သံယုတ္တနိကာယ်—၂

၁—ပဌမဝဂ်

၂—ဒုတိယ ကဿပသုတ်

၈၃။ သာဝတ္ထိနိဒါန်း။ တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် ကဿပနတ်သားသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏—

ရဟန်းသည် အရဟတ္တဖိုလ်ကို အကယ်၍ အလိုရှိသည် ဖြစ်အံ့၊ ဈာန်ဖြင့် ရှုလေ့ ရှိသည် ဖြစ်၍ (ကိလေသာမှ) လွတ်မြောက်သော စိတ်ရှိသူ ဖြစ်ရာ၏၊ လောက၏ ဖြစ်ခြင်းပျက်ခြင်းကိုလည်း သိ၍ ကောင်းသော စိတ်ရှိလျက် (တဏှာဒိဋ္ဌိတို့ကို) မမှီ သည်ရှိသော် ထို (အရဟတ္တဖိုလ်ဟူသော) အကျိုးအာနိသင်ရှိသည် ဖြစ်ရာ၏။