သံယုတ္တနိကာယ်—၁၆

၄—ကုလူပကသုတ်

၁၄၇။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏။ ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင် ကုန်သနည်း၊ အဘယ်သို့ သဘောရှိသော ရဟန်းသည် ဒါယကာသို့ ချဉ်းကပ်သော ကုလူပကရဟန်း ဖြစ်ခြင်းငှါ ထိုက်သနည်း၊ အဘယ်သို့ သဘောရှိသော ရဟန်းသည် ဒါယကာသို့ ချဉ်းကပ်သော ကုလူပက ရဟန်းဖြစ်ခြင်းငှါ မထိုက်သနည်း၊ အသျှင်ဘုရား တရားတော်တို့သည် မြတ်စွာဘုရားသာလျှင် အရင်းမူလ ရှိပါကုန်၏။ပ။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏—

ရဟန်းတို့ မည်သည့် ရဟန်းမဆို “ငါ့အား ပေးလှူပါစေကုန်၊ မပေးလှူ မဖြစ်ပါစေကုန်လင့်။ ငါ့အား များစွာသာလျှင် ပေးလှူပါစေကုန်၊ အနည်းငယ်မျှကို မပေးလှူပါစေကုန်လင့်။ ငါ့အား မွန်မြတ် သည်ကိုသာလျှင် ပေးလှူပါစေကုန်၊ ကြမ်းတမ်းသည်ကို မပေးလှူပါစေကုန်လင့်။ ငါ့အား လျင်မြန်စွာသာ့လျှင် ပေးလှူပါစေကုန်၊ နှေးကွေးစွာ မပေးလှူပါစေကုန်လင့်။ ငါ့အား ရိုသေစွာသာလျှင် ပေးလှူပါစေကုန်၊ မရိုမသေ မပေးလှူပါစေကုန်လင့်”ဟု ဤသို့သော စိတ်ရှိသည် ဖြစ်၍ ဒါယကာတို့သို့ ချဉ်းကပ်၏။ ရဟန်းတို့ ဤသို့ စိတ်ရှိသည် ဖြစ်၍ ဒါယကာတို့သို့ ချဉ်းကပ်သော ထိုရဟန်းအား အကယ်၍ မပေးလှူ ကုန်သည် ဖြစ်အံ့၊ ထိုမပေးလှူခြင်းကြောင့် ရဟန်းသည် အနှိပ်စက်ခံရသကဲ့သို့ ဖြစ်၏၊ ထိုရဟန်းသည် ယင်းသို့ ဖြစ်ခြင်း အကြောင်းကြောင့် ဆင်းရဲခြင်း နှလုံးမသာခြင်းကို ခံစားရ၏။

အနည်းငယ်ကို ပေးလှူကုန်၏၊ အများကို မပေးလှူကုန်။ပ။ ကြမ်းတမ်းသည်ကို ပေးလှူကုန်၏၊ မွန်မြတ်သည်ကို မပေးလှူကုန်။ နှေးကွေးစွာ ပေးလှူကုန်၏၊ လျင်မြန်စွာ မပေးလှူကုန်။ ထိုမပေးလှူခြင်းကြောင့် ရဟန်းသည် အနှိပ်စက်ခံရသကဲ့သို့ ဖြစ်၏၊ ထိုရဟန်းသည် ယင်းသို့ ဖြစ်ခြင်း အကြောင်း ကြောင့် ဆင်းရဲခြင်း နှလုံးမသာခြင်းကို ခံစားရ၏။ မရိုမသေ ပေးလှူကုန်၏၊ ရိုသေစွာ မပေးလှူကုန်။ ယင်းသို့ ပေးလှူခြင်းကြောင့် ရဟန်းသည် အနှိပ်စက်ခံရသကဲ့သို့ ဖြစ်၏၊ ထိုရဟန်းသည် ယင်းသို့ ဖြစ်ခြင်း အကြောင်းကြောင့် ဆင်းရဲခြင်း နှလုံးမသာခြင်းကို ခံစားရ၏။ ရဟန်းတို့ ဤသို့သဘောရှိသော ရဟန်းသည် ဒါယကာတို့သို့ ချဉ်းကပ်သော ကုလူပကရဟန်းဖြစ်ခြင်းငှါ မထိုက်။

