မဇ္ဈိမနိကာယ်

၆— မဟာဓမ္မသမာဒါနသုတ်

၄၇၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့” ဟု ခေါ်တော့်မူ၏။ ထိုရဟန်းတို့သည် “အသျှင်ဘုရား” ဟု မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြကုန်၏။ မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏ —

“ရဟန်းတို့ များသောအားဖြင့် သတ္တဝါတို့သည် ‘အလိုမရှိအပ် မနှစ်သက်အပ် စိတ်နှလုံးကိုမပွါးစေတတ်သော တရားတို့ ဆုတ်ယုတ်ကုန်မူ ကောင်းလေစွ၊ အလိုရှိအပ် နှစ်သက်အပ် စိတ်နှလုံးကိုပွါးစေတတ်သော တရားတို့ တိုးပွါးကုန်မူ ကောင်းလေစွ’ဟု ဤသို့လိုလားခြင်း ရှိကုန်၏။ ဤသို့လိုချင်ခြင်း ရှိကုန်၏၊ ဤသို့ ရလိုကုန်၏။ ရဟန်းတို့ ထိုသတ္တဝါတို့အား ဤသို့ လိုလားခြင်းလိုချင်ခြင်း ရလိုခြင်း ရှိကုန်လျက် အလိုမရှိအပ် မနှစ်သက်အပ် စိတ်နှလုံးကို မပွါးစေတတ်သောတရားတို့ တိုးပွါးကုန်၏၊ အလိုရှိအပ် နှစ်သက်အပ် စိတ်နှလုံးကို ပွါးစေတတ်သော တရားတို့ဆုတ်ယုတ်ကုန်၏။ ရဟန်းတို့ ထိုသို့ဖြစ်ရာ၌ သင်တို့သည် အဘယ်အကြောင်းကိုယုံကြည်ကုန်သနည်း” ဟု (မေးတော်မူ၏)။ အသျှင်ဘုရား တပည့်တော်တို့အား တရားတို့သည်မြတ်စွာဘုရားလျှင် အမွန်အစရှိပါကုန်၏၊ မြတ်စွာဘုရားလျှင် ထုတ်ဆောင်ပြတတ်သူ ရှိပါကုန်၏၊ မြတ်စွာဘုရားလျှင် မှီခိုအားထားရာ ရှိပါကုန်၏။ အသျှင်ဘုရား တောင်းပန်ပါ၏၊ ထိုမိန့်ဆိုတော်မူသောတရားစကား၏ အနက်အဓိပ္ပါယ်ကို မြတ်စွာဘုရား သာလျှင် ဝေဖန်ဟောကြားတော်မူပါ၊ မြတ်စွာဘုရားအထံမှ နာကြား၍ ရဟန်းတို့သည် ဆောင်ထားကြပါ ကုန်လိမ့်မည်ဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ ထိုသို့ဖြစ်လျှင် နားထောင်ကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကြကုန်လော့၊ ဟောကြားပေအံ့ဟု (မိန့်တော်မူ၏)။

“အသျှင်ဘုရား ကောင်းပါပြီ” ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြကုန်၏။ မြတ်စွာဘုရားသည် ဤသို့ ဟောကြားတော်မူ၏။

၄၇၄။ ရဟန်းတို့ ဤလောက၌ အရိယာတို့ကို ဖူးမြင်လေ့မရှိ, အရိယာတရား၌ မကျွမ်းကျင်သော,အရိယာတရား၌ ယဉ်ကျေးမှုမရှိသော၊ သူတော်ကောင်းတို့ကို ဖူးမြင်လေ့မရှိ, သူတော်ကောင်းတရား၌မကျွမ်းကျင်သော, သူတော်ကောင်းတရား၌ ယဉ်ကျေးမှုမရှိသော, အကြားအမြင်မရှိသော ပုထုဇ္ဇဉ်သည်မှီဝဲသင့်သော တရား,မမှီဝဲသင့်သောတရားတို့ကို မသိ၊ ဆည်းပူးသင့်သောတရား, မဆည်းပူးသင့်သောတရားတို့ကို မသိ၊ ထိုသူသည် မှီဝဲသင့်သောတရား, မမှီဝဲသင့်သောတရားတို့ကို မသိမူ၍ ဆည်းပူးသင့်သောတရား မဆည်းပူးသင့်သောတရားတို့ကို မသိဘဲ မမှီဝဲသင့်သောတရားတို့ကို မှီဝဲ၏၊ မှီဝဲသင့်သောတရားတို့ကို မမှီဝဲ။ မဆည်းပူးသင့်သောတရားတို့ကို ဆည်းပူး၏၊ ဆည်းပူးသင့်သောတရားတို့ကိုမဆည်းပူး။ မမှီဝဲသင့်သောတရားတို့ကို မှီဝဲ၍ မှီဝဲသင့်သောတရားတို့ကို မမှီဝဲသော မဆည်းပူးသင့်သောတရားတို့ကို ဆည်းပူး၍ ဆည်းပူးသင့်သောတရားတို့ကို မဆည်းပူးသော ထိုသူအား အလိုမရှိအပ်မနှစ်သက်အပ် စိတ်နှလုံးကို မပွါးစေတတ်သောတရားတို့ တိုးပွါးကုန်၏၊ အလိုရှိအပ် နှစ်သက်အပ် စိတ်နှလုံးကို ပွါးစေတတ်သောတရားတို့ ဆုတ်ယုတ်ကုန်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ရဟန်းတို့ ထိုသဘောသည် မသိတတ်သူ လူမိုက်တို့၏ ထုံးတမ်းအတိုင်း ဖြစ်ရမြဲဖြစ်သောကြောင့်တည်း။၁

ရဟန်းတို့ အရိယာတို့ကို ဖူးမြင်လေ့ရှိသော, အရိယာတရား၌ ကျွမ်းကျင်သော, အရိယာတရား၌ယဉ်ကျေးပြီးသော၊ သူတော်ကောင်းတို့ကို ဖူးမြင်လေ့ရှိသော, သူတော်ကောင်းတရား၌ ကျွမ်းကျင်သော,သူတော် ကောင်းတရား၌ ယဉ်ကျေးပြီးသော, အကြားအမြင်ရှိသော မြတ်စွာဘုရား၏ တပည့်သည်မှီဝဲသင့်သောတရား, မမှီဝဲသင့်သောတရားတို့ကို သိ၏၊ ဆည်းပူးသင့်သောတရား, မဆည်းပူးသင့်သောတရားတို့ကို သိ၏။ ထိုသူသည် မှီဝဲသင့်သောတရား, မမှီဝဲသင့်သောတရားတို့ကို သိ၍ ဆည်းပူးသင့်သောတရား, မဆည်းပူးသင့်သောတရားတို့ကို သိ၍ မမှီဝဲသင့်သောတရားတို့ကို မမှီဝဲ၊ မှီဝဲသင့်သောတရားတို့ကို မှီဝဲ၏။ မဆည်းပူးသင့်သောတရားတို့ကို မဆည်းပူး၊ ဆည်းပူးသင့်သောတရားတို့ကို ဆည်းပူး့၏။ မမှီဝဲသင့်သောတရားတို့ကို မမှီဝဲဘဲ မှီဝဲသင့်သော တရားတို့ကို မှီဝဲသော, မဆည်းပူးသင့်သောတရားတို့ကို မဆည်းပူးဘဲ ဆည်းပူးသင့်သောတရားတို့ကို ဆည်းပူးသော ထိုသူအား အလိုမရှိအပ် မနှစ်သက်အပ် စိတ်နှလုံးကို မပွါးစေတတ်သောတရားတို့ ဆုတ်ယုတ်ကုန်၏၊ အလိုရှိအပ် နှစ်သက်အပ် စိတ်နှလုံးကိုပွါးစေတတ်သောတရားတို့ တိုးပွါးကုန်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ရဟန်းတို့ထိုသဘောသည် ပညာရှိလူလိမ္မာတို့၏ ထုံးတမ်းအတိုင်း ဖြစ်ရမြဲဖြစ်သောကြောင့်တည်း။

