သံယုတ္တနိကာယ်—၁ဝ

၆—ပိယင်္ကရသုတ်

၂၄ဝ။ အခါတစ်ပါး၌ အသျှင်အနုရုဒ္ဓါသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ အသျှင်အနုရုဒ္ဓါသည် ညဉ့်၏ မိုးသောက်ယံအချိန်၌ စောစောထ၍ ဓမ္မအစုတို့ကို ရွတ်ဆို၏၊ ထိုအခါ ပိယင်္ကရမာတာဘီလူးမသည် သားငယ်ကို ဤသို့ နှစ်သိမ့် စေ၏—

“ပိယင်္ကရ အသံ မပြုလင့်၊ ရဟန်း သည် ဓမ္မအစုတို့ ကို ရွတ် ဆိုနေ၏၊ ငါတို့ သည် တရား အစုကို သိ၍ ကျင့်နိုင်ကုန်ငြားအံ့လည်း မသိ၊ ငါတို့အား စီးပွားခြင်းငှါ ဖြစ် တန်ရာ၏။

သတ္တဝါတို့၌လည်း စောင့်စည်းကြရကုန်အံ့၊ သိလျက် မမှန်စကားကိုလည်း မဆို ကြရကုန်အံ့၊ မိမိ၏ ကောင်းသော အကျင့်သီလကိုလည်း ကျင့်သုံးကြရကုန်အံ့၊ မြေဖုတ်ဘီလူးဘဝမှလည်း လွတ်ကြကောင်းတန်ရာ၏”ဟု (နှစ်သိမ့်စေ၏)။