သံယုတ္တနိကာယ်—၁၈

၁—ပဌမဝဂ်

၇—သေဉ္ဇတနာသုတ်

၁၉၄။ သာဝတ္ထိနိဒါန်း။ ရာဟုလာ ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ အဆင်း၌ စေ့ဆော်မှု ‘ရူပသေဉ္ဇတနာ’သည် မြဲသလော၊ မမြဲသလော။ အသျှင်ဘုရား မမြဲပါ။ အသံ၌ စေ့ဆော်မှု ‘သဒ္ဒသေဉ္ဇတနာ’ သည်။ပ။ အနံ့၌ စေ့ဆော်မှု ‘ဂန္ဓသေဉ္ဇတနာ’သည်။ အရသာ၌ စေ့ဆော်မှု ‘ရသသေဉ္ဇတနာ’ သည်။ အတွေ့ ၌ စေ့ဆော်မှု ‘ဖောဋ္ဌဗ္ဗသေဉ္ဇတနာ’ သည်။ သဘောတရား၌ စေ့ဆော်မှု ‘ဓမ္မသေဉ္ဇတနာ’သည် မြဲသလော၊ မမြဲသလော။ အသျှင်ဘုရား မမြဲပါ။ ရာဟုလာ ဤသို့ မြင်သော အကြားအမြင်နှင့် ပြည့်စုံသော အရိယာ တပည့်သည် ရူပသေဉ္ဇတနာ၌လည်း ငြီးငွေ့၏။ပ။ သဒ္ဒသေဉ္ဇတနာ၌လည်း ငြီးငွေ့၏။ ဂန္ဓသေဉ္ဇတနာ၌လည်း ငြီးငွေ့၏။ ရသသေဉ္ဇတနာ၌လည်း ငြီးငွေ့၏။ ဖောဋ္ဌဗ္ဗသေဉ္ဇတနာ၌လည်း ငြီးငွေ့၏။ ဓမ္မသေဉ္ဇတနာ ၌လည်း ငြီးငွေ့၏။ပ။ သိ၏ဟု (ဟောတော်မူ၏)။

သတ္တမသုတ်။