သံယုတ္တနိကာယ်—၂ဝ

၃—ကုလသုတ်

၂၂၅။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ မိန်းမများ၍ ယောကျာ်းနည်းသော အိမ်ဟူသမျှတို့ကို မီးအုပ် ဆောင်း ခိုးသူတို့သည် ဖျက်ဆီးရန် လွယ်ကူကုန်သကဲ့သို့ ထို့အတူသာလျှင် (ဆန့်ကျင်ဘက်မှ) လွတ် မြောက်သော မေတ္တာစိတ်ကို မပွားများမလေ့လာသော မည်သည့်ရဟန်းကိုမဆို မြေဖုတ်ဘီလူးတို့ ဖျက်ဆီး ရန် လွယ်ကူကုန်၏။

ရဟန်းတို့ ဥပမာသော်ကား မိန်းမနည်း၍ ယောကျာ်းများသော အိမ်ဟူသမျှတို့ကို မီးအုပ်ဆောင်း ခိုးသူတို့သည် ဖျက်ဆီးခြင်းငှါ မလွယ်ကူကုန်သကဲ့သို့ ရဟန်းတို့ ဤအတူသာလျှင် (ဆန့်ကျင်ဘက်မှ) လွတ်မြောက်သော မေတ္တာစိတ်ကို ပွားများလေ့လာသော မည်သည့်ရဟန်းကို မဆို မြေဖုတ်ဘီလူးတို့ ဖျက် ဆီးရန် မလွယ်ကူ။

ရဟန်းတို့ ထို့ကြောင့် “ငါ့တို့သည် (ဆန့်ကျင်ဘက်မှ) လွတ်မြောက်သော မေတ္တာစိတ်ကို ပွားများ အံ့၊ လေ့လာအံ့၊ ယာဉ်ကဲ့သို့ ပြုအံ့၊ တည်ရာကဲ့သို့ ပြုအံ့၊ ဆောက်တည်အံ့၊ ထက်ဝန်းကျင်မှ ဆည်းပူးအံ့၊ ကောင်းစွာ အားထုတ်အံ့”ဟု ဤသို့လျှင် သင်တို့ ကျင့်ရမည်ဟု (ဟောတော်မူ၏)။

တတိယသုတ်။