သံယုတ္တနိကာယ်—၁ဝ

၂—သက္ကနာမသုတ်

၂၃၆။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဂိဇ္ဈကုဋ်တောင်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ သက္ကမည်သော ဘီလူးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်လျက် ဂါထာဖြင့် ရွတ်ဆို လျှောက်ထား၏—

“အသျှင်ဘုရား အလုံးစုံသော အထုံးအဖွဲ့ ‘ဂန္ထ’ကို ပယ်ပြီးဖြစ်၍ ဘဝသုံးပါးတို့ မှ လွတ်တော်မူပြီး ဖြစ်ပါလျက် ရဟန်းဖြစ်သော အသျှင်ဘုရားအား သူတစ်ပါးကို ပြောဟော ဆုံးမနေခြင်းသည် မကောင်းပါ”ဟု လျှောက်၏။

သက္ကဘီလူး တစ်စုံတစ်ရာ အကြောင်းကြောင့် အကြင်သူနှင့် အတူတကွ နေခြင်း သည် ဖြစ်ပေါ်လာ၏၊ ထိုသူ့ကို ကောင်းသော ပညာရှိသည် စိတ်ဖြင့် စောင့်ရှောက်ခြင်းငှါ မထိုက်။

ကြည်လင်သော စိတ်ဖြင့် သူတစ်ပါးကို အကယ်၍ သွန်သင် ဆုံးမငြားအံ့၊ ထိုသို့ သွန်သင် ဆုံးမခြင်းကြောင့် အတူတကွ စပ်ယှဉ်မှု မဖြစ်နိုင်၊ အကြောင်းသော်ကား အစဉ်စောင့်ရှောက်ခြင်း အစဉ်သနားခြင်း ရှိနေသောကြောင့်တည်း”ဟု (မိန့်တော်မူ၏)။