သံယုတ္တနိကာယ်—၁၈

၁—ပဌမဝဂ်

၅—ဝေဒနာသုတ်

၁၉၂။ သာဝတ္ထိနိဒါန်း။ ရာဟုလာ ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ မျက်စိအတွေ့ကြောင့် ဖြစ်သော ခံစားမှု ‘စက္ခုသမ္ဖဿဇာဝေဒနာ’သည် မြဲသလော၊ မမြဲသလော။ အသျှင်ဘုရား မမြဲပါ။ နား အတွေ့ကြောင့် ဖြစ်သော ခံစားမှု ‘သောတသမ္ဖဿဇာဝေဒနာ’ သည်။ပ။ နှာခေါင်းအတွေ့ကြောင့် ဖြစ်သော ခံစားမှု ‘ဃာနသမ္ဖဿဇာဝေဒနာ’သည်။ လျှာအတွေ့ကြောင့် ဖြစ်သော ခံစားမှု ‘ဇိဝှါသမ္ဖဿဇာဝေဒနာ’ သည်။ ကိုယ်အတွေ့ကြောင့် ဖြစ်သော ခံစားမှု ‘ကာယသမ္ဖဿဇာဝေဒနာ’သည်။ စိတ်အတွေ့ကြောင့် ဖြစ် သော ခံစားမှု ‘မနောသမ္ဖဿဇာဝေဒနာ’သည် မြဲသလော၊ မမြဲသလော။ အသျှင်ဘုရား မမြဲပါ။ ရာဟုလာ ဤသို့ မြင်သော အကြားအမြင်နှင့် ပြည့်စုံသော အရိယာတပည့်သည် ‘စက္ခုသမ္ဖဿဇာဝေဒနာ’၌လည်း ငြီး ငွေ့၏။ပ။ ‘သောတသမ္ဖဿဇာဝေဒနာ’၌လည်း ငြီးငွေ့၏၊ ‘ဃာနသမ္ဖဿဇာဝေဒနာ’၌လည်း ငြီးငွေ့၏၊ ‘ဇိဝှါ သမ္ဖဿဇာဝေဒနာ’၌လည်း ငြီးငွေ့၏၊ ‘ကာယသမ္ဖဿဇာဝေဒနာ’၌လည်း ငြီးငွေ့၏၊ ‘မနောသမ္ဖဿဇာ ဝေဒနာ’၌လည်း ငြီးငွေ့၏။ပ။ သိ၏ဟု (ဟောတော်မူ၏)။

ပဉ္စမသုတ်။