သံယုတ္တနိကာယ်—၂၂

၁—နကုလပိတုဝဂ်

၁ဝ—ကာလတ္တယဒုက္ခသုတ်

၁ဝ။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ အတိတ်အနာဂတ်ဖြစ်သော ရုပ်သည် ဆင်းရဲ၏၊ ပစ္စုပ္ပန်ဖြစ်သောရုပ်၏ ဆင်းရဲခြင်း၌ အဘယ်ဆိုဖွယ်ရာ ရှိမည်နည်း။ ရဟန်တို့ ဤသို့ မြင်သော အကြားအမြင်ရှိသောအရိယာတပည့်သည် အတိတ်ဖြစ်သော ရုပ်၌ ငဲ့ကွက်ခြင်း ကင်း၏၊ အနာဂတ်ဖြစ်သော ရုပ်ကို မနှစ်သက်၊ ပစ္စုပ္ပန်ဖြစ်သော ရုပ်၌ ငြီးငွေ့ခြင်းငှါ တပ်မက်ခြင်းကင်းခြင်းငှါ ချုပ်ခြင်းငှါ ကျင့်၏။ အတိတ်အနာဂတ်ဖြစ်သော ခံစားမှု ‘ဝေဒနာ’သည် ဆင်းရဲ၏။ မှတ်သားမှု ‘သညာ ‘သည် ဆင်းရဲ၏။ ပြုပြင်မှု’သင်္ခါရ’တို့သည် ဆင်းရဲကုန်၏၊ ဝိညာဏ်သည် ဆင်းရဲ၏၊ ပစ္စုပ္ပန်ဖြစ်သော ဝိညာဏ်၏ ဆင်းရဲခြင်း၌ အဘယ်ဆိုဖွယ်ရာ ရှိမည်နည်း။ ရဟန်းတို့ ဤသို့ မြင်သော အကြားအမြင်ရှိသော အရိယာတပည့်သည် အတိတ်ဖြစ်သော ဝိညာဏ်၌ ငဲ့ကွက်ခြင်း ကင်း၏၊ အနာဂတ်ဖြစ်သော ဝိညာဏ်ကို မနှစ်သက်၊ ပစ္စုပ္ပန်ဖြစ်သောဝိညာဏ်၌ ငြီးငွေ့ခြင်းငှါ တပ်မက်ခြင်းကင်းခြင်းငှါ ချုပ်ခြင်းငှါ ကျင့်၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။