သံယုတ္တနိကာယ်—၁၈

၁—ပဌမဝဂ်

၂—ရူပသုတ်

၁၈၉။ သာဝတ္ထိနိဒါန်း။ ရာဟုလာ ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ အဆင်း ‘ရူပါရုံ’တို့သည် မြဲကုန်သလော၊ မမြဲကုန်သလော။ အသျှင်ဘုရား မမြဲပါ။ပ။ အသံ ‘သဒ္ဒါရုံ’တို့သည်။ အနံ့ ‘ဂန္ဓာရုံ’တို့သည်။ အရသာ ‘ရသာရုံ’တို့သည်။ အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ’တို့သည်။ သဘောတရား ‘ဓမ္မာရုံ’တို့သည် မြဲကုန် သလော၊ မမြဲကုန်သလော။ အသျှင်ဘုရား မမြဲပါကုန်။ ရာဟုလာ ဤသို့ မြင်သော အကြားအမြင်နှင့် ပြည့်စုံသော အရိယာတပည့်သည် အဆင်း ‘ရူပါရုံ’တို့၌လည်း ငြီးငွေ့၏၊ အသံ ‘သဒ္ဒါရုံ’တို့၌လည်း ငြီးငွေ့၏၊ အနံ့ ‘ဂန္ဓာရုံ’တို့၌လည်း ငြီးငွေ့၏၊ အရသာ ‘ရသာရုံ’တို့၌လည်း ငြီးငွေ့၏၊ အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ’တို့၌လည်း ငြီးငွေ့၏၊ သဘောတရား ‘ဓမ္မာရုံ’တို့၌လည်း ငြီးငွေ့၏၊ ငြီးငွေ့သည်ရှိသော် တပ်ခြင်းကင်း၏။ပ။ သိ၏ဟု (ဟောတော်မူ၏)။

ဒုတိယသုတ်။