၄၇၅။ ရဟန်းတို့ တရားဆောက်တည်ခြင်းတို့သည် ဤလေးပါးတို့တည်း။ အဘယ်လေးပါးတို့နည်းဟူမူ— ရဟန်းတို့ ပစ္စုပ္ပန်၌လည်း ဆင်းရဲ နောင်အခါ၌လည်း ဆင်းရဲကျိုးရှိသော တရားဆောက်တည်ခြင်းသည် ရှိ၏၊ ပစ္စုပ္ပန်၌ ချမ်းသာ၍ နောင်အခါ၌ ဆင်းရဲကျိုးရှိသော တရားဆောက်တည်ခြင်းသည်ရှိ၏။ ပစ္စုပ္ပန်၌ ဆင်းရဲ၍ နောင်အခါ၌ ချမ်းသာကျိုးရှိသော တရားဆောက်တည်ခြင်းသည် ရှိ၏။ ပစ္စုပ္ပန်၌လည်း ချမ်းသာ နောင်အခါ၌လည်း ချမ်းသာကျိုးရှိသော တရားဆောက်တည်ခြင်းသည် ရှိ၏။

၄၇၆။ ရဟန်းတို့ ထိုလေးပါးတို့တွင် ပစ္စုပ္ပန်၌လည်း ဆင်းရဲ နောင်အခါ၌လည်း ဆင်းရဲကျိုးရှိသည့်တရားဆောက်တည်ခြင်းကို ပညာမဲ့သူ လူမိုက်သည် မသိမှု ‘အဝိဇ္ဇာ’ ရှိသည်ဖြစ်၍ “ဤတရား ဆောက်တည်ခြင်းသည် ပစ္စုပ္ပန်၌လည်း ဆင်းရဲ နောင်အခါ၌လည်း ဆင်းရဲကျိုးရှိ၏” ဟုဟုတ်တိုင်းမှန်စွာ ခွဲခြား၍မသိ၊ ထိိုုတရား ဆောက်တည်ခြင်းကို ပညာမဲ့သူ လူမိုက်သည် မသိမှု ‘အဝိဇ္ဇာ’ ရှိသည်ဖြစ်၍်ဟုတ်တိုင်းမှန်စွာ ခွဲခြား၍ မသိမှုကြောင့် ထိိုုတရားဆောက်တည်ခြင်းကို မှီဝဲ၏၊ ထိိုုတရားဆောက်တည်ခြင်းကိုမကြဉ်ရှောင်၊ ထိိုုတရား ဆောက်တည်ခြင်းကို မှီဝဲ၍ ထိိုုတရားဆောက်တည်ခြင်းကို မကြဉ်ရှောင်သောထိုသူအား အလိုမရှိအပ် မနှစ်သက်အပ် စိတ်နှလုံးကို မပွါးစေတတ်သောတရားတို့ တိုးပွါးကုန်၏၊ အလိုရှိအပ် နှစ်သက်အပ် စိတ်နှလုံးကို ပွါးစေတတ်သော တရားတို့ ဆုတ်ယုတ်ကုန်။ ထိုသို့ဖြစ်ခြင်းသည်အဘယ်ကြောင့်နည်း၊ ရဟန်းတို့ ထိုသဘောသည် မသိတတ်သူ လူမိုက်တို့၏ ထုံးတမ်းအတိုင်း ဖြစ်ရမြဲဖြစ်သောကြောင့်တည်း။ (၁)

ရဟန်းတို့ ထိုလေးပါးတို့တွင် ပစ္စုပ္ပန်၌ ချမ်းသာ၍ နောက်အခါ၌ ဆင်းရဲကျိုးရှိသည့် တရားဆောက်တည်ခြင်းကို ပညာမဲ့သူ လူမိုက်သည် မသိမှု ‘အဝိဇ္ဇာ’ရှိသည်ဖြစ်၍ “ဤတရားဆောက်တည်ခြင်းသည် ပစ္စုပ္ပန်၌ ချမ်းသာ၍ နောင်အခါ၌ ဆင်းရဲကျိုးရှိ၏” ဟုဟုတ်တိုင်းမှန်စွာ ခွဲခြား၍ မသိ၊ ထိိုုတရား ဆောက်တည်ခြင်းကို ပညာမဲ့သူ လူမိုက်သည်မသိမှု ‘အဝိဇ္ဇာ’ ရှိသည်ဖြစ်၍်ဟုတ်တိုင်းမှန်စွာ ခွဲခြား၍ မသိမှုကြောင့် ထိိုုတရားဆောက်တည်ခြင်းကိုမှီဝဲ၏၊ ထိိုုတရားဆောက်တည်ခြင်းကို မကြဉ်ရှောင်၊ ထိိုု တရားဆောက်တည်ခြင်းကို မှီဝဲ၍ထိိုုတရားဆောက်တည်ခြင်းကို မကြဉ်ရှောင်သောထိုသူအား အလိုမရှိအပ် မနှစ်သက်အပ် စိတ်နှလုံးကိုမပွါးစေတတ်ကုန်သော တရားတို့ တိုးပွါးကုန်၏၊ အလိုရှိအပ် နှစ်သက်အပ် စိတ်နှလုံးကိုပွါးစေတတ်သောတရားတို့ ဆုတ်ယုတ်ကုန်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ရဟန်းတို့ထိုသဘောသည် မသိတတ်သူ လူမိုက်တို့၏ ထုံးတမ်းအတိုင်း ဖြစ်ရမြဲဖြစ်သောကြောင့်တည်း။ (၂)

