သံယုတ္တနိကာယ်—၂၂

(၁၁) ၁—အန္တဝဂ်

၄—ပရိညေယျသုတ်

၁ဝ၆။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ပိုင်းခြား၍ သိအပ်သော တရားတို့ကိုလည်းကောင်း၊ ပိုင်းခြား၍ သိခြင်းကိုလည်းကောင်း၊ ပိုင်းခြား၍ သိသော ပုဂ္ဂိုလ်ကိုလည်းကောင်း ဟောပေအံ့၊ ထိုတရားကို နာကြကုန်လော့။

ရဟန်းတို့ ပိုင်းခြား၍ သိအပ်သော တရားတို့ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ရုပ်သည် ပိုင်း ခြား၍ သိအပ်သော တရားတည်း။ ဝေဒနာသည်။ပ။ သညာသည်။ သင်္ခါရတို့သည်။ ဝိညာဏ်သည် ပိုင်း ခြား၍ သိအပ်သော တရားတည်း။ ရဟန်းတို့ ဤသည်တို့ကို ပိုင်းခြား၍ သိအပ်သော တရားတို့ဟု ဆိုအပ်ကုန်၏။ ရဟန်းတို့ ပိုင်းခြား၍ သိခြင်းဟူသည် အဘယ်နည်း၊ ရာဂကုန်ခြင်း၊ ဒေါသကုန်ခြင်း၊ မောဟကုန်ခြင်းတို့တည်း။ ရဟန်းတို့ ဤသည်ကို ပိုင်းခြား၍ သိခြင်းဟု ဆိုအပ်၏။ ရဟန်းတို့ ပိုင်းခြား၍ သိသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ရဟန္တာဟု ဆိုအပ်၏၊ ဤရဟန္တာပုဂ္ဂိုလ်သည် ဤသို့ အမည်ရှိ၏၊ ဤသို့ အနွယ်ရှိ၏။ ရဟန်းတို့ ဤသည်ကို ပိုင်းခြား၍ သိသော ပုဂ္ဂိုလ်ဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။