သံယုတ္တနိကာယ်—၂
၃—နာနာတိတ္ထိယဝဂ်
၈—နန္ဒိဝိသာလသုတ်
၁ဝ၉။ တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် နန္ဒိဝိသာလနတ်သားသည် မြတ်စွာဘုရားကို ဂါထာဖြင့် လျှောက်၏ —
“ြ ကီးသော လုံ့လရှိတော်မူသော မြတ်စွာဘုရား (ဣရိယာပုတ်) လေးပါးဟူသော စက်လေးပါးလည်းရှိသော ကိုးပါးသော အပေါက် (ဒွါရ)လည်းရှိသော (မစင်တို့ဖြင့်) ပြည့်သော လိုချင်မှု ‘လောဘ’နှင့် စပ်ယှဉ်သော (အမိဝမ်းတိုက်ဟူသော) ညွန်ပျောင်း၌ ဖြစ်သော ကိုယ်သည် အဘယ်သို့လျှင် ထွက်မြောက်မှု ဖြစ်လတ္တံ့နည်း”ဟု (လျှောက်၏)။
ရန်ငြိုးဖွဲ့မှုကိုလည်းကောင်း၊ ကိလေသာဟူသော လွန်ကြိုးကိုလည်းကောင်း၊ လိုချင်မှု ‘ဣစ္ဆာ’ကိုလည်းကောင်း၊ ယုတ်ညံ့သော ‘လောဘ’ကိုလည်းကောင်း ဖြတ်၍ တပ်မက်မှု ‘တဏှာ’ကို အမြစ်နှင့်တကွ နုတ်သည်ရှိသော် ဤသို့ ထွက်မြောက်သည် ဖြစ်နိုင်လတ္တံ့ဟု (မိန့်တော်မူ၏)။