ရဟန်းတို့ ထိုလေးပါးတို့တွင် ပစ္စုပ္ပန်၌ ဆင်းရဲ၍ နောက်အခါ၌ ချမ်းသာကျိုးရှိသည့် တရားဆောက်တည်ခြင်းကို ပညာမဲ့သူ လူမိုက်သည် မသိမူ ‘အဝိဇ္ဇာ’ ရှိသည်ဖြစ်၍ “ဤတရားဆောက်တည်ခြင်းသည် ပစ္စုပ္ပန်၌ ဆင်းရဲ၍ နောင်အခါ၌ ချမ်းသာကျိုး ရှိ၏” ဟုဟုတ်တိုင်းမှန်စွာ ခွဲခြား၍ မသိ၊ ထိိုုတရားဆောက်တည်ခြင်းကို ပညာမဲ့သူ လူမိုက်သည် မသိမှု ‘အဝိဇ္ဇာ’ ရှိသည်ဖြစ်၍်ဟုတ်တိုင်းမှန်စွာ ခွဲခြား၍ မသိမူကြောင့် ထိိုုတရားဆောက်တည်ခြင်းကို မမှီဝဲ၊ ထိိုုတရားဆောက်တည်ခြင်းကို ကြဉ်ရှောင်၏၊ ထိိုုတရားဆောက်တည်ခြင်းကို မမှီဝဲဘဲ ထိိုုတရားဆောက်တည်ခြင်းကို ကြဉ်ရှောင်သော ထိုသူအား အလိုမရှိအပ် မနှစ်သက်အပ် စိတ်နှလုံးကို မပွါးစေတတ်သော တရားတို့ တိုးပွါးကုန်၏၊ အလိုရှိအပ် နှစ်သက်အပ် စိတ်နှလုံးကို ပွါးစေတတ်သော တရားတို့ ဆုတ်ယုတ်ကုန်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ရဟန်းတို့ ထိုသဘောသည် မသိတတ်သူ လူမိုက်တို့၏ ထုံးတမ်းအတိုင်း ဖြစ်ရမြဲဖြစ်သောကြောင့်တည်း။ (၃)

ရဟန်းတို့ ထိုလေးပါးတို့တွင် ပစ္စုပ္ပန်၌လည်း ချမ်းသာ နောင်အခါ၌လည်း ချမ်းသာကျိုးရှိသည့်တရားဆောက်တည်ခြင်းကို ပညာမဲ့သူ လူမိုက်သည် မသိမှု ‘အဝိဇ္ဇာ’ ရှိသည်ဖြစ်၍ “ဤတရားဆောက်တည်ခြင်းသည် ပစ္စုပ္ပန်၌လည်း ချမ်းသာ နောင်အခါ၌လည်း ချမ်းသာကျိုးရှိ၏” ဟုဟုတ်တိုင်းမှန်စွာ ခွဲခြား၍မသိ၊ ထိိုုတရား ဆောက်တည်ခြင်းကို ပညာမဲ့သူ လူမိုက်သည် မသိမှု ‘အဝိဇ္ဇာ’ ရှိသည်ဖြစ်၍်ဟုတ်တိုင်းမှန်စွာ ခွဲခြား၍ မသိမှုကြောင့် ထိိုုတရားဆောက်တည်ခြင်းကို မမှီဝဲ၊ ထိိုုတရားဆောက်တည်ခြင်းကို ကြဉ်ရှောင်၏၊ ထိိုုတရားဆောက် တည်ခြင်းကို မမှီဝဲဘဲ ထိိုုတရားဆောက်တည်ခြင်းကို ကြဉ်ရှောင်သော ထိုသူအား အလိုမရှိအပ် မနှစ်သက်အပ် စိတ်နှလုံးကို မပွါးစေတတ်သောတရားတို့ တိုးပွါးကုန်၏၊ အလိုရှိအပ်နှစ်သက်အပ် စိတ်နှလုံးကို ပွါးစေတတ်သောတရားတို့ ဆုတ်ယုတ်ကုန်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ရဟန်းတို့ ထိုသဘောသည် မသိတတ်သူ လူမိုက်တို့၏ ထုံးတမ်းအတိုင်း ဖြစ်ရမြဲဖြစ်သောကြောင့်တည်း။ (၄)

၄၇၇။ ရဟန်းတို့ ထိုလေးပါးတို့တွင် ပစ္စုပ္ပန်၌လည်း ဆင်းရဲ နောက်အခါ၌လည်း ဆင်းရဲကျိုးရှိ သည့်တရားဆောက်တည်ခြင်းကို ပညာရှိသူ သည် သိမှု ‘ဝိဇ္ဇာ’ ရှိသည်ဖြစ်၍ “ဤတရားဆောက်တည်ခြင်း သည်ပစ္စုပ္ပန်၌လည်း ဆင်းရဲ နောင်အခါ၌လည်း ဆင်းရဲကျိုးရှိ၏” ဟုဟုတ်တိုင်းမှန်စွာ ခွဲခြား၍ သိ၏၊ ထိိုုတရားဆောက်တည်ခြင်းကို ပညာရှိသူ သည် သိမှု ‘ဝိဇ္ဇာ’ ရှိသည်ဖြစ်၍်ဟုတ်တိုင်းမှန်စွာ ခွဲခြား၍ သိမှုကြောင့် ထိိုုတရားဆောက်တည်ခြင်းကို မမှီဝဲ၊ ထိိုုတရားဆောက်တည်ခြင်းကို ကြဉ်ရှောင်၏၊ ထိိုုတရားဆောက်တည်ခြင်းကို မမှီဝဲဘဲ ထိိုုတရားဆောက်တည်ခြင်းကို ကြဉ်ရှောင်သော ထိုသူအား အလိုမရှိအပ်မနှစ်သက်အပ် စိတ်နှလုံးကို မပွါးစေတတ်သော တရားတို့ ဆုတ်ယုတ်ကုန်၏၊ အလိုရှိအပ် နှစ်သက်အပ်စိတ်နှလုံးကို ပွါးစေတတ်သော တရားတို့ တိုးပွါးကုန်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ရဟန်းတို့ ထိုသဘောသည် ပညာရှိလူလိမ္မာတို့၏ ထုံးတမ်းအတိုင်း ဖြစ်ရမြဲဖြစ်သောကြောင့်တည်း။ (၁)

