သံယုတ္တနိကာယ်—၂

၂—အနာထပိဏ္ဍိကဝဂ်

၃—ဒီဃလဋ္ဌိသုတ်

၉၄။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်၌ ရှဉ့်နက်တို့ကို အစာကျွေး၍ မွေးရာဖြစ်သော ဝေဠုဝန်ကျောင်းတော်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ဒီဃလဋ္ဌိနတ်သားသည် ညဉ့်ဦးယံလွန်ပြီးသော (သန်းခေါင်ယံ) အချိန်၌ အလွန်နှစ်သက်ဖွယ်သော အဆင်း ရှိသည်ဖြစ်၍ ဝေဠုဝန်တစ်ကျောင်းလုံးကို ထွန်းလင်းစေလျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏—

ရဟန်းသည် အရဟတ္တ ဖိုလ် ကို အကယ် ၍ အလိုရှိငြား အံ့၊ ဈာန် ဝင် စား လေ့ ရှိသည် ဖြစ် ၍ ကိလေသာမှ လွတ်သော စိတ်ရှိသူ ဖြစ်ရာ၏၊ သင်္ခါရလောက၏ ဖြစ်ခြင်း ပျက်ခြင်းကိုလည်း သိ၍ ကောင်းသော စိတ်ရှိလျက် တဏှာဒိဋ္ဌိကို မမှီသည်ရှိသော် ထိုအရဟတ္တဖိုလ်တည်းဟူသော အကျိုး ‘အာနိသင်’ရှိသည် ဖြစ်ရာ၏ဟု (လျှောက်၏)။