျက်၏”ဟု ဆိုရာရောက်၏၊ ထို့ကြောင့် “မနောသမ္ဖဿသည် အတ္တတည်း”ဟု တစ်ဦးတစ်ယောက်သည် ဆိုငြားအံ့၊ ထိုဆိုခြင်းသည် မသင့်၊ ထို့ကြောင့် မနောဒွါရသည် အနတ္တတည်း၊ ဓမ္မာရုံတို့သည် အနတ္တတည်း၊ မနောဝိညာဏ်သည် အနတ္တတည်း၊ မနောသမ္ဖဿသည် အနတ္တတည်း။

“ဝေဒနာသည် အတ ္တတည်း”ဟု တစ်ဦးတစ်ယောက်သည် ဆိုငြားအံ့၊ ထိုဆိုခြင်းသည် မဖြစ်သင့်၊ ဝေဒနာအား ဖြစ်ခြင်းသည်လည်းကောင်း၊ ပျက်ခြင်းသည်လည်းကောင်း ထင်ရှား၏။ ဖြစ်ခြင်းသည်လည်း ကောင်း၊ ပျက်ခြင်းသည်လည်းကောင်း ထင်ရှားသော ထိုတရားကို (အတ္တဟု ဆိုခဲ့လျှင်) “ငါ၏ အတ ္တသည် ဖြစ်လည်း ဖြစ်၏၊ ပျက်လည်းပျက်၏”ဟု ဆိုရာရောက်၏၊ ထို့ကြောင့် “ဝေဒနာသည် အတ္တတည်း”ဟု တစ်ဦးတစ်ယောက်သည် ဆိုငြားအံ့၊ ထိုဆိုခြင်းသည် မဖြစ်သင့်၊ ထို့ကြောင့် မနောဒွါရသည် အနတ္တ တည်း၊ ဓမ္မာရုံတို့သည် အနတ္တတည်း၊ မနောဝိညာဏ်သည် အနတ္တတည်း၊ မနောသမ္ဖဿသည် အနတ္တ တည်း၊ ဝေဒနာသည် အနတ္တတည်း။

“တဏှာသည် အတ္တတည်း”ဟု တစ်ဦးတစ်ယောက်သည် ဆိုငြားအံ့၊ ထိုဆိုခြင်းသည် မဖြစ်သင့်၊ တဏှာအား ဖြစ်ခြင်းသည်လည်းကောင်း၊ ပျက်ခြင်းသည်လည်းကောင်း ထင်ရှား၏။ ဖြစ်ခြင်းသည်လည်း ကောင်း၊ ပျက်ခြင်းသည်လည်းကောင်း ထင်ရှားသော ထိုတရားကို (အတ္တဟု ဆိုခဲ့လျှင်) “ငါ၏ အတ္တသည် ဖြစ်လည်း ဖြစ်၏၊ ပျက်လည်းပျက်၏”ဟု ဆိုရာရောက်၏၊ ထို့ကြောင့် “တဏှာသည် အတ္တတည်း”ဟု တစ်ဦးတစ်ယောက်သည် ဆိုငြားအံ့၊ ထိုဆိုခြင်းသည် မဖြစ်သင့်၊ ထို့ကြောင့် မနောဒွါရသည် အနတ္တ တည်း၊ ဓမ္မာရုံတို့သည် အနတ္တတည်း၊ မနောဝိညာဏ်သည် အနတ္တတည်း၊ မနောသမ္ဖဿသည် အနတ္တ တည်း၊ ဝေဒနာသည် အနတ္တတည်း၊ တဏှာသည် အနတ္တတည်း။

၄၂၄။ ရဟန်းတို့ ဤဆိုလတ္တံ့သည်ကား သက္ကာယဖြစ်ခြင်းသို့ ရောက်ကြောင်းဖြစ်သော အကျင့် တည်း၊ စက္ခုဒွါရကို “ဤစက္ခုဒွါရသည် ငါ့ဟာတည်း၊ ဤစက္ခုဒွါရသည် ငါတည်း၊ ဤစက္ခုဒွါရသည် ငါ၏ ကိုယ်ပိုင်တည်း”ဟု ရှု၏။ ရူပါရုံတို့ကို “ဤရူပါရုံသည် ငါ့ဟာတည်း၊ ဤရူပါရုံသည် ငါတည်း၊ ဤရူပါရုံ့သည် ငါ၏ ကိုယ် ‘အတ္တ’ တည်း”ဟု ရှု၏။ စက္ခုဝိညာဏ်ကို “ဤစက္ခုဝိညာဏ်သည် ငါ့ဟာတည်း၊ ဤစက္ခုဝိညာဏ်သည် ငါတည်း၊ ဤစက္ခုဝိညာဏ်သည် ငါ၏ ကိုယ် ‘အတ္တ’ တည်း”ဟု ရှု၏။ စက္ခု သမ္ဖဿကို “ဤစက္ခုသမ္ဖဿသည် ငါ့ဟာတည်း၊ ဤစက္ခုသမ္ဖဿသည် ငါတည်း၊ ဤစက္ခုသမ္ဖဿသည် ငါ၏ ကိုယ် ‘အတ္တ’ တည်း”ဟု ရှု၏။ ဝေဒနာကို “ဤဝေဒနာသည် ငါ့ဟာတည်း၊ ဤဝေဒနာသည် ငါတည်း၊ ဤဝေဒနာသည် ငါ၏ ကိုယ်’အတ္တ’တည်း”ဟု ရှု၏။ တဏှာကို “ဤတဏှာသည် ငါ့ဟာတည်း၊ ဤတဏှာသည် ငါတည်း၊ ဤတဏှာသည် ငါ၏ ကိုယ် ‘အတ္တ’ တည်း”ဟု ရှု၏။ သောတဒွါရကို “ဤ သောတဒွါရသည် ငါ့ဟာတည်း၊ ဤသောတဒွါရသည် ငါတည်း၊ ဤသောတဒွါရသည် ငါ၏ ကိုယ် ‘အတ္တ’ တည်း”ဟု ရှု၏။ပ။ ဃာနဒွါရကို “ဤဃာနဒွါရသည် ငါ့ဟာတည်း၊ ဤဃာနဒွါရသည် ငါတည်း၊ ဤဃာနဒွါရသည် ငါ၏ ကိုယ် ‘အတ္တ’ တည်း”ဟု ရှု၏။ပ။ ဇိဝှါဒွါရကို “ဤဇိဝှါဒွါရသည် ငါ့ဟာတည်း၊ ဤ ဇိဝှါဒွါရသည် ငါတည်း၊ ဤဇိဝှါဒွါရသည် ငါ၏ ကိုယ် ‘အတ္တ’တည်း”ဟု ရှု၏။ပ။ ကာယဒွါရကို “ဤ ကာယဒွါရသည် ငါ့ဟာတည်း၊ ဤကာယဒွါရသည် ငါတည်း၊ ဤကာယဒွါရသည် ငါ၏ ကိုယ် ‘အတ္တ’ တည်း”ဟု ရှု၏။ပ။ မနောဒွါရကို “ဤမနောဒွါရသည် ငါ့ဟာတည်း၊ ဤမနောဒွါရသည် ငါတည်း၊ ဤမနောဒွါရသည် ငါ၏ ကိုယ် ‘အတ္တ’တည်း”ဟု ရှု၏။ ဓမ္မာရုံတို့ကို “ဤဓမ္မာရုံသည် ငါ့ဟာတည်း၊ ဤဓမ္မာရုံသည် ငါတည်း၊ ဤဓမ္မာရုံသည် ငါ၏ ကိုယ် ‘အတ္တ’ တည်း”ဟု ရှု၏။ မနောဝိညာဏ်ကို “ဤ မနော ဝိညာဏ်သည် ငါ့ဟာတည်း၊ ဤမနောဝိညာဏ်သည် ငါတည်း၊ ဤမနောဝိညာဏ်သည် ငါ၏ ကိုယ်ပိုင်တည်း”ဟု ရှု၏။ မနောသမ္ဖဿကို “ဤမနောသမ္ဖဿသည် ငါ့ဟာတည်း၊ ဤမနောသမ္ဖဿ သည် ငါတည်း၊ ဤမနောသမ္ဖဿသည် ငါ၏ ကိုယ် ‘အတ္တ’တည်း”ဟု ရှု၏။ ဝေဒနာကို “ဤဝေဒနာသည် ငါ့ဟာတည်း၊ ဤဝေဒနာသည် ငါတည်း၊ ဤဝေဒနာသည် ငါ၏ ကိုယ် ‘အတ္တ’တည်း”ဟု ရှု၏။ တဏှာကို “ဤတဏှာသည် ငါ့ဟာတည်း၊ ဤတဏှာသည် ငါတည်း၊ ဤတဏှာသည် ငါ၏ ကိုယ် ‘အတ္တ’တည်း”ဟု ရှု၏။

