သံယုတ္တနိကာယ်—၂

၂—အနာထပိဏ္ဍိကဝဂ်

၇—သုဗြဟ္မသုတ်

၉၈။ တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် သုဗြဟ္မနတ်သားသည် မြတ်စွာဘုရားကို ဂါထာဖြင့် လျှောက်၏ —

“မဖြစ်ကုန်သေးသော ဆင်းရဲဒုက္ခတို့၌လည်းကောင်း၊ ထို့ပြင် ဖြစ်ကုန်ပြီးသော ဆင်းရဲဒုက္ခတို့၌လည်းကောင်း (အကျွန်ုပ်၏) ဤစိတ်သည် အမြဲထိတ်၏၊ ဤစိတ် သည် အမြဲလန့်၏၊ မထိတ်လန့်ကြောင်း အကယ်၍ ရှိသည် ဖြစ်အံ့၊ ထိုမထိတ်လန့်ခြင်းကို မေးအပ်သောအသျှင်ဘုရားသည် တရားဟောကြားပါလော့”ဟု (လျှောက်၏)။

ဗောဇ္ဈင်တရား ပွားများခြင်းကိုလည်းကောင်း၊ ခြိုးခြံသော အကျင့်ဂုဏ်ကိုလည်းကောင်း ဖယ်ထား၍ သတ္တဝါတို့၏ ချမ်းသာခွင့်ကို ငါဘုရား မမြင်။ ဣန္ဒြေတို့ကို စောင့်စည်းခြင်းကို ဖယ်ထား၍ သတ္တဝါတို့၏ ချမ်းသာခွင့်ကို ငါဘုရား မမြင်၊ အလုံးစုံ ငြိတွယ်ခြင်းကင်းသော နိဗ္ဗာန်ကို ဖယ်ထား၍ သတ္တဝါတို့၏ ချမ်းသာခွင့်ကို ငါဘုရား မမြင်ဟု (မိန့်တော်မူ၏)။

ဤစကားကို မိန့်တော်မူ၏။ပ။ နတ်သားသည် ထိုအရပ်၌ပင်လျှင် ကွယ်ပျောက် လေ၏။