ရဟန်းတို့ အကြင်ရဟန်းသည်ကား “တစ်ပါးသော ဒါယကာတို့၌ ငါ့အား ပေးလှူပါစေကုန်၊ မပေး လှူသည် မဖြစ်စေကုန်လင့်။ ငါ့အား များစွာသာလျှင် ပေးလှူပါစေကုန်၊ အနည်းငယ်ကို မပေးလှူပါစေ ကုန်လင့်။ မွန်မြတ်သည်ကိုသာလျှင် ပေးလှူပါစေကုန်၊ ကြမ်းတမ်းသည်ကို မပေးလှူပါစေကုန်လင့်။ ငါ့အား လျင်မြန်စွာသာလျှင် ပေးလှူပါစေကုန်၊ နှေးကွေးစွာ မပေးလှူပါစေကုန်လင့်။ ငါ့အား ရိုသေစွာ ပေးလှူပါ စေကုန်၊ မရိုမသေ မပေးလှူပါစေကုန်လင့်”ဟု ဤသို့ ပေးလှူရာ၌ ထိုတောင့်တခြင်းကို အဘယ်မှာ ရနိုင် အံ့နည်းဟု ဤသို့ စိတ်ရှိသည် ဖြစ်၍ ဒါယကာတို့သို့ ချဉ်းကပ်၏။ ရဟန်းတို့ ဤသို့ စိတ်ရှိသည် ဖြစ်၍ ဒါယကာတို့သို့ ချဉ်းကပ်သော ထိုရဟန်းအား မပေးလှူကုန်၊ ထိုမပေးလှူခြင်းကြောင့် ရဟန်းသည် အနှိပ်စက်ခံရသကဲ့သို့ မဖြစ်၊ ထိုရဟန်းသည် ယင်းသို့ မဖြစ်ခြင်းကြောင့် ဆင်းရဲခြင်း နှလုံးမသာခြင်းကို မခံစားရ။

အနည်းငယ်ကို ပေးလှူကုန်၏၊ အများကို မပေးလှူကုန်။ ထိုမပေးလှူခြင်းကြောင့် ရဟန်းသည် အနှိပ်စက်ခံရသကဲ့သို့ မဖြစ်၊ ထိုရဟန်းသည် ယင်းသို့ မဖြစ်ခြင်း အကြောင်းကြောင့် ဆင်းရဲခြင်း နှလုံး မသာခြင်းကို မခံစားရ။ ကြမ်းတမ်းသည်ကို ပေးလှူကုန်၏၊ မွန်မြတ်သည်ကို မပေးလှူကုန်။ ထိုမပေးလှူခြင်းကြောင့် ရဟန်းသည် အနှိပ်စက်ခံရသကဲ့သို့ မဖြစ်၊ ထိုရဟန်းသည် ယင်းသို့ မဖြစ်ခြင်း အကြောင်း ကြောင့် ဆင်းရဲခြင်း နှလုံးမသာခြင်းကို မခံစားရ။ နှေးကွေးစွာ ပေးလှူကုန်၏၊ လျင်မြန်စွာ မပေးလှူ ကုန်။ ထိုမပေးလှူခြင်းကြောင့် ရဟန်းသည် အနှိပ်စက်ခံရသကဲ့သို့ မဖြစ်၊ ထိုရဟန်းသည် ထိုအနှိပ်စက် ခံရသကဲ့သို့ မဖြစ်ခြင်းဟူသော အကြောင်းကြောင့် ဆင်းရဲခြင်း နှလုံးမသာခြင်းကို မခံစားရ။ မရိုမသေ ပေးလှူကုန်၏၊ ရိုသေစွာ မပေးလှူကုန်။ ထိုမပေးလှူခြင်းကြောင့် ရဟန်းသည် အနှိပ်စက်ခံရသကဲ့သို့ မဖြစ်၊ ထိုရဟန်းသည် ထိုအနှိပ်စက်ခံရသကဲ့သို့ မဖြစ်ခြင်းဟူသော အကြောင်းကြောင့် ဆင်းရဲခြင်း နှလုံးမသာခြင်း ကို မခံစားရ။ ရဟန်းတို့ ဤသို့ သဘောရှိသော ရဟန်းသည် ဒါယကာတို့သို့ ချဉ်းကပ်သော ကုလူပက ရဟန်းဖြစ်ခြင်းငှါ ထိုက်၏။

