သံယုတ္တနိကာယ်—၁ဝ

၄—မဏိဘဒ္ဒသုတ်

၂၃၈။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် မဂဓတိုင်း မဏိဘဒ္ဒဘီလူး၏ ဗိမာန်ဖြစ်သော မဏိ မာလိကနတ်ကွန်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မဏိဘဒ္ဒဘီလူးသည် မြတ်စွာဘုရားထံသို့ ချဉ်း ကပ်လျက် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို ရွတ်ဆို လျှောက်ထား၏—

“သတိရှိသော သူအား အခါခပ်သိမ်း ကောင်းမြတ်၏၊ သတိရှိသော သူသည် ချမ်းသာကို ရ၏၊ သတိရှိသောသူအား အမြဲသာလျှင် မြတ်၏၊ ရန်မှလည်း လွတ်၏”ဟု လျှောက်၏။

“သတိရှိသော သူအား အခါခပ်သိမ်း ကောင်းမြတ်၏၊ သတိရှိသော သူသည် ချမ်းသာကို ရ၏၊ သတိရှိသော သူအား အမြဲသာလျှင် မြတ်၏၊ ရန်မှကား မလွတ် သေး။

အကြင် (ရဟန္တာ) ပုဂ္ဂိုလ်အား အလုံးစုံသော နေ့ညဉ့်ပတ်လုံး မညဉ်းဆဲခြင်း၌ မွေ့လျော်သော စိတ်ရှိကာ အလုံးစုံသော သတ္တဝါတို့၌ မေတ္တာအစုရှိသည် ဖြစ်၍ (နေ၏၊) ထိုပုဂ္ဂိုလ်အား တစ်ဦးတစ်ယောက်သော ပုဂ္ဂိုလ်နှင့်မျှ ခိုက်ရန် မရှိ”ဟု (မိန့်တော်မူ၏)။