သံယုတ္တနိကာယ်—၂ဝ

၁—ကူဋသုတ်

၂၂၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် —အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည်။ပ။ ဤစကားကို မိန့်တော်မူ၏ —ရဟန်းတို့ ဥပမာသော်ကား အထွက်တပ်သော အိမ်၏ အခြင် ဟူသမျှ အားလုံးတို့သည် အထွတ်သို့ ရောက်ကုန်၏၊ အထွတ်လျှင် စုဝေးရာရှိကုန်၏၊ အထွတ်ကို ဖျက်ဆီးခြင်းဖြင့် ထိုအခြင်ဟူသမျှ အားလုံးတို့သည် ပျက်စီးခြင်းသို့ ရောက်ကုန်၏။

ရဟန်းတို့ ဤအတူသာလျှင် အကုသိုလ်တရားဟူသမျှ အားလုံးတို့သည် အဝိဇ္ဇာလျှင် အရင်းမူလရှိ ကုန်၏။ အဝိဇ္ဇာလျှင် စုဝေးရာရှိကုန်၏၊ အဝိဇ္ဇာကို ဖျက်ဆီးခြင်းဖြင့် ထိုအကုသိုလ်ဟူသမျှ အားလုံးတို့ သည် ပျက်စီးခြင်းသို့ ရောက်ကုန်၏၊ ရဟန်းတို့ ထို့ကြောင့် “မမေ့လျော့ကုန်သည် ဖြစ်၍ နေကုန်အံ့”ဟု ဤသို့လျှင် သင်တို့ ကျင့်ရမည်ဟု (ဟောတော်မူ၏)။

ပဌမသုတ်။