သံယုတ္တနိကာယ်—၁၅
၂—ဒုတိယဝဂ်
၂—သုခိတသုတ်
၁၃၅။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏။ ရဟန်းတို့ ဤသံသရာ၏ အစကို မသိနိုင်။ပ။ ရဟန်းတို့ ချမ်းသာသော တန်ဆာဆင်ခြင်းနှင့် ပြည့်စုံသောသူကို တွေ့မြင်ကုန်ရာ၏၊ ဤသို့ တွေ့မြင်ရာ၌ “ငါတို့သည်လည်း ဤရှည်စွာသော အဓွန့်ကာလ၌ ဤသို့သဘော ရှိသော ချမ်းသာကို ခံစားရဖူးလှလေပြီ” ဟူ၍ ဆုံးဖြတ်ခြင်းသို့ ရောက်အပ်၏။ ထိုသို့ ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း— ရဟန်းတို့ ဤသံသရာ၏ အစကို မသိနိုင်၊ ရှေ့အစွန်းသည် မထင်။ပ။ လွတ်မြောက်ခြင်းငှါ သင့်လှတော့သည်သာတည်းဟု (ဟောတော်မူ၏)။
ဒုတိယသုတ်။