သံယုတ္တနိကာယ်—၁
၈—ဆေတွာဝဂ်
၂—ရထသုတ်
၇၂။ ရထား၏ ထင်ရှားကြောင်းသည် အဘယ်ပါနည်း၊ မီး၏ ထင်ရှားကြောင်း သည် အဘယ်ပါနည်း၊ တိုင်းနိုင်ငံ၏ ထင်ရှားကြောင်းသည် အဘယ်ပါနည်း၊ မိန်းမ၏ ထင်ရှားကြောင်းသည် အဘယ်ပါနည်းဟု (လျှောက်၏)။
ရထား၏ ထင်ရှားကြောင်းသည် တံခွန်တည်း၊ မီး၏ ထင်ရှားကြောင်းသည် အခိုးတည်း၊ တိုင်းနိုင်ငံ၏ ထင်ရှားကြောင်းသည် မင်းတည်း၊ မိန်းမ၏ ထင်ရှား ကြောင်းသည် လင်ယောကျာ်းတည်းဟု (မိန့်တော်မူ၏)။