ရဟန်းတို့ ဤဆိုလတ္တံ့သည်ကား သက္ကာယ ချုပ်ခြင်းသို့ ရောက်ကြောင်းအကျင့်တည်း၊ စက္ခုဒွါရကို “ဤစက္ခုဒွါရသည် ငါ့ဟာမဟုတ်၊ ဤစက္ခုဒွါရသည် ငါမဟုတ်၊ ဤစက္ခုဒွါရသည် ငါ၏ ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှု၏။ ရူပါရုံတို့ကို “ဤရူပါရုံသည် ငါ့ဟာမဟုတ်၊ ဤရူပါရုံသည် ငါမဟုတ်၊ ဤရူပါရုံသည် ငါ၏ ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှု၏။ စက္ခုဝိညာဏ်ကို “ဤစက္ခုဝိညာဏ်သည် ငါ့ဟာမဟုတ်၊ ဤစက္ခု ဝိညာဏ်သည် ငါမဟုတ်၊ ဤစက္ခုဝိညာဏ်သည် ငါ၏ ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှု၏။ စက္ခုသမ္ဖဿကို “ဤစက္ခုသမ္ဖဿသည် ငါ့ဟာမဟုတ်၊ ဤစက္ခုသမ္ဖဿသည် ငါမဟုတ်၊ ဤစက္ခုသမ္ဖဿသည် ငါ၏ ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှု၏။ ဝေဒနာကို “ဤဝေဒနာသည် ငါ့ဟာမဟုတ်၊ ဤဝေဒနာသည် ငါမဟုတ်၊ ဤဝေဒနာသည် ငါ၏ ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှု၏။ တဏှာကို “ဤတဏှာသည် ငါ့ဟာမဟုတ်၊ ဤ တဏှာသည် ငါမဟုတ်၊ ဤတဏှာသည် ငါ၏ ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှု၏။

သောတဒွါရကို “ဤသောတဒွါရသည် ငါ့ဟာမဟုတ်၊ ဤသောတဒွါရသည် ငါမဟုတ်၊ ဤသောတဒွါရ သည် ငါ၏ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှု၏။ပ။ ဃာနဒွါရကို “ဤဃာနဒွါရသည် ငါ့ဟာမဟုတ်၊ ဤဃာနဒွါရ သည် ငါမဟုတ်၊ ဤဃာနဒွါရသည် ငါ၏ ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှု၏။ ဇိဝှါဒွါရကို “ဤဇိဝှါဒွါရသည် ငါ့ဟာမဟုတ်၊ ဤဇိဝှါဒွါရသည် ငါမဟုတ်၊ ဤဇိဝှါဒွါရသည် ငါ၏ ကိုယ် ‘အတ္တ’မဟုတ်”ဟု ရှု၏။ ကာယ ဒွါရကို “ဤကာယဒွါရသည် ငါ့ဟာမဟုတ်၊ ဤကာယဒွါရသည် ငါမဟုတ်၊ ဤကာယဒွါရသည် ငါ၏ ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှု၏။ မနောဒွါရကို “ဤမနောဒွါရသည် ငါ့ဟာမဟုတ်၊ ဤမနောဒွါရသည် ငါမဟုတ်၊ ဤမနောဒွါရသည် ငါ၏ ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှု၏။ ဓမ္မာရုံတို့ကို “ဤဓမ္မာရုံသည် ငါ့ဟာမဟုတ်၊ ဤဓမ္မာရုံသည် ငါမဟုတ်၊ ဤဓမ္မာရုံသည် ငါ၏့ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှု၏။ မနောဝိညာဏ်ကို “ဤ မနောဝိညာဏ်သည် ငါ့ဟာ မဟုတ်၊ ဤမနောဝိညာဏ်သည် ငါမဟုတ်၊ ဤမနောဝိညာဏ်သည် ငါ၏ ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှု၏။ မနောသမ္ဖဿကို “ဤမနောသမ္ဖဿသည် ငါ့ဟာမဟုတ်၊ ဤမနော သမ္ဖဿသည် ငါမဟုတ်၊ ဤမနောသမ္ဖဿသည် ငါ၏ ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှု၏။ ဝေဒနာကို “ဤဝေဒနာသည် ငါ့ဟာမဟုတ်၊ ဤဝေဒနာသည် ငါမဟုတ်၊ ဤဝေဒနာသည် ငါ၏ ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှု၏။ တဏှာကို “ဤတဏှာသည် ငါ့ဟာမဟုတ်၊ ဤတဏှာသည် ငါမဟုတ်၊ ဤတဏှာ သည် ငါ၏ ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှု၏။

၄၂၅။ ရဟန်းတို့ စက္ခုဒွါရနှင့် ရူပါရုံကို စွဲ၍ စက္ခုဝိညာဏ်သည် ဖြစ်၏၊ သုံးပါးတို့၏ ပေါင်းဆုံ ခြင်းကြောင့် ဖဿသည် ဖြစ်၏၊ ဖဿဟူသော အကြောင်းကြောင့် သုခသော်လည်းကောင်း ဒုက္ခသော်လည်းကောင်း၊ ဥပေက္ခာသော်လည်းကောင်း ဖြစ်သော ဝေဒနာသည် ဖြစ်၏။ ထိုပုဂ္ဂိုလ်သည် သုခဝေဒနာ ဖြင့် တွေ့ထိသည်ရှိသော် နှစ်သက်၏၊ တမ်းတ၏၊ မက်မော၍ တည်၏၊ ထိုပုပ္ဂိုလ်အား ရာဂါနုသယသည် ကိန်း၏။ ဒုက္ခဝေဒနာဖြင့် တွေ့ထိသည်ရှိသော် ပူဆွေး၏၊ ပင်ပန်း၏၊ ငိုကြွေး၏၊ ရင်ဘတ်စည်တီး ငို၏၊ တွေဝေခြင်းသို့ ရောက်၏၊ ထိုပုပ္ဂိုလ်အား ပဋိဃာနုသယသည် ကိန်း၏။ ဥပေက္ခာဝေဒနာဖြင့် တွေ့ထိ သည်ရှိသော် ဝေဒနာ၏ ဖြစ်ပုံကိုလည်းကောင်း၊ ချုပ်ပုံကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်ကြောင်းကိုလည်းကောင်းဟုတ်မှန်စွာ မသိ၊ ထိုပုပ္ဂိုလ်အား အဝိဇ္ဇာ နုသယသည် ကိန်း၏။ ရဟန်းတို့ စင်စစ် ထိုပုဂ္ဂိုလ်သည် သုခဝေဒနာ၌ ရာဂါနုသယကို မပယ်မူ၍ ဒုက္ခဝေဒနာ၌ ပဋိဃာနုသယကို မဖျောက်မူ၍ ဥပေက္ခာဝေဒနာ၌ အဝိဇ္ဇာနုသယကို မနုတ်မူ၍ အဝိဇ္ဇာကို မပယ်ဘဲ ဝိဇ္ဇာကို မဖြစ်စေဘဲ မျက်မှောက်ဘဝ၌ ဆင်းရဲ၏ အဆုံးကို ပြုနိုင်လတ္တံ့ ဟူသော အကြောင်း သည် မရှိ။

