သံယုတ္တနိကာယ်—၁၈

၁—ပဌမဝဂ်

၄—သမ္ဖဿသုတ်

၁၉၁။ သာဝတ္ထိနိဒါန်း။ ရာဟုလာ ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ မျက်စိကြောင့် ဖြစ်သော တွေ့ထိမှု ‘စက္ခုသမ္ဖဿ’သည် မြဲသလော၊ မမြဲသလော။ အသျှင်ဘုရား မမြဲပါ။ နားကြောင့် ဖြစ်သော တွေ့ထိမှု ‘သောတသမ္ဖဿ’သည်။ပ။ နှာခေါင်းကြောင့် ဖြစ်သော တွေ့ထိမှု ‘ဃာနသမ္ဖဿ’သည်။ လျှာကြောင့် ဖြစ်သော တွေ့ထိမှု ‘ဇိဝှါသမ္ဖဿ’သည်။ ကိုယ့်ကြောင့် ဖြစ်သော တွေ့ထိမှု ‘ကာယသမ္ဖဿ’ သည်။ စိတ်ကြောင့် ဖြစ်သော တွေ့ထိမှု ‘မနောသမ္ဖဿ’သည် မြဲသလော၊ မမြဲသလော။ အသျှင်ဘုရား မမြဲပါ။ ရာဟုလာ ဤသို့ မြင်သော အကြားအမြင်နှင့် ပြည့်စုံသော အရိယာတပည့်သည် ‘စက္ခုသမ္ဖဿ’၌လည်း ငြီးငွေ့၏။ပ။ ‘သောတသမ္ဖဿ’၌လည်း ငြီးငွေ့၏၊ ‘ဃာနသမ္ဖဿ’၌လည်း ငြီးငွေ့၏၊ ‘ဇိဝှါသမ္ဖဿ’ ၌လည်း ငြီးငွေ့၏၊ ‘ကာယသမ္ဖဿ’၌လည်း ငြီးငွေ့၏၊ ‘မနောသမ္ဖဿ’၌လည်း ငြီးငွေ့၏၊ ငြီးငွေ့သည် ရှိသော် တပ်ခြင်းကင်း၏။ပ။ သိ၏ဟု (ဟောတော်မူ၏)။

စတုတ္ထသုတ်။