ရဟန်းတို့ ထိုလေးပါးတို့တွင် ပစ္စုပ္ပန်၌ ချမ်းသာ၍ နောင်အခါ၌ ဆင်းရဲကျိုးရှိသည့် တရားဆောက်တည်ခြင်းကို ပညာရှိသူ သည် သိမှု ‘ဝိဇ္ဇာ’ ရှိသည်ဖြစ်၍ “ဤတရားဆောက်တည်ခြင်းသည်ပစ္စုပ္ပန်၌ ချမ်းသာ၍ နောင်အခါ၌ ဆင်းရဲကျိုးရှိ၏” ဟုဟုတ်တိုင်းမှန်စွာ ခွဲခြား၍ သိ၏၊ ထိိုုတရားဆောက်တည်ခြင်းကို ပညာရှိသူသည် သိမှု ‘ဝိဇ္ဇာ’ ရှိသည်ဖြစ်၍ဟုတ်တိုင်းမှန်စွာ ခွဲခြား၍ သိမှုကြောင့်ထိိုုတရား ဆောက်တည်ခြင်းကို မမှီဝဲ၊ ထိိုုတရား ဆောက်တည်ခြင်းကို ကြဉ်ရှောင်၏၊ ထိိုုတရားဆောက်တည်ခြင်းကို မမှီဝဲဘဲ ထိိုုတရားဆောက်တည်ခြင်းကို ကြဉ်ရှောင်သော ထိုသူအား အလိုမရှိအပ်မနှစ်သက်အပ် စိတ်နှလုံးကို မပွါးစေတတ်သောတရားတို့ ဆုတ်ယုတ်ကုန်၏၊ အလိုရှိအပ် နှစ်သက်အပ်စိတ်နှလုံးကို ပွါးစေတတ်သောတရားတို့ တိုးပွါးကုန်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ရဟန်းတို့ ထို သဘောသည် ပညာရှိလူလိမ္မာတို့၏ ထုံးတမ်းအတိုင်း ဖြစ်ရမြဲဖြစ်သောကြောင့်တည်း။ (၂)

ရဟန်းတို့ ထိုလေးပါးတို့တွင် ပစ္စုပ္ပန်၌ ဆင်းရဲ၍ နောက်အခါ၌ ချမ်းသာကျိုးရှိသည့် တရားဆောက်တည်ခြင်းကို ပညာရှိသူသည် သိမှု ‘ဝိဇ္ဇာ’ ရှိသည်ဖြစ်၍ “ဤတရားဆောက်တည်ခြင်းသည်ပစ္စုပ္ပန်၌ ဆင်းရဲ၍ နောင်အခါ၌ ချမ်းသာ၏” ဟုဟုတ်တိုင်းမှန်စွာ ခွဲခြား၍ သိ၏၊ ထိိုုတရားဆောက်တည်ခြင်းကို ပညာရှိသူသည် သိမှု ‘ဝိဇ္ဇာ’ ရှိသည်ဖြစ်၍်ဟုတ်တိုင်းမှန်စွာ ခွဲခြား၍သိမှုကြောင့် ထိိုုတရားဆောက်တည်ခြင်းကို မှီဝဲ၏၊ ထိိုုတရား ဆောက်တည်ခြင်းကို မကြဉ်ရှောင်၊ ထိိုုတရားဆောက်တည်ခြင်းကို မှီဝဲ၍ ထိိုု တရားဆောက်တည်ခြင်းကို မကြဉ်ရှောင်သော ထိုသူအားအလိုမရှိအပ် မနှစ်သက်အပ် စိတ်နှလုံးကို မပွါး စေတတ်သော တရားတို့ ဆုတ်ယုတ်ကုန်၏၊ အလိုရှိအပ်နှစ်သက်အပ် စိတ်နှလုံးကို ပွါးစေတတ်သော တရားတို့ တိုးပွါးကုန်၏။ ထိုသို့ ဖြစ်ခြင်းသည့်အဘယ်ကြောင့်နည်း၊ ရဟန်းတို့ ထိုသဘောသည် ပညာ ရှိလူလိမ္မာတို့၏ ထုံးတမ်းအတိုင်းဖြစ်ရမြဲဖြစ်သောကြောင့်တည်း။ (၃)

ရဟန်းတို့ ထိုလေးပါးတို့တွင် ပစ္စုပ္ပန်၌လည်း ချမ်းသာ နောင်အခါ၌လည်း ချမ်းသာကျိုးရှိသည့်တရားဆောက်တည်ခြင်းကို ပညာရှိသူသည် သိမှု ‘ဝိဇ္ဇာ’ ရှိသည်ဖြစ်၍ “ဤတရားဆောက်တည်ခြင်းသည်ပစ္စုပ္ပန်၌လည်း ချမ်းသာ နောင်အခါ၌လည်း ချမ်းသာ၏” ဟုဟုတ်တိုင်းမှန်စွာ ခွဲခြား၍ သိ၏၊ ထိိုုတရားဆောက်တည်ခြင်းကို ပညာရှိသူသည် သိမှု ‘ဝိဇ္ဇာ’ ရှိသည်ဖြစ်၍ဟုတ်တိုင်းမှန်စွာ ခွဲခြား၍ သိမှုကြောင့် ထိိုုတရား ဆောက်တည်ခြင်းကို မှီဝဲ၏၊ ထိိုုတရားဆောက်တည်ခြင်းကို မကြဉ်ရှောင်၊ ထိိုုတရားဆောက်တည်ခြင်းကို မှီဝဲ၍ ထိိုုတရားဆောက်တည်ခြင်းကို မကြဉ်ရှောင်သော ထိုသူအား အလိုမရှိအပ်မနှစ်သက်အပ် စိတ်နှလုံးကို မပွါးစေတတ်သောတရားတို့ ဆုတ်ယုတ်ကုန်၏၊ အလိုရှိအပ် နှစ်သက်အပ်စိတ်နှလုံးကို ပွါးစေတတ်သောတရားတို့ တိုးပွါးကုန်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ ထိုသဘောသည် ပညာရှိလူလိမ္မာတို့၏ ထုံးတမ်းအတိုင်း ဖြစ်ရမြဲဖြစ်သောကြောင့်တည်း။ (၄)

