သံယုတ္တနိကာယ်—၁ဝ

၉—ပဌမသုက္ကာသုတ်

၂၄၃။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့အား အစာကျွေး၍ မွေးရာဖြစ် သော ဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ သုက္ကာဘိက္ခုနီမသည် ပရိသတ်များစွာ ခြံရံလျက် တရားဟော၏၊ ထိုအခါ သုက္ကာဘိက္ခုနီမ၌ အလွန်ကြည်ညိုသော ဘီလူးသည် ရာဇဂြိုဟ်ပြည် လမ်းမတစ်ခုမှ လမ်းမတစ်ခုသို့ လမ်းဆုံတစ်ခုမှ လမ်းဆုံတစ်ခုသို့ ချဉ်းကပ်ပြီးလျှင် ထိုအချိန်၌ ဤဂါထာတို့ကို ရွတ် ဆို၏—

“အကြင် လူတို့ သည် သေခြင်း ကင်း သော နိဗ္ဗာန် တရား ကို ဟောနေသော သုက္ကာ ဘိက္ခ ုနီ မသို့ မဆည်းကပ်ကုန်၊ ဤလူတို့သည် ရာဇဂြိုဟ်ပြည်၌ အရက်ချိုကို သောက်ကုန်သကဲ့သို့ အဘယ်အမှုကို ပြုကြကုန်သည် ဖြစ်၍ အိပ်နေကြလေကုန် သလော။

တိမ်တိုက်မှ ထွက်ကျလာသော ရေကို ခရီးသွားတို့ သောက်ကုန်သကဲ့သို့ တန်ပြီဟု မပယ်မြစ်ထိုက်သော၊ တစ်စုံတစ်ခုဖြင့် မသွန်းလောင်းအပ်သော၊ ချိုမြိန် ရသာ အဆီသြဇာရှိသော ထိုတရားကိုလည်း ပညာရှိတို့သာ သောက်ကြကုန်ယောင် တကား”ဟု (ရွတ်ဆို၏)။