သံယုတ္တနိကာယ်—၁၅
၂—ဒုတိယဝဂ်
၄—မာတုသုတ်
၁၃၇။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏။ ရဟန်းတို့ သံသရာ၏ အစကို မသိနိုင်။ပ။ ရဟန်းတို့ ဤရှည်စွာသော အဓွန့်ကာလ၌ သင်တို့၏ အမိမဖြစ်ဖူးသော သတ္တဝါကို ရလွယ်သည် မဟုတ်။
ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း—ရဟန်းတို့ ဤသံသရာ၏ အစကို မသိနိုင်။ပ။ လွတ်မြောက်ခြင်း ငှါ သင့်လှတော့ သည်သာလျှင်တည်းဟု (ဟောတော်မူ၏)။
စတုတ္ထသုတ်။