၄၇၈။ ရဟန်းတို့ ပစ္စုပ္ပန်၌လည်း ဆင်းရဲ၍ နောင်အခါ၌လည်း ဆင်းရဲကျိုးရှိသည့် တရားဆောက်တည်ခြင်းသည် အဘယ်နည်း။ ရဟန်းတို့ ဤလောက၌ အချို့သူသည် ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုနှင့်တကွလည်း သူ့အသက်ကို သတ်လေ့ရှိ၏၊ သူ့အသက်သတ်ခြင်းဟူသော အကြောင်းကြောင့်လည်း ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုကို ခံစားရ၏။ ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုနှင့်တကွလည်း မပေးသည်ကို ယူလေ့ရှိ၏၊ မပေးသည်ကို ယူခြင်းဟူသော အကြောင်းကြောင့်လည်း ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုကို ခံစားရ၏။ ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုနှင့်တကွလည်း ကာမတို့၌ မှားသောအားဖြင့် ကျင့်လေ့ရှိ၏၊ ကာမတို့၌မှားသောအားဖြင့် ကျင့်ခြင်းဟူသော အကြောင်းကြောင့်လည်း ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုကို ခံစားရ၏။ ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုနှင့် တကွလည်း မုသားပြော ဆိုလေ့ရှိ၏၊ မုသားပြောဆိုခြင်းဟူသောအကြောင်းကြောင့်လည်း ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုကို ခံစားရ၏၊ ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုနှင့်တကွလည်း ကုန်းစကားပြော၏၊ ကုန်းစကားပြောခြင်းဟူသော အကြောင်းကြောင့်လည်း ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုကို ခံစားရ၏။ ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုနှင့်တကွလည်း ကြမ်းတမ်းသောစကားကို ပြောဆို၏၊ ကြမ်းတမ်းသောစကားကို ပြောဆိုခြင်းဟူသော အကြောင်းကြောင့်လည်း ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုကိုခံစားရ၏။ ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုနှင့်တကွလည်းပြိန်ဖျင်းသောစကားကို ပြောဆိုလေ့ရှိ၏၊ ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်းဟူသော အကြောင်းကြောင့်လည်း ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုကိုခံစားရ၏။ ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုနှင့် တကွလည်း ရှေးရှုကြံစည်မှု ‘အဘိဇ္ဈာ’များ၏၊ ရှေးရှုကြံစည်မှု ‘အဘိဇ္ဈာ’ ဟူသော အကြောင်းကြောင့်လည်း ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုကို ခံစားရ၏။ ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု နှင့်တကွလည်း ဖျက်ဆီးလိုသောစိတ် ရှိ၏၊ ဖျက်ဆီးလိုမှုဟူသောအကြောင်းကြောင့်လည်း ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုကို ခံစားရ၏၊ ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုနှင့်တကွလည်း မှားသောအယူရှိ၏၊ မှားသော အယူဟူသော အကြောင်းကြောင့်လည်း ကိုယ်ဆင်းရဲမှုစိတ်ဆင်းရဲမှုကို ခံစားရ၏။ ထိုသူသည် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းသောမကောင်းသောသူတို့လားရာ ပျက်စီး၍ကျရာ ငရဲသို့ ရောက်ရ၏။ ရဟန်းတို့ ဤသည်ကို ပစ္စုပ္ပန်၌လည်းဆင်းရဲ နောင်အခါ၌လည်း ဆင်းရဲကျိုးရှိသည့် တရားဆောက်တည်ခြင်းဟု ဆိုအပ်၏။ (၁)

၄၇၉။ ရဟန်းတို့ ပစ္စုပ္ပန်၌ ချမ်းသာ၍ နောင်အခါ၌ ဆင်းရဲကျိုးရှိသည့် တရားဆောက်တည်ခြင်း သည်အဘယ်နည်း။ ရဟန်းတို့ ဤလောက၌ အချို့သူသည် ချမ်းသာမှု ဝမ်းမြောက်မှုနှင့်တကွလည်းသူ့အသက်ကို သတ်လေ့ရှိ၏၊ သူ့အသက်သတ်ခြင်းဟူသော အကြောင်းကြောင့်လည်း ချမ်းသာမှု ဝမ်းမြောက်မှုကို ခံစားရ၏။ ချမ်းသာမှု ဝမ်းမြောက်မှုနှင့်တကွလည်း မပေးသည်ကို ယူလေ့ရှိ၏၊ မပေးသည်ကို ယူခြင်းဟူသော အကြောင်းကြောင့်လည်း ချမ်းသာမှု ဝမ်းမြောက်မှုကို ခံစားရ၏။ ချမ်းသာမှု ဝမ်း့မြောက်မှုနှင့်တကွလည်း ကာမတို့၌ မှားသောအားဖြင့် ကျင့်၏၊ ကာမတို့၌ မှားသောအားဖြင့် ကျင့်ခြင်းဟူသော အကြောင်းကြောင့်လည်း ချမ်းသာမှု ဝမ်းမြောက်မှုကို ခံစားရ၏။ ချမ်းသာမှု ဝမ်းမြောက်မှုနှင့်တကွလည်း မုသားပြောဆိုလေ့ရှိ၏၊ မုသားပြောဆိုခြင်း ဟူသော အကြောင်းကြောင့်လည်း ချမ်းသာမှုဝမ်းမြောက်မှုကို ခံစားရ၏။ ချမ်းသာမှု ဝမ်းမြောက်မှုနှင့်တကွလည်း ကုန်းစကားပြောဆို၏၊ ကုန်းစကားပြောဆိုခြင်းဟူသော အကြောင်းကြောင့်လည်း ချမ်းသာမှု ဝမ်းမြောက်မှုကို ခံစားရ၏။ ချမ်းသာမှုဝမ်းမြောက်မှုနှင့်တကွလည်း ကြမ်းတမ်းသောစကားကို ပြောဆို၏၊ ကြမ်းတမ်းသောစကားကို ပြောဆိုခြင်းဟူသော အကြောင်းကြောင့်လည်း ချမ်းသာမှု ဝမ်းမြောက်မှုကို ခံစားရ၏။ ချမ်းသာမှု ဝမ်းမြောက်မှုနှင့်တကွလည်းပြိန်ဖျင်းသောစကားကို ပြောဆိုလေ့ရှိ၏၊ ပြိန်ဖျင်းသောစကားကို ပြောဆိုခြင်းဟူသောအကြောင်းကြောင့်လည်း ချမ်းသာမှု ဝမ်းမြောက်မှုကို ခံစားရ၏။ ချမ်းသာမှု ဝမ်းမြောက်မှုနှင့် တကွလည်း ရှေးရှုကြံစည်မှု ‘အဘိဇ္ဈာ’ များ၏၊ ရှေးရှုကြံစည်မှု ‘အဘိဇ္ဈာ’ ဟူသော အကြောင်းကြောင့်လည်းချမ်းသာမှု ဝမ်းမြောက်မှုကို ခံစားရ၏။ ချမ်းသာမှု ဝမ်းမြောက်မှုနှင့်တကွလည်း ဖျက်ဆီးလိုသောစိတ်ရှိ၏၊ ဖျက်ဆီးလိုမှုဟူသော အကြောင်းကြောင့်လည်း ချမ်းသာမှု ဝမ်းမြောက်မှုကို ခံစားရ၏။ ချမ်းသာမှုဝမ်းမြောက်မှုနှင့်တကွလည်း မှားသောအယူရှိ၏၊ မှားသောအယူဟူသော အကြောင်းကြောင့်လည်း ချမ်းသာမှု ဝမ်းမြောက်မှုကို ခံစားရ၏။ ထိုသူသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းသော မကောင်းသောသူတို့လားရာ ပျက်စီး၍ကျရာ ငရဲသို့ ရောက်ရ၏။ ရဟန်းတို့ ဤသည်ကို ပစ္စုပ္ပန်၌ချမ်းသာ၍ နောင်အခါ၌ ဆင်းရဲကျိုးရှိသည့် တရားဆောက်တည်ခြင်းဟု ဆိုအပ်၏။ (၂)

