သံယုတ္တနိကာယ်—၂ဝ

၂—နခသိခသုတ်

၂၂၄။ သာဝတ္ထိနိဒါန်း။ ထိုအခါ မြတ်စွာဘုရားသည် လက်သည်းဖျား၌ မြေမှုန့်အနည်းငယ်ကို တင်၍ ရဟန်းတို့ကို မိန့်တော်မူ၏— “ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ လက်သည်းဖျား၌ ငါတင်ထားအပ်သော မြေမှုန့်အနည်းငယ်နှင့် မဟာပထဝီမြေကြီးသည် အဘယ်က ပိုမိုများသနည်း”ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား ထိုမဟာပထဝီမြေကြီးသည်သာလျှင် များပါ၏၊ လက်သည်းဖျား၌ မြတ်စွာဘုရား တင်ထားအပ်သော မြေမှုန့်သည်ကား အနည်းငယ်မျှသာတည်း၊ မဟာပထဝီမြေကြီးကို ထောက်ဆ၍ လက် သည်းဖျား၌ မြတ်စွာဘုရား တင်ထားအပ်သော အနည်းငယ်သော မြေမှုန့်သည် အရေအတွက်သို့လည်း မရောက်ပါ၊ အထောက်အထားသို့လည်း မရောက်ပါ၊ အစိတ်အပိုင်းသို့လည်း မရောက်ပါဟု (လျှောက်ကြ ကုန်၏)။

ရဟန်းတို့ ဤအတူသာလျှင် လူတို့၌ လူပြန်ဖြစ်သော သတ္တဝါတို့သည် နည်းလှကုန်၏၊ စင်စစ် သော်ကား လူအဖြစ်မှ တစ်ပါး (အပါယ်ဘုံတို့၌) ဖြစ်ကြသော သတ္တဝါတို့သည်သာလျှင် အလွန်များကုန်၏၊ ရဟန်းတို့ ထို့ကြောင့် “မမေ့လျော့ကုန်သည် ဖြစ်၍ နေကုန်အံ့”ဟု ဤသို့လျှင် သင်တို့ ကျင့်ရမည်ဟု (ဟောတော်မူ၏)။

ဒုတိယသုတ်။