သံယုတ္တနိကာယ်—၁၈

၁—ပဌမဝဂ်

၉—ဓာတုသုတ်

၁၉၆။ သာဝတ္ထိနိဒါန်း။ ရာဟုလာ ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ပထဝီဓာတ်သည် မြဲသလော၊ မမြဲသလော။ အသျှင်ဘုရား မမြဲပါ။ အာပေါဓာတ်သည်။ပ။ တေဇောဓါတ်သည်။ ဝါယောဓာတ် သည်။ အာကာသဓာတ်သည်။ ဝိညာဏဓာတ်သည် မြဲသလော၊ မမြဲသလော။ အသျှင်ဘုရား မမြဲပါ။ ရာဟုလာ ဤသို့ မြင်သော အကြားအမြင်နှင့် ပြည့်စုံသော အရိယာတပည့်သည် ပထဝီဓာတ်၌လည်း ငြီး ငွေ့၏။ပ။ အာပေါဓာတ်၌လည်း ငြီးငွေ့၏။ တေဇောဓာတ်၌လည်း ငြီးငွေ့၏။ ဝါယောဓာတ်၌လည်း ငြီးငွေ့၏။ အာကာသဓာတ်၌လည်း ငြီးငွေ့၏။ ဝိညာဏဓာတ်၌လည်း ငြီးငွေ့၏။ပ။ သိ၏ဟု့ (ဟောတော်မူ၏)။

နဝမသုတ်။