၄၈ဝ။ ရဟန်းတို့ ပစ္စုပ္ပန်၌ ဆင်းရဲ၍ နောင်အခါ၌ ချမ်းသာကျိုးရှိသည့် တရားဆောက်တည်ခြင်း သည်အဘယ်နည်း။ ရဟန်းတို့ ဤလောက၌ အချို့သူသည် ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုနှင့်တကွလည်းသူ့အသက် သတ်ခြင်းမှ ကြဉ်ရှောင်၏၊ သူ့အသက်သတ်ခြင်းမှ ကြဉ်ရှောင်ခြင်းဟူသော အကြောင်းကြောင့်လည်း ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုကို ခံစားရ၏။ ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုနှင့်တကွလည်း မပေးသည်ကို ယူခြင်းမှ ကြဉ်ရှောင်၏၊ မပေးသည်ကို ယူခြင်းမှ ကြဉ်ရှောင်ခြင်းဟူသော အကြောင်းကြောင့်လည်းကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုကို ခံစားရ၏။ ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုနှင့်တကွလည်း ကာမတို့၌ မှားသောအားဖြင့် ကျင့်ခြင်းမှ ကြဉ်ရှောင်၏၊ ကာမတို့၌ မှားသောအားဖြင့် ကျင့်ခြင်းမှကြဉ်ရှောင်ခြင်းဟူသော အကြောင်းကြောင့်လည်း ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုကို ခံစားရ၏။ ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုနှင့်တကွလည်း မုသားပြောဆိုခြင်းမှ ကြဉ်ရှောင်၏၊ မုသားပြောဆိုခြင်းမှကြဉ်ရှောင်ခြင်းဟူသော အကြောင်းကြောင့်လည်း ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုကို ခံစားရ၏။ ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုနှင့်တကွလည်း ကုန်း စကား ပြောဆိုခြင်းမှ ကြဉ်ရှောင်၏၊ ကုန်းစကားပြောဆိုခြင်းမှ ကြဉ်ရှောင်ခြင်းဟူသော အကြောင်းကြောင့်လည်း ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုကိုခံစားရ၏။ ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုနှင့်တကွလည်း ကြမ်းတမ်း သောစကားကို ပြောဆိုခြင်းမှကြဉ်ရှောင်၏၊ ကြမ်းတမ်းသောစကားကို ပြောဆိုခြင်းမှ ကြဉ်ရှောင်ခြင်း ဟူသောအကြောင်းကြောင့်လည်း ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုကို ခံစားရ၏။ ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုနှင့်တကွလည်းပြိန်ဖျင်းသောစကားကို ပြောဆိုခြင်းမှ ကြဉ်ရှောင်၏၊ ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်းမှ ကြဉ်ရှောင်ခြင်းဟူသော အကြောင်းကြောင့်လည်း ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုကို ခံစားရ၏။ ကိုယ် ဆင်းရဲမှု စိတ်ဆင်းရဲမှုနှင့်တကွလည်း ရှေးရှုကြံစည်မ ှု ‘အဘိဇ္ဈာ’ မများ၊ ရှေးရှုမကြံစည်မှုဟူသောအကြောင်းကြောင့်လည်း ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုကို ခံစားရ၏။ ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုနှင့်တကွလည်း ဖျက်ဆီးလိုသော စိတ်မရှိ၊ မဖျက်ဆီးလိုခြင်းဟူသော အကြောင်းကြောင့်လည်း ကိုယ်ဆင်းရဲမှုစိတ်ဆင်းရဲမှုကို ခံစားရ၏။ ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုနှင့်တကွလည်း မှန်သော အယူရှိ၏၊ မှန်သောအယူ ဟူသော အကြောင်းကြောင့်လည်း ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုကို ခံစားရ၏။ ထိုသူသည့်ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသော သူတို့လားရာ နတ်ပြည်သို့ ရောက်ရ၏။ ရဟန်းတို့ ဤသည်ကို ပစ္စုပ္ပန်၌ ဆင်းရဲ၍ နောင်အခါ၌ ချမ်းသာကျိုးရှိသည့် တရားဆောက်တည်ခြင်းဟုဆိုအပ်၏။ (၃)

၄၈၁။ ရဟန်းတို့ ပစ္စုပ္ပန်၌လည်းချမ်းသာ နောင်အခါ၌လည်း ချမ်းသာကျိုးရှိသည့် တရားဆောက်တည်ခြင်းသည် အဘယ်နည်း။ ရဟန်းတို့ ဤလောက၌ အချို့သူသည် ချမ်းသာမှု ဝမ်းမြောက်မှုနှင့်တကွလည်း သူ့အသက်သတ်ခြင်းမှ ကြဉ်ရှောင်၏၊ သူ့အသက်သတ်ခြင်းမှ ကြဉ်ရှောင်ခြင်းဟူသောအကြောင်းကြောင့်လည်း ချမ်းသာမှု ဝမ်းမြောက်မှုကို ခံစားရ၏။ ချမ်းသာမှု ဝမ်းမြောက်မှုနှင့်တကွလည်းမပေးသည်ကိုယူခြင်းမှ ကြဉ်ရှောင်၏၊ မပေးသည်ကိုယူခြင်းမှ ကြဉ်ရှောင်ခြင်းဟူသော အကြောင်းကြောင့်လည်း ချမ်းသာမှု ဝမ်းမြောက်မှုကို ခံစားရ၏။ ချမ်းသာမှု ဝမ်းမြောက်မှုနှင့်တကွလည်း ကာမတို့၌ မှားသောအားဖြင့် ကျင့်ခြင်းမှ ကြဉ်ရှောင်၏၊ ကာမတို့၌ မှားသောအားဖြင့် ကျင့်ခြင်းမှကြဉ်ရှောင်ခြင်းဟူသော အကြောင်းကြောင့်လည်း ချမ်းသာမှု ဝမ်းမြောက်မှုကို ခံစားရ၏။ ချမ်းသာမှုဝမ်းမြောက်မှုနှင့်တကွလည်း မုသားပြောဆိုခြင်းမှ ကြဉ်ရှောင်၏၊ မုသားပြောဆိုခြင်းမှကြဉ်ရှောင်ခြင်းဟူသော အကြောင်းကြောင့်လည်း ချမ်းသာမှု ဝမ်းမြောက်မှုကို ခံစားရ၏။ ချမ်းသာမှုဝမ်းမြောက်မှုနှင့် တကွလည်း ကုန်းစကားပြောဆိုခြင်းမှ ကြဉ်ရှောင်၏၊ ကုန်းစကားပြောဆိုခြင်းမှကြဉ်ရှောင်ခြင်းဟူသော အကြောင်းကြောင့်လည်း ချမ်းသာ မှု ဝမ်းမြောက်မှုကို ခံစားရ၏။ ချမ်းသာမှုဝမ်းမြောက်မှုနှင့်တကွလည်း ကြမ်းတမ်းသော စကားကို ပြောဆိုခြင်းမှ ကြဉ်ရှောင်၏၊ ကြမ်းတမ်းသောစကားကို ပြောဆိုခြင်းမှ ကြဉ်ရှောင်ခြင်းဟူသော အကြောင်း ကြောင့်လည်း ချမ်းသာမှု ဝမ်းမြောက်မှုကိုခံစားရ၏။ ချမ်းသာမှု ဝမ်းမြောက်မှုနှင့် တကွလည်းပြိန်ဖျင်း သော စကားကို ပြောဆိုခြင်းမှကြဉ်ရှောင်၏၊ ပြိန်ဖျင်းသောစကားကို ပြောဆိုခြင်းမှ ကြဉ်ရှောင်ခြင်း ဟူသော အကြောင်းကြောင့်လည်းချမ်းသာမှု ဝမ်းမြောက်မှုကို ခံစားရ၏။ ချမ်းသာမှု ဝမ်းမြောက်မှုနှင့် တကွလည်း ရှေးရှုကြံစည်မှု ‘အဘိဇ္ဈာ’မများ၊ ရှေးရှုမကြံစည်မှုဟူသော အကြောင်းကြောင့်လည်း ချမ်းသာ မှု ဝမ်းမြောက်မှုကိုခံစားရ၏။ ချမ်းသာမှု ဝမ်းမြောက်မှုနှင့်တကွလည်း ဖျက်ဆီးလိုသောစိတ်မရှိ၊ မဖျက် ဆီးလိုခြင်းဟူသောအကြောင်းကြောင့်လည်း ချမ်းသာမှု ဝမ်းမြောက်မှုကို ခံစားရ၏။ ချမ်းသာမှု ဝမ်းမြောက်မှုနှင့်တကွလည်းမှန်သောအယူ ရှိ၏၊ မှန်သောအယူဟူသော အကြောင်းကြောင့်လည်း ချမ်းသာမှု ဝမ်းမြောက်မှုကိုခံစားရ၏။ ထိုသူသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောသူတို့လားရာနတ်ပြည်သို့ ရောက်ရ၏။ ရဟန်းတို့ ဤသည်ကို ပစ္စုပ္ပန်၌လည်း ချမ်းသာ နောင်အခါ၌လည်းချမ်းသာကျိုးရှိသည့် တရားဆောက်တည်ခြင်းဟု ဆိုအပ်၏။

