သံယုတ္တနိကာယ်—၁၄

၄—စတုတ္ထဝဂ်

၁ဝ—တတိယ သမဏဗြာဟ္မဏသုတ်

၁၂၃။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏။ ရဟန်းတို့ ပထဝီဓာတ်ကို မသိကုန်သော ပထဝီဓာတ်၏ ဖြစ်ကြောင်းကို မသိကုန်သော ပထဝီဓာတ်၏ ချုပ်ရာကို မသိကုန်သော ပထဝီဓာတ်၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ကို မသိကုန်သော သမဏဗြာဟ္မဏတို့ကို။ပ။ အာပေါဓာတ်ကို မသိကုန်သော။ တေဇောဓာတ်ကို မသိကုန်သော။ ဝါယောဓာတ်ကို မသိကုန်သော ဝါယောဓာတ်၏ ဖြစ် ကြောင်းကို မသိကုန်သော ဝါယောဓာတ်၏ ချုပ်ရာကို မသိကုန်သော ဝါယောဓာတ်၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ကို မသိကုန်သော သမဏဗြာဟ္မဏတို့ကို သမဏတို့၌လည်း သမဏဟု မသမုတ် အပ်ကုန်၊ ဗြာဟ္မဏတို့၌လည်း ဗြာဟ္မဏဟု မသမုတ်အပ်ကုန်၊ ထိုအသျှင်တို့သည် သမဏ၏ အဖြစ်ကိုလည်းကောင်း၊ ဗြာဟ္မဏ၏ အဖြစ်ကိုလည်းကောင်း ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ မနေရကုန်။

ရဟန်းတို့ ပထဝီဓာတ်ကို သိကုန်သော ပထဝီဓာတ်၏ ဖြစ်ကြောင်းကို သိကုန်သော ပထဝီဓာတ်၏ ချုပ်ရာကို သိကုန်သော ပထဝီဓာတ်၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ကို သိကုန်သော သမဏ ဗြာဟ္မဏတို့ကို။ပ။ အာပေါဓာတ်ကို သိကုန်သော။ တေဇောဓာတ်ကို သိကုန်သော။ ဝါယောဓာတ်ကို သိ ကုန်သော ဝါယောဓာတ်၏ ဖြစ်ကြောင်းကို သိကုန်သော ဝါယောဓာတ်၏ ချုပ်ရာကို သိကုန်သော ဝါယော ဓာတ်၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ကို သိကုန်သော သမဏဗြာဟ္မဏတို့ကို သမဏတို့၌လည်း သမဏဟု သမုတ်အပ်ကုန်၏၊ ဗြာဟ္မဏတို့၌လည်း ဗြာဟ္မဏဟု သမုတ်အပ်ကုန်၏။ ထိုအသျှင်တို့သည် သမဏ၏ အဖြစ်ကိုလည်းကောင်း၊ ဗြာဟ္မဏ၏ အဖြစ်ကိုလည်းကောင်း ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေရကုန်၏ဟု (ဟောတော်မူ၏)။

ဒသမသုတ်။

စတုတ္ထဝဂ် ပြီး၏။

ဓာတုသံယုတ် ပြီး၏။