သံယုတ္တနိကာယ်—၂၂

(၁၁) ၁—အန္တဝဂ်

၃—သက္ကာယသုတ်

၁ဝ၅။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ သင်တို့အား သက္ကာယကိုလည်းကောင်း၊ သက္ကာယဖြစ်ပေါ့်ကြောင်းကိုလည်းကောင်း၊ သက္ကာယချုပ်ရာကိုလည်းကောင်း၊ သက္ကာယချုပ်ရာသို့ရောက်ကြောင်းအကျင့်ကိုလည်းကောင်း ဟောပေအံ့၊ ထိုတရားကို နာကြကုန်လော့။

ရဟန်းတို့ သက္ကာယဟူသည် အဘယ်နည်း၊ ဥပါဒါနက္ခန္ဓာငါးမျိုးတို့ဟု ဆိုအပ်သည် ဖြစ်၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ— ရုပ်ဟူသော ဥပါဒါနက္ခန္ဓာ၊ ဝေဒနာဟူသော ဥပါဒါနက္ခန္ဓာ၊ သညာဟူသောဥပါဒါနက္ခန္ဓာ၊ သင်္ခါရတို့ဟူသော ဥပါဒါနက္ခန္ဓာ၊ ဝိညာဏ်ဟူသော ဥပါဒါနက္ခန္ဓာတို့တည်း။ ရဟန်းတို့ ဤသည်ကို သက္ကာယဟု ဆိုအပ်၏။ ရဟန်းတို့ သက္ကာယဖြစ်ပေါ်ကြောင်းဟူသည် အဘယ်နည်း၊ ရဟန်းတို့တစ်ဖန် ဘဝသစ်ကို ဖြစ်စေတတ်သော တဏှာတည်း။ပ။ ရဟန်းတို့ ဤသည်ကို သက္ကာယဖြစ်ပေါ်ကြောင်းဟု ဆိုအပ်၏။ ရဟန်းတို့ သက္ကာယချုပ်ရာဟူသည် အဘယ်နည်း၊ ရဟန်းတို့ထိုတဏှာ၏သာလျှင်။ပ။ ရဟန်းတို့ ဤသည်ကို သက္ကာယချုပ်ရာဟု ဆိုအပ်၏။ ရဟန်းတို့သက္ကာယချုပ်ရာသို့ ရောက် ကြောင်းအကျင့်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ မှန်ကန်သော မြင်မှု။ပ။ မှန်ကန်သော တည်ကြည်မှုဟူ သော အင်္ဂါရှစ်မျိုးရှိသော ဤအရိယမဂ်တည်း။ ရဟန်းတို့ ဤသည်ကိုသက္ကာယချုပ်ရာသို့ ရောက် ကြောင်းအကျင့်ဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။