ရဟန်းတို့ တရားဆောက်တည်ခြင်းတို့သည် ဤလေးပါးတို့တည်း။ (၄)

၄၈၂။ ရဟန်းတို့ ဥပမာသော်ကား ခါးသော (အရည်ရှိသော) ဘူးကို အဆိပ်နှင့် ရောထား၏၊ ထိုအခါအသက်ရှင်လိုသော မသေလိုသော ချမ်းသာလိုသော ဆင်းရဲခြင်းကို စက်ဆုပ်သော ယောကျာ်း သည်လာရာ၏၊ ထိုယောကျာ်းကို “အချင်းယောကျာ်း ဤခါးသော (အရည်ရှိသော) ဘူးကို အဆိပ်နှင့်ရောထား၏၊ အကယ်၍ အလိုရှိမူ သောက်လော့၊ ထိုသင်သည် သောက်စဉ်မှာလည်း အဆင်းအားဖြင့်လည်းကောင်း၊ အနံ့အားဖြင့်လည်းကောင်း၊ အရသာအားဖြင့်လည်းကောင်း နှစ်သက်လိမ့်မည် မဟုတ်၊ သောက်ပြီး၍လည်း သေခြင်းသို့ဖြစ်စေ၊ သေလောက်နီးပါးဖြစ်သော ဆင်းရဲခြင်းသို့ဖြစ်စေ ရောက်ရလိမ့်မည်” ဟု ဆိုကုန်ရာ၏။ ထိုယောကျာ်းသည် ထိုဘူးခါးရည်ကို မဆင်ခြင်မူ၍ သောက်ရာ၏၊ မစွန့်လွှတ်ရာ။ ထိုယောကျာ်းသည် ထိုဘူးခါးရည်ကို သောက်စဉ်မှာလည်း အဆင်းအားဖြင့်လည်းကောင်း၊ အနံ့အားဖြင့်လည်းကောင်း၊ အရသာအားဖြင့်လည်းကောင်း မနှစ်သက်ရာ၊ သောက်ပြီး၍လည်းသေခြင်းသို့ဖြစ်စေ၊ သေလောက်နီးပါးဖြစ်သော ဆင်းရဲသို့ဖြစ်စေ ရောက်ရာ၏။ ရဟန်းတို့ပစ္စုပ္ပန်၌လည်း ဆင်းရဲ နောင် အခါ၌လည်း ဆင်းရဲကျိုးရှိသော ဤတရားဆောက်တည်ခြင်းကိုထိုဘူးခါးရည်သောက်ခြင်းနှင့် တူ၏ဟု ငါဆို၏။ (၁)

၄၈၃။ ရဟန်းတို့ ဥပမာသော်ကား အဆင်းနှင့်ပြည့်စုံသော အနံ့နှင့်ပြည့်စုံသော အရသာနှင့်ပြည့်စုံသော ဖျော်ရည်ခွက်သည် ရှိရာ၏၊ ထိုခွက်ကိုလည်း အဆိပ်နှင့် ရောထား၏၊ ထိုအခါ အသက်ရှင်လိုသော မသေလိုသော ချမ်းသာလိုသော ဆင်းရဲခြင်းကို စက်ဆုပ်သော ယောကျာ်းသည် လာရာ၏၊ ထိုယောကျာ်းကို “အချင်းယောကျာ်း အဆင်းနှင့်ပြည့်စုံသော အနံ့နှင့်ပြည့်စုံသော အရသာနှင့်ပြည့်စုံသောဤဖျော်ရည်ခွက်ကိုလည်း အဆိပ်နှင့် ရောထား၏၊ အကယ်၍ အလိုရှိမူ သောက်လော့၊ ထိုသင်သည်သောက်စဉ်မှာပင် အဆင်းအားဖြင့်လည်းကောင်း၊ အနံ့အားဖြင့်လည်းကောင်း၊ အရသာအားဖြင့်လည်းကောင်း နှစ်သက်လိမ့်မည်၊ သောက်ပြီးသော်ကား သေခြင်းသို့ဖြစ်စေ၊ သေလောက်နီးပါးဖြစ်သောဆင်းရဲသို့ဖြစ်စေ ရောက်ရလိမ့်မည်” ဟု ဆိုကုန်ရာ၏။ ထိုယောကျာ်းသည် ထိုအဖျော်ရည်ကို မဆင်ခြင်မူ၍သောက်ရာ၏၊ မစွန့်လွှတ်ရာ။ ထိုယောကျာ်းသည် ထိုအဖျော်ရည်ကို သောက်စဉ်မှာပင် အဆင်းအားဖြင့်လည်းကောင်း၊ အနံ့အားဖြင့်လည်းကောင်း၊ အရသာအားဖြင့်လည်းကောင်း နှစ်သက်ရာ၏၊ သောက်ပြီးသော်ကား သေခြင်းသို့ဖြစ်စေ၊ သေလောက်နီးပါးဖြစ်သော ဆင်းရဲသို့ဖြစ်စေ ရောက်ရာ၏။ ရဟန်းတို့ပစ္စုပ္ပန်၌ ချမ်းသာ၍ နောင်အခါ၌ ဆင်းရဲကျိုးရှိသော ဤတရားဆောက်တည်ခြင်းကို ထိုအဖျော်ရည်သောက်ခြင်းနှင့် တူ၏ဟု ငါဆို၏။ (၂)

