သံယုတ္တနိကာယ်—၁၈

၂—ဒုတိယဝဂ်

၂—၁ဝ—ရူပစသော ကိုးသုတ်

၁၉၉။ သာဝတ္ထိနိဒါန်း။ ရာဟုလာ ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ အဆင်း ‘ရူပရုံ’တို့သည် မြဲကုန်သလော၊ မမြဲကုန်သလော။ အသျှင်ဘုရား မမြဲပါကုန်။ပ။ အသံ ‘သဒ္ဒါရုံ’တို့သည်။ အနံ့ ‘ဂန္ဓာရုံ’တို့သည်။ အရသာ ‘ရသာရုံ’တို့သည်။ အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ’တို့သည်။ သဘောတရား ‘ဓမ္မာရုံ’တို့သည် မြဲကုန်သလော၊ မမြဲကုန်သလော။ မျက်စိကို မှီ၍ သိမှု ‘စက္ခုဝိညာဏ်’သည်။ပ။ နားကို မှီ၍ သိမှု ‘သောတဝိညာဏ်’သည်၊ နှာခေါင်းကို မှီ၍ သိမှု ‘ဃာနဝိညာဏ်’သည်။ လျှာကို မှီ၍ သိမှု ‘ဇိဝှါဝိညာဏ်’ သည်။ ကိုယ်ကို မှီ၍ သိမှု ‘ကာယဝိညာဏ်’သည်။ စိတ်ဟူသော ‘မနောဝိညာဏ်’သည် မြဲသလော၊ မမြဲ သလော။

မျက်စိကြောင့် ဖြစ်သော တွေ့ထိမှု ‘စက္ခုသမ္ဖဿ’သည်။ပ။ နားကြောင့် ဖြစ်သော တွေ့ထိမှု ‘သောတသမ္ဖဿ’ သည်။ နှာခေါင်းကြောင့် ဖြစ်သော တွေ့ထိမှု ‘ဃာနသမ္ဖဿ’သည်။ လျှာကြောင့် ဖြစ် သော တွေ့ထိမှု ‘ဇိဝှါသမ္ဖဿ’သည်။ ကိုယ်ကြောင့် ဖြစ်သော တွေ့ထိမှု ‘ကာယသမ္ဖဿ’သည်။ စိတ်ကြောင့် ဖြစ်သော တွေ့ထိမှု ‘မနောသမ္ဖဿ’သည် မြဲသလော၊ မမြဲသလော။ မျက်စိအတွေ့ကြောင့် ဖြစ်သော ခံစားမှု ‘စက္ခုသမ္ဖဿဇာဝေဒနာ’သည်။ပ။ နားအတွေ့ကြောင့် ဖြစ်သော ခံစားမှု ‘သောတသမ္ဖဿဇာ ဝေဒနာ’သည်။ နှာခေါင်းအတွေ့ကြောင့် ဖြစ်သော ခံစားမှု ‘ဃာနသမ္ဖဿဇာဝေဒနာ’ သည်။ လျှာအတွေ့ ကြောင့် ဖြစ်သော ခံစားမှု ‘ဇိဝှါသမ္ဖဿဇာဝေဒနာ’သည်။ ကိုယ်အတွေ့ကြောင့် ဖြစ်သော ခံစားမှု ‘ကာယ သမ္ဖဿဇာဝေဒနာ’သည်။ စိတ်အတွေ့ကြောင့် ဖြစ်သော ခံစားမှု ‘မနောသမ္ဖဿဇာဝေဒနာ’သည် မြဲသလော၊ မမြဲသလော။

အဆင်း၌ မှတ်သားမှု ‘ရူပသညာ’သည်။ပ။ အသံ၌ မှတ်သားမှု ‘သဒ္ဒသညာ’သည်။ အနံ့၌ မှတ် သားမှု ‘ဂန္ဓသညာ’သည်။ အရသာ၌ မှတ်သားမှု ‘ရသသညာ’သည်။ အတွေ့၌ မှတ်သားမှု ‘ဖောဋ္ဌဗ္ဗ သညာ’သည်။ သဘောတရား၌ မှတ်သားမှု ‘ဓမ္မသညာ’သည် မြဲသလော၊ မမြဲသလော။ အဆင်း၌ စေ့ဆော်မှု ‘ရူပသေဉ္ဇတနာ’သည်။ပ။ အသံ၌ စေ့ဆော်မှု ‘သဒ္ဒသေဉ္ဇတနာ’သည်။ အနံ့၌ စေ့ဆော်မှု ‘ဂန္ဓ သေဉ္ဇတနာ’သည်။ အရသာ၌ စေ့ဆော်မှု ‘ရသသေဉ္ဇတနာ’သည်။ အတွေ့၌ စေ့ဆော်မှု ‘ဖောဋ္ဌဗ္ဗသေဉ္ဇတနာ’ သည်။ သဘောတရား၌ စေ့ဆော်မှု ‘ဓမ္မသေဉ္ဇတနာ’သည် မြဲသလော၊ မမြဲသလော။

အဆင်း၌ တပ်မက်မှု ‘ရူပတဏှာ’သည်။ အသံ၌ တပ်မက်မှု ‘သဒ္ဒတဏှာ’သည်။ အနံ့၌ တပ်မက်မှု ‘ဂန္ဓတဏှာ’သည်။ အရသာ၌ တပ်မက်မှု ‘ရသတဏှာ’သည်။ အတွေ့၌ တပ်မက်မှု ‘ဖောဋ္ဌဗ္ဗတဏှာ’သည်။ သဘောတရား၌ တပ်မက်မှု ‘ဓမ္မတဏှာ’သည် မြဲသလော၊ မမြဲသလော။ ပထဝီဓာတ်သည်။ပ။ အာပေါ ဓာတ်သည်။ တေဇောဓာတ်သည်။ ဝါယောဓာတ်သည်။ အာကာသဓာတ်သည်။ ဝိညာဏဓာတ်သည် မြဲသ လော၊ မမြဲသလော။ ရုပ်သည်။ပ။ ဝေဒနာသည်။ သညာသည်။ သင်္ခါရတို့သည်။ ဝိညာဏ်သည် မြဲသ လော၊ မမြဲသလော။ အသျှင်ဘုရား မမြဲပါ။ပ။ ရာဟုလာ ဤသို့ မြင်သော။ပ။ အရဟတ္တဖိုလ်အကျိုးငှါ တစ်ဖန်ပြုဖွယ် မရှိတော့ပြီဟု သိ၏ဟု (ဟောတော်မူ၏)။

ဒသမသုတ်။