သံယုတ္တနိကာယ်—၁

၂—နန္ဒနဝဂ်

၃—နတ္ထိပုတ္တသမသုတ်

၁၃။ သာဝတ္ထိနိဒါန်း။ ထိုနတ်သားသည် တစ်ခုသော နေရာ၌ ရပ်တည်ကာ မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏—

“သားသမီး (ကို ချစ်ခင်မှု) နှင့် တူသော ချစ်ခင်မှုမျိုးသည် မရှိ၊ နွား (ဟူသော ဥစ္စာ) နှင့် တူသော ဥစ္စာမျိုးသည် မရှိ၊ နေ (၏ အရောင်) နှင့် တူသော အရောင်မျိုး သည် မရှိ၊ သမုဒ္ဒရာထက် လွန်ကဲသော အိုင်မည်သည် မရှိ”ဟု (လျှောက်၏)။

မိမိကိုယ် (ကို ချစ်ခင်မှု) နှင့် တူသော ချစ်ခင်မှုမျိုးသည် မရှိ၊ စပါး (ဟူသောဥစ္စာ) နှင့် တူသော ဥစ္စာမျိုးသည် မရှိ၊ ပညာ (၏ အရောင်) နှင့် တူသော အရောင်မျိုး သည် မရှိ၊ မိုးရေထက် လွန်ကဲသော အိုင်မည်သည် မရှိသည်သာတည်းဟု (ဟော တော်မူ၏)။