သံယုတ္တနိကာယ်—၂

၂—အနာထပိဏ္ဍိကဝဂ်

၆—ဝါသုဒတ္တသုတ်

၉၇။ တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် ဝါသုဒတ္တနတ်သားသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏ —

“လှံဖြင့် အထိုးခံရသူကဲ့သို့လည်းကောင်း၊ ဦးခေါင်း၌ မီးလောင်ခံရသူကဲ့သို့လည်းကောင်း ရဟန်းသည် ကာမဂုဏ်၌ တပ်စွန်းမှု ‘ရာဂ’ကို ပယ်ရန် သတိနှင့် ပြည့်စုံ သည် ဖြစ်၍ နေရာ၏”ဟု (လျှောက်၏)။

လှံဖြင့် အထိုးခံရသူကဲ့သို့လည်းကောင်း၊ ဦးခေါင်း၌ မီးလောင်းခံရသူကဲ့သို့လည်းကောင်း ရဟန်းသည် ပရမတ္ထအားဖြင့် ထင်ရှားရှိသော ခန္ဓာငါးပါး၌ အမြင်မှားမှု ‘သက္ကာယဒိဋ္ဌိ’ကို ပယ်ရန် သတိနှင့် ပြည့်စုံသည်ဖြစ်၍ နေရာ၏ဟု (မိန့်တော်မူ၏)။