သံယုတ္တနိကာယ်—၁၅

၂—ဒုတိယဝဂ်

၅—ပိတုသုတ်

၁၃၈။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏။ ရဟန်းတို့ ဤသံသရာ၏ အစကို မသိနိုင်။ပ။ ရဟန်းတို့ အဖ မဖြစ်ဖူးသော သတ္တဝါကို ရလွယ်သည် မဟုတ်။ပ။ လွတ်မြောက်ခြင်းငှါ သင့်လှတော့သည် သာလျှင်တည်းဟု (ဟောတော်မူ၏)။

ပဉ္စမသုတ်။