သံယုတ္တနိကာယ်—၁၈

၁—ပဌမဝဂ်

၃—ဝိညာဏသုတ်

၁၉ဝ။ သာဝတ္ထိနိဒါန်း။ ရာဟုလာ ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ မျက်စိကို မှီ၍ သိမှု ‘စက္ခုဝိညာဏ်’သည် မြဲသလော၊ မမြဲသလော။ အသျှင်ဘုရား မမြဲပါ။ နားကို မှီ၍ သိမှု ‘သောတဝိညာဏ်’ သည်။ပ။ နှာခေါင်းကို မှီ၍ သိမှု ‘ဃာနဝိညာဏ်’သည်။ လျှာကို မှီ၍့သိမှု ‘ဇိဝှါဝိညာဏ်’သည်။ ကိုယ်ကို မှီ၍ သိမှု ‘ကာယဝိညာဏ်’သည်။ စိတ်ဟူသော သိမှု ‘မနောဝိညာဏ်’သည် မြဲသလော၊ မမြဲသလော။ အသျှင် ဘုရား မမြဲပါ။ ရာဟုလာ ဤသို့ မြင်သော အကြားအမြင်နှင့် ပြည့်စုံသော အရိယာတပည့်သည် မျက်စိကို မှီ၍ သိမှု ‘စက္ခုဝိညာဏ်’၌လည်း ငြီးငွေ့၏။ပ။ နားကို မှီ၍ သိမှု ‘သောတဝိညာဏ်’ ၌လည်း ငြီးငွေ့၏၊ နှာခေါင်းကို မှီ၍ သိမှု ‘ဃာနဝိညာဏ်’၌လည်း ငြီးငွေ့၏၊ လျှာကို မှီ၍ သိမှု ‘ဇိဝှါဝိညာဏ်’၌လည်း ငြီးငွေ့၏၊ ကိုယ်ကို မှီ၍ သိမှု ‘ကာယဝိညာဏ်’၌လည်း ငြီးငွေ့၏၊ စိတ်ကို မှီ၍ သိမှု ‘မနောဝိညာဏ်’၌လည်း ငြီးငွေ့၏၊ ငြီးငွေ့သည်ရှိသော် တပ်ခြင်းကင်း၏။ပ။ သိ၏ဟု (ဟောတော်မူ၏)။

တတိယသုတ်။