၄၈၄။ ရဟန်းတို့ ဥပမာသော်ကား နွားကျင်ငယ်ပုတ်ကို ဆေးအမျိုးမျိုးတို့ဖြင့် ရောထား၏၊ ထိုအခါဖျော့တော့အားနည်းသော ရောဂါရှိသော ယောကျာ်းသည် လာရာ၏၊ ထိုယောကျာ်းကို “အချင်းယောကျာ်း ဤနွားကျင်ငယ်ပုတ်ကို ဆေးအမျိုးမျိုးတို့ဖြင့် ရောထား၏၊ အကယ်၍ အလိုရှိမူသောက်လော့၊ ထိုသင်သည် သောက်စဉ်မှာပင် အဆင်းအားဖြင့်လည်းကောင်း၊ အနံ့အားဖြင့်လည်းကောင်း၊ အရသာအား ဖြင့်လည်းကောင်း နှစ်သက်လိမ့်မည် မဟုတ်၊ သောက်ပြီးသော်ကား ချမ်းသာခြင်းရှိသူ ဖြစ် လိမ့်မည်” ဟု ဆိုကုန်ရာ၏။ ထိုယောကျာ်းသည်နွားကျင်ငယ်ပုတ်ကို ဆင်ခြင်၍ သောက်ရာ၏၊ မစွန့် လွှတ်ရာ။ ထိုယောကျာ်းသည် နွားကျင်ငယ်ပုတ်ကိုသောက်စဉ်မှာပင် အဆင်းအားဖြင့်လည်းကောင်း၊ အနံ့အား ဖြင့်လည်းကောင်း၊ အရသာအားဖြင့်လည်းကောင်း မနှစ်သက်ရာ၊ သောက်ပြီးသော်ကား ချမ်းသာခြင်းရှိသူ ဖြစ်ရာ၏၊ ရဟန်းတို့ ပစ္စုပ္ပန်၌ ဆင်းရဲ၍ နောင်အခါ၌ ချမ်းသာကျိုးရှိသော ဤတရားဆောက် တည်ခြင်းကိုထိုနွားကျင်ငယ်ပုတ်ရည် သောက်ခြင်းနှင့်တူ၏ဟု ငါ ဆို၏။ (၃)

၄၈၅။ ရဟန်းတို့ ဥပမာသော်ကား နို့ဓမ်း ပျားရည် ထောပတ် တင်လဲကို တစ်ပေါင်းတည်းရောထား၏၊ ထိုအခါ သွေးသွန်ရောဂါရှိသော ယောကျာ်းသည် လာရာ၏၊ ထိုယောကျာ်းကို “အချင်းယောကျာ်း ဤနို့ဓမ်း, ပျားရည် ထောပတ် တင်လဲကို တစ်ပေါင်းတည်း ရောထား၏၊ အကယ်၍အလိုရှိမူ သောက်လော့၊ ထိုသင်သည် သောက်စဉ်မှာလည်း အဆင်းအားဖြင့်လည်းကောင်း၊ အနံ့အားဖြင့်လည်း ကောင်း၊ အရသာအားဖြင့်လည်းကောင်း နှစ်သက်လိမ့်မည်၊ သောက်ပြီး၍လည်းချမ်းသာခြင်းရှိသူ ဖြစ်လိမ့် မည်” ဟု ဆိုကုန်ရာ၏။ ထိုယောကျာ်းသည် ထို (စတုမဓူ) ဆေးကို ဆင်ခြင်၍သောက်ရာ၏၊ မစွန့်လွှတ် ရာ။ ထိုယောကျာ်းသည် ထို (စတုမဓူ) ဆေးကို သောက်စဉ်မှာလည်းအဆင်းအားဖြင့်လည်းကောင်း၊ အနံ့ အားဖြင့်လည်းကောင်း၊ အရသာအားဖြင့်လည်းကောင်းနှစ်သက်ရာ၏၊ သောက်ပြီး၍လည်း ချမ်းသာခြင်း ရှိသူ ဖြစ်ရာ၏။ ရဟန်းတို့ ပစ္စုပ္ပန်၌လည်း ချမ်းသာနောင်အခါ၌လည်း ချမ်းသာကျိုးရှိသော ဤတရား ဆောက်တည်ခြင်းကို ထိိုု (စတုမဓူ) သောက်ခြင်းနှင့်တူ၏ဟု ငါဆို၏။ (၄)

၄၈၆။ ရဟန်းတို့ ဥပမာသော်ကား မိုးဥတုတို့၏ နောက်ဆုံး တန်ဆောင်မုန်းလအခါတွင် မိုးနှင့်ဝေး့သော မိုးတိမ်ကင်းသော ကောင်းကင်၌ နေသည် ကောင်းကင်သို့ တက်လတ်သော် အလုံးစုံသောကောင်း ကင်၌ ဖြစ်သော အမိုက်မှောင်ကို ပယ်ဖျောက်ကာ လင်းလည်း လင်း၏၊ တောက်လည်းတောက်ပ၏၊ တင့်တယ်လည်း တင့်တယ်၏။ ရဟန်းတို့ ဤအတူပင်လျှင် ပစ္စုပ္ပန်၌လည်း ချမ်းသာနောင်အခါ၌လည်း ချမ်းသာကျိုးရှိသော တရားဆောက်တည်ခြင်းသည် (သာသနာတော်မှ) တစ်ပါးဖြစ်သောများစွာသော သမဏဗြာဟ္မဏတို့၏ အယူဝါဒတို့ကို ပယ်ဖျောက်ကာ လင်းလည်း လင်း၏၊ တောက်ပလည်း တောက်ပ၏၊ တင့်တယ်လည်း တင့်တယ်၏ဟု—

ဤတရားကို မြတ်စွာဘုရားသည် ဟောကြားတော်မူ၏၊ ။ ထိုရဟန်းတို့သည် မြတ်စွာဘုရား၏တရားတော်ကို အလွန်နှစ်ခြိုက် ဝမ်းမြောက်ကြကုန်၏။

ခြောက်ခုမြောက် မဟာဓမ္မသမာဒါနသုတ်ပြီး၏။

၁။ မသိမမြင်သော သူမိုက်အား ထိုအနိဋ္ဌဓမ္မတိုသည် ဖြစ်လေသကဲ့သို့ ထို့အတူ မှီဝဲအပ်သည်ကို မမှီဝဲ၊ မမှီဝဲအပ်သည်ကို မှီဝဲသောသူအား ထိုအနိဋ္ဌတရားတို့သည် ဖြစ်ကုန်၏။ (အဋ္ဌကထာ)။