သံယုတ္တနိကာယ်—၂

၃—နာနာတိတ္ထိယဝဂ်

၇—နန္ဒသုတ်

၁ဝ၈။ တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် နန္ဒနတ်သားသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏ —

“အချိန်အခါတို့သည် (ပုဂ္ဂိုလ်ကို) လွန်ကုန်၏၊ ညဉ့်တို့သည် (ပုဂ္ဂိုလ်ကို) လွန် ကုန်၏၊ (ပဌမ မဇ္ဈိမ ပစ္ဆိမ) အရွယ်အစုတို့သည် (ပုဂ္ဂိုလ်ကို) အစဉ်အတိုင်း စွန့် ကုန်၏၊ (ပညာရှိသည်) သေခြင်း၌ ထိုကြောက်ဖွယ် ဘေးသုံးမျိုးကို ရှုသည်ဖြစ်၍ ချမ်းသာကို ဆောင်တတ်သော ကောင်းမှုတို့ကို ပြုရာ၏”ဟု (လျှောက်၏)။

အချိန်အခါတို့သည် (ပုဂ္ဂိုလ်ကို) လွန်ကုန်၏၊ ညဉ့်တို့သည် (ပုဂ္ဂိုလ်ကို) လွန် ကုန်၏၊ (ပဌမ မဇ္ဈိမ့ပစ္ဆိမ) အရွယ်အစုတို့သည် (ပုဂ္ဂိုလ်ကို) အစဉ်အတိုင်း စွန့် ကုန်၏၊ ငြိမ်းချမ်းရာ (နိဗ္ဗာန်) ကို အလိုရှိသူသည် ထိုကြောက်ဖွယ် ဘေးသုံးမျိုးကို ရှုသည်ဖြစ်၍ လောကအာမိသ (တေဘူမကဝဋ်) ကို စွန့်ရာ၏ဟု (မိန့်တော်မူ၏)။