ရဟန်းတို့ ကဿပသည် “တစ်ပါးသော ဒါယကာတို့၌ ‘ငါ့အား ပေးလှူပါစေကုန်၊ မပေးလှူသည် မဖြစ်စေကုန်လင့်။ ငါ့အား များစွာသာလျှင် ပေးလှူပါစေကုန်၊ အနည်းငယ်ကို မပေးလှူပါစေကုန်လင့်။ ငါ့အား မွန်မြတ်သည်ကိုသာလျှင် ပေးလှူပါစေကုန်၊ ကြမ်းတမ်းသည်ကို မပေးလှူပါစေကုန်လင့်။ ငါ့အား လျင်မြန်စွာသာလျှင် ပေးလှူပါစေကုန်၊ နှေးကွေးစွာ မပေးလှူပါစေကုန်လင့်။ ငါ့အား ရိုသေစွာ ပေးလှူပါ စေကုန်၊ မရိုမသေ မပေးလှူပါစေကုန်လင့်’ဟု ဤသို့ ပေးလှူရာ၌ ထိုတောင့်တခြင်းကို အဘယ်မှာ ရနိုင် အံ့နည်း”ဟု ဤသို့ စိတ်ရှိသည် ဖြစ်၍ ဒါယကာတို့သို့ ချဉ်းကပ်၏။ ရဟန်းတို့ ဤသို့ စိတ်ရှိသည် ဖြစ်၍့ဒါယကာတို့သို့ ချဉ်းကပ်သော ထိုကဿပအား အကယ်၍ မပေးလှူကုန်သည် ဖြစ်အံ့၊ ထိုမပေးလှူခြင်း ကြောင့် ကဿပသည် အနှိပ်စက်ခံရသကဲ့သို့ မဖြစ်၊ ထိုကဿပသည် ထိုအနှိပ်စက်ခံရသကဲ့သို့ မဖြစ်ခြင်း ဟူသော အကြောင့်ကြောင့် ဆင်းရဲခြင်း နှလုံးမသာခြင်းကို မခံစားရ။

အနည်းငယ်ကို ပေးလှူကုန်၏၊ အများကို မပေးလှူကုန်။ ထိုမပေးလှူခြင်းကြောင့် ကဿပသည် အနှိပ်စက်ခံရသကဲ့သို့ မဖြစ်၊ ထိုကဿပသည် ထိုအနှိပ်စက်ခံရသကဲ့သို့ မဖြစ်ခြင်းဟူသော အကြောင်း ကြောင့် ဆင်းရဲခြင်း နှလုံးမသာခြင်းကို မခံစားရ။ ကြမ်းတမ်းသည်ကို ပေးလှူကုန်၏၊ မွန်မြတ်သည်ကို မပေးလှူကုန်။ ထိုမပေးလှူခြင်းကြောင့် ကဿပသည် အနှိပ်စက်ခံရသကဲ့သို့ မဖြစ်၊ ထိုကဿပသည် ထို အနှိပ်စက်ခံရသကဲ့သို့ မဖြစ်ခြင်းတည်းဟူသော အကြောင်းကြောင့် ဆင်းရဲခြင်း နှလုံးမသာခြင်းကို မခံစား ရ။ နှေးကွေးစွာ ပေးလှူကုန်၏၊ လျင်မြန်စွာ မပေးလှူကုန်။ ထိုမပေးလှူခြင်းကြောင့် ကဿပသည် အနှိပ် စက်ခံရသကဲ့သို့ မဖြစ်၊ ထိုကဿပသည် ထိုအနှိပ်စက်ခံရသကဲ့သို့ မဖြစ်ခြင်းတည်းဟူသော အကြောင်း ကြောင့် ဆင်းရဲခြင်း နှလုံးမသာခြင်းကို မခံစားရ။ မရိုမသေ ပေးလှူကုန်၏၊ ရိုသေစွာ မပေးလှူကုန်။ ထိုမပေးလှူခြင်းကြောင့် ကဿပသည် အနှိပ်စက်ခံရသကဲ့သို့ မဖြစ်။ ထိုကဿပသည် ထိုအနှိပ်စက်ခံရ သကဲ့သို့ မဖြစ်ခြင်းဟူသော အကြောင်းကြောင့် ဆင်းရဲခြင်း နှလုံးမသာခြင်းကို မခံစားရ။ ရဟန်းတို့ သင်တို့အား ကဿပ (ဥပမာ)ဖြင့်လည်းကောင်း၊ ကဿပနှင့် တူသော မထေရ်ဥပမာဖြင့်လည်းကောင်း ငါ ဆုံးမအံ့၊ ဆုံးမအပ်ကုန်သော သင်တို့သည် မချွတ်မယွင်း ဖြစ်ခြင်းငှါ ကျင့်အပ်၏ဟု (ဟောတော်မူ၏)။

စတုတ္ထသုတ်။