ရဟန်းတို့ သောတဒွါရနှင့် သဒ္ဒါရုံကို စွဲ၍ သောတဝိညာဏ်သည် ဖြစ်၏။ပ။ ဃာနဒွါရနှင့် ဂန္ဓာရုံကို စွဲ၍ ဃာနဝိညာဏ်သည် ဖြစ်၏။ပ။ ဇိဝှါဒွါရနှင့် ရသာရုံကို စွဲ၍ ဇိဝှါဝိညာဏ်သည် ဖြစ်၏။ပ။ ကာယ ဒွါရနှင့် ဖောဋ္ဌဗ္ဗာရုံကို စွဲ၍ ကာယဝိညာဏ်သည် ဖြစ်၏။ပ။ ရဟန်းတို့ မနောဒွါရနှင့် ဓမ္မာရုံကို စွဲ၍ မနောဝိညာဏ်သည် ဖြစ်၏။ သုံးပါးတို့၏ ပေါင်းဆုံခြင်းကြောင့် ဖဿသည် ဖြစ်၏၊ ဖဿဟူသော အ ကြောင်းကြောင့် သုခသော်လည်းကောင်း၊ ဒုက္ခသော်လည်းကောင်း၊ ဥပေက္ခာသော်လည်းကောင်း ဖြစ်သော ဝေဒနာသည် ဖြစ်၏။ ထိုပုဂ္ဂိုလ်သည် သုခဝေဒနာဖြင့် တွေ့ထိသည်ရှိသော် နှစ်သက်၏၊ တမ်းတပြော ဆို၏၊ မက်မော၍ တည်၏၊ ထိုပုပ္ဂိုလ်အား ရာဂါနုသယသည် ကိန်း၏။ ဒုက္ခဝေဒနာဖြင့် တွေ့ထိသည် ရှိသော် ပူဆွေး၏၊ ပင်ပန်း၏၊ ငိုကြွေး၏၊ ရင်ဘတ်စည်တီး ငို၏၊ တွေဝေခြင်းသို့ ရောက်၏၊ ထိုပုပ္ဂိုလ် အား ပဋိဃာနုသယသည် ကိန်း၏။ ဥပေက္ခာဝေဒနာဖြင့် တွေ့ထိသည်ရှိသော် ထိုဝေဒနာ၏ ဖြစ်ပုံကိုလည်း ကောင်း၊ ချုပ်ပုံကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက် ကြောင်းကိုလည်းကောင်းဟုတ်မှန်စွာ မသိ၊ ထိုပုပ္ဂိုလ်အား အဝိဇ္ဇာ နုသယသည် ကိန်း၏။ ရဟန်းတို့ စင်စစ် ထိုပုဂ္ဂိုလ်သည် သုခဝေဒနာ၌ ရာဂါနုသယကို မပယ်မူ၍ ဒုက္ခဝေဒနာ၌ ပဋိဃာနုသယကို မဖျောက် မူ၍ ဥပေက္ခာဝေဒနာ၌ အဝိဇ္ဇာနုသယကို မနုတ်မူ၍ အဝိဇ္ဇာကို မပယ်ဘဲ ဝိဇ္ဇာကို မဖြစ်စေဘဲ မျက်မှောက် ဘဝ၌ ဆင်းရဲ၏ အဆုံးကို ပြုနိုင်လတ္တံ့ ဟူသော အကြောင်းသည် မရှိ။

၄၂၆။ ရဟန်းတို့ စက္ခုဒွါရနှင့် ရူပါရုံကို စွဲ၍ စက္ခုဝိညာဏ်သည် ဖြစ်၏၊ သုံးပါးတို့၏ ပေါင်း ဆုံခြင်းကြောင့် ဖဿသည် ဖြစ်၏၊ ဖဿဟူသော အကြောင်းကြောင့် သုခသော်လည်းကောင်း၊ ဒုက္ခသော်လည်းကောင်း၊ ဥပေက္ခာသော်လည်းကောင်း ဖြစ်သော ဝေဒနာသည် ဖြစ်၏။ ထိုပုဂ္ဂိုလ်သည် သုခဝေဒနာ ဖြင့် တွေ့ထိသည်ရှိသော် မနှစ်သက် မတမ်းတ မမက်မောမူ၍ တည်၏၊ ထိုပုပ္ဂိုလ်အား ရာဂါနုသယသည် မကိန်း။ ဒုက္ခဝေဒနာဖြင့် တွေ့ထိသည်ရှိသော် မပူဆွေး မပင်ပန်း မငိုကြွေး၊ ရင်ဘတ်စည်တီး မငို၊့တွေဝေခြင်းသို့ မရောက်၊ ထိုပုပ္ဂိုလ်အား ပဋိဃာနုသယသည် မကိန်း။ ဥပေက္ခာဝေဒနာဖြင့် တွေ့ထိသည် ရှိသော် ထိုဝေဒနာ၏ ဖြစ်ပုံကိုလည်းကောင်း၊ ချုပ်ပုံကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်ကြောင်းကိုလည်းကောင်းဟုတ်မှန်စွာ သိ၏၊ ထိုပုပ္ဂိုလ်အား အဝိဇ္ဇာ နုသယသည် မကိန်း။ ရဟန်းတို့ စင်စစ် ထိုပုဂ္ဂိုလ်သည် သုခဝေဒနာ၌ ရာဂါနုသယကို ပယ်၍ ဒုက္ခ ဝေဒနာ၌ ပဋိဃာနုသယကို ဖျောက်၍ ဥပေက္ခာဝေဒနာ၌ အဝိဇ္ဇာနုသယကို နုတ်၍ အဝိဇ္ဇာကို ပယ်လျက် ဝိဇ္ဇာကို ဖြစ်စေလျက် မျက်မှောက်ဘဝ၌ ဆင်းရဲ၏ အဆုံးကို ပြု နိုင်လတ္တံ့ဟူသော အကြောင်းသည် ရှိ၏။

ရဟန်းတို့ သောတဒွါရနှင့် သဒ္ဒါရုံကို စွဲ၍ သောတဝိညာဏ်သည် ဖြစ်၏။ပ။ ရဟန်းတို့ ဃာနဒွါရနှင့် ဂန္ဓာရုံကို စွဲ၍ ဃာနဝိညာဏ်သည် ဖြစ်၏။ပ။ ရဟန်းတို့ ဇိဝှါဒွါရနှင့် ရသာရုံကို စွဲ၍ ဇိဝှါဝိညာဏ်သည် ဖြစ်၏။ပ။ ရဟန်းတို့ ကာယဒွါရနှင့် ဖောဋ္ဌဗ္ဗာရုံကို စွဲ၍ ကာယဝိညာဏ်သည် ဖြစ်၏။ပ။ ရဟန်းတို့ မနောဒွါရနှင့် ဓမ္မာရုံကို စွဲ၍ မနောဝိညာဏ်သည် ဖြစ်၏၊ သုံးပါးတို့၏ ပေါင်းဆုံခြင်းကြောင့် ဖဿသည် ဖြစ်၏၊ ဖဿဟူသော အကြောင်းကြောင့် သုခသော်လည်းကောင်း၊ ဒုက္ခသော်လည်းကောင်း၊ ဥပေက္ခာသော်လည်းကောင်း ဖြစ်သော ဝေဒနာသည် ဖြစ်၏။ ထိုပုဂ္ဂိုလ်သည် သုခဝေဒနာဖြင့် တွေ့ထိသည်ရှိသော် မနှစ် သက် မတမ်းတ မမက်မောမူ၍ တည်၏၊ ထိုပုပ္ဂိုလ်အား ရာဂါနုသယသည် မကိန်း။ ဒုက္ခဝေဒနာနှင့် တွေ့ထိသည်ရှိသော် မပူဆွေး မပင်ပန်း မငိုကြွေး၊ ရင်ဘတ်စည်တီး မငို၊ တွေဝေခြင်းသို့ မရောက်၊ ထိုပုပ္ဂိုလ်အား ပဋိဃာနုသယသည် မကိန်း။ ဥပေက္ခာဝေဒနာဖြင့် တွေ့ထိသည်ရှိသော် ထိုဝေဒနာ၏ ဖြစ်ပုံ ကိုလည်းကောင်း၊ ချုပ်ပုံကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက် မြောက်ကြောင်းကိုလည်းကောင်းဟုတ်မှန်စွာ သိ၏၊ ထိုပုပ္ဂိုလ်အား