သံယုတ္တနိကာယ်—၂

၂—အနာထပိဏ္ဍိကဝဂ်

၂—ဝေဏ္ဍုသုတ်

၉၃။ တစ်ခုသော အရပ်၌ ရပ်တည်ပြီးသော် ဝေဏ္ဍုနတ်သားသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏ —

အကြင် သတ္တဝါတို့သည် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်၌ လုံ့လပြုကုန် လျက် မမေ့မလျော့ကုန်သည်ဖြစ်၍ ကျင့်ကုန်၏၊ ထိုသတ္တဝါတို့သည် မြတ်စွာဘုရား သို့ ဆည်းကပ်ခြင်းကြောင့် ချမ်းသာကုန်သည်သာလျှင်တည်းဟု (လျှောက်၏)။

ဝေဏ္ဍုနတ်သား မကောင်းမှုကို လောင်းကျွမ်းစေတတ်ကုန်သော အကြင်သူတို့ သည် ငါ ဟောဆိုအပ်သော ဆုံးမကြောင်းတရားတို့ကို ကျင့်ကုန်၏၊ ထိုသူတို့သည် လျောက်ပတ်သော အခါ၌ မမေ့မလျော့ကုန်သည်ဖြစ်၍ သေမင်း၏ အလို နိုင်ငံသို့ မလိုက်ရကုန်ဟု မြတ်စွာဘုရားသည် (မိန့်တော်မူ၏)။