သံယုတ္တနိကာယ်—၁၂

၆—ဒုက္ခဝဂ်

၆—ဒုတိယ မဟာရုက္ခသုတ်

၅၆။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏၊ ရဟန်းတို့ ဥပမာသော်ကား သစ်ပင်ကြီးသည် ရှိရာ၏၊ ထိုသစ်ပင်ကြီး၏ အောက်သို့လည်းကောင်း၊ ဖီလာ (ကန့်လန့်) သို့လည်းကောင်း သွားကုန်သော အလုံးစုံသော အမြစ်တို့သည် အထက်သို့ သြဇာဓာတ်ကို ဆောင်ကုန်၏။ ရဟန်းတို့ ဤသို့လျှင် ထို သစ်ပင်ကြီးသည် ထိုသြဇာဓာတ်ကို ဆောင်သည်ဖြစ်၍ ထိုသြဇာဓာတ်လျှင် စွဲမှီရာရှိသည်ဖြစ်၍ ကြာရှည်စွာ သော ကာလပတ်လုံး တည်ရာ၏၊ ရဟန်းတို့ ဤအတူသာလျှင် ဥပါဒါန်၏ အကြောင်းဖြစ်သော တေဘူ မိကတရားတို့၌ သာယာဖွယ်ဟု ရှုသည်ဖြစ်၍ နေသောသူအား တဏှာ ပွား၏၊ တဏှာ အကြောင်းခံ ကြောင့် ပြင်းစွာ စွဲလမ်းမှု ‘ဥပါဒါန်’ ဖြစ်၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ဖြစ်၏။

ရဟန်းတို့ ဥပမာသော်ကား သစ်ပင်ကြီးသည် ရှိရာ၏၊ ထိုအခါ ယောကျာ်းသည် ပေါက်တူးခြင်းတောင်းကို ယူ၍ လာရာ၏၊ ထိုယောကျာ်းသည် ထိုသစ်ပင်ကို အရင်း၌ ဖြတ်ရာ၏၊ အရင်း၌ ဖြတ် ပြီး၍ မြေကို တူးရာ၏၊ မြေကို တူးပြီး၍ အမြစ်တို့ကို ထုတ်ရာ၏။ပ။ လျင်မြန်သော ရေအလျဉ်ရှိသော မြစ်၌မူလည်း မျှောရာ၏၊ ရဟန်းတို့ ဤသို့လျှင် ထိုသစ်ပင်ကြီးသည် အမြစ်အရင်းကို ဖြတ်ပြီးသည် ဖြစ်ရာ၏၊ ထန်းပင်ငုတ်ကဲ့သို့ ပြုပြီးသည် တစ်ဖန် မဖြစ်ခြင်းကို ပြုပြီးသည် နောင်အခါ၌ တစ်ဖန် မဖြစ်ခြင်းသဘောရှိသည် ဖြစ်ရာ၏၊ ရဟန်းတို့ ဤအတူသာလျှင် ဥပါဒါန်၏ အကြောင်းဖြစ်သော တေဘူ မိကတရားတို့၌ အပြစ်ဟု ရှုသည်ဖြစ်၍ နေသောသူအား တဏှာ ချုပ်၏၊ တဏှာ ချုပ်ခြင်းကြောင့် ဥပါဒါန် ချုပ်၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ချုပ်၏ဟု (ဟောတော်မူ၏)။

ဆဋ္ဌသုတ်။