သံယုတ္တနိကာယ်—၁၈

၁—ပဌမဝဂ်

၆—သညာသုတ်

၁၉၃။ သာဝတ္ထိနိဒါန်း။ ရာဟုလာ ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ အဆင်း၌ မှတ်သားမှု ‘ရူပသညာ’သည် မြဲသလော၊ မမြဲသလော။ အသျှင်ဘုရား မမြဲပါ။ အသံ၌ မှတ်သားမှု ‘သဒ္ဒသညာ’သည်။ပ။ အနံ့၌ မှတ်သားမှု ‘ဂန္ဓသညာ’သည်။ အရသာ၌ မှတ်သားမှု ‘ရသသညာ’သည်။ အတွေ့၌ မှတ်သား မှု ‘ဖောဋ္ဌဗ္ဗသညာ’သည်။ သဘောတရား၌ မှတ်သားမှု ‘ဓမ္မသညာ’သည် မြဲသလော၊ မမြဲသလော။ အသျှင် ဘုရား မမြဲပါ။ ရာဟုလာ ဤသို့ မြင်သော အကြားအမြင်နှင့် ပြည့်စုံသော အရိယာတပည့်သည် ရူပသညာ ၌လည်း ငြီးငွေ့၏။ပ။ သဒ္ဒသညာ၌လည်း ငြီးငွေ့၏။ ဂန္ဓသညာ၌လည်း ငြီးငွေ့၏။ ရသသညာ၌လည်း ငြီးငွေ့၏။ ဖောဋ္ဌဗ္ဗသညာ၌လည်း ငြီးငွေ့၏။ ဓမ္မသညာ၌လည်း ငြီးငွေ့၏။ပ။ သိ၏ဟု (ဟောတော်မူ၏)။

ဆဋ္ဌသုတ်။