သံယုတ္တနိကာယ်—၂ဝ

၄—သြက္ခာသုတ်

၂၂၆။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ အကြင်သူသည် နံနက်တစ်ကြိမ် နေ့လည်တစ်ကြိမ် ညနေ တစ်ကြိမ် မွန်မြတ်သော ဘောဇဉ်တို့ဖြင့် ပြည့်သော ထမင်းအိုးတစ်ရာဖြင့် အလှူကို ပေးလှူရာ၏၊ အကြင် သူသည်ကား နံနက်အခါ၌ဖြစ်စေ, နေ့လည်အခါ၌ဖြစ်စေ, ညနေအခါ၌ဖြစ်စေ အယုတ်သဖြင့် နွားနို့တစ်ညှစ် ခန့် ကာလမျှလည်း မေတ္တာစိတ်ကို ပွားများရာ၏၊ ဤနွားနို့တစ်ညှစ်ခန့်မျှ မေတ္တာစိတ်ကို ပွားများခြင်း သည် ထိုအလှူသုံးကြိမ်ထက် အထူးသဖြင့် အကျိုးကြီး၏။

ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ “ငါ့တို့သည် (ဆန့်ကျင်ဘက်မှ) လွတ်မြောက်သော မေတ္တာစိတ်ကို ပွားများအံ့၊ လေ့လာအံ့၊ ယာဉ်ကဲ့သို့ ပြုအံ့၊ တည်ရာကဲ့သို့ ပြုအံ့၊ ဆောက်တည်အံ့၊ ထက် ဝန်းကျင်မှ ဆည်းပူးအံ့၊ ကောင်းစွာ အားထုတ်အံ့”ဟု ဤသို့လျှင် သင်တို့ ကျင့်ရမည်ဟု (ဟောတော်မူ၏)။

စတုတ္ထသုတ်။