အဝိဇ္ဇာနုသယသည် မကိန်း။ ရဟန်း တို့ စင်စစ် ထိုပုဂ္ဂိုလ်သည် သုခဝေဒနာ၌ ရာဂါနုသယကို ပယ်၍ ဒုက္ခဝေဒနာ၌ ပဋိဃာနုသယကို ဖျောက် ၍ ဥပေက္ခာဝေဒနာ၌ အဝိဇ္ဇာနုသယကို နုတ်၍ အဝိဇ္ဇာကို ပယ်လျက် ဝိဇ္ဇာကို ဖြစ်စေလျက် မျက်မှောက် ဘဝ၌ ဆင်းရဲ၏ အဆုံးကို ပြုနိုင်လတ္တံ့ ဟူသော အကြောင်းသည် ရှိ၏။

၄၂၇။ ရဟန်းတို့ ဤသို့ ရှုမြင်သော အကြားအမြင်ရှိသော အရိယာသာဝကသည် စက္ခုဒွါရ၌ ငြီးငွေ့၏၊ ရူပါရုံတို့၌ ငြီးငွေ့၏၊ စက္ခုဝိညာဏ်၌ ငြီးငွေ့၏၊ စက္ခုသမ္ဖဿ၌ ငြီးငွေ့၏၊ ဝေဒနာ၌ ငြီးငွေ့၏၊ တဏှာ၌ ငြီးငွေ့၏၊ သောတဒွါရ၌ ငြီးငွေ့၏၊ သဒ္ဒါရုံတို့၌ ငြီးငွေ့၏။ပ။ ဃာနဒွါရ၌ ငြီးငွေ့၏၊ ဂန္ဓာရုံတို့၌ ငြီးငွေ့၏။ ဇိဝှါဒွါရ၌ ငြီးငွေ့၏၊ ရသာရုံတို့၌ ငြီးငွေ့၏။ ကာယဒွါရ၌ ငြီးငွေ့၏၊ ဖောဋ္ဌဗ္ဗာရုံ တို့၌ ငြီးငွေ့၏။ မနောဒွါရ၌ ငြီးငွေ့၏၊ ဓမ္မာရုံတို့၌ ငြီးငွေ့၏။ မနောဝိညာဏ်၌ ငြီးငွေ့၏၊ မနောသမ္ဖဿ ၌ ငြီးငွေ့၏၊ ဝေဒနာ၌ ငြီးငွေ့၏၊ တဏှာ၌ ငြီးငွေ့၏၊ ငြီးငွေ့သည်ရှိသော် တပ်နှစ်သက်ခြင်း ကင်း၏၊ တပ်နှစ်သက်ခြင်း ကင်းခြင်းကြောင့် ကိလေသာမှ လွတ်၏၊ ကိလေသာမှ လွတ်သော် “ကိလေသာမှ လွတ်ပြီ”ဟု အသိဉာဏ် ဖြစ်၏၊ “ပဋိသန္ဓေနေမှုကုန်ပြီ၊ မြတ်သောအကျင့်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်)ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စအတွက် နောက်ထပ် ပြုဖွယ် မရှိတော့ပြီ”ဟု သိ၏ဟု (မိန့်တော် မူ၏)။

မြတ်စွာဘုရားသည် ဤတရားဒေသနာတော်ကို ဟောတော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ တရားဒေသနာတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာ နှစ်သက်ကုန်ပြီ။ ဤဂါထာမဖက် သက်သက်သော တရားဒေသနာကို ဟောတော်မူသည်ရှိသော် ခြောက်ကျိပ်အတိုင်းအရှည်ရှိကုန်သော ရဟန်းတို့၏ စိတ်တို့ သည် တဏှာဒိဋ္ဌိတို့ဖြင့် တစ်စုံတစ်ခုသော အာရုံကိုမျှ မစွဲလမ်းမူ၍ အာသဝေါတရားတို့မှ လွတ်ကုန်ပြီ။

ခြောက်ခုမြောက် ဆဆက္ကသုတ် ပြီး၏။