သံယုတ္တနိကာယ်—၂၂

(၁၁) ၁—အန္တဝဂ်

၅—သမဏသုတ်

၁ဝ၇။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ဥပါဒါနက္ခန္ဓာတို့သည် ငါးမျိုးတို့တည်း၊ အဘယ်ငါးမျိုးတို့နည်းဟူမူ— ရုပ်ဟူသော ဥပါဒါနက္ခန္ဓာ။ပ။ ဝိညာဏ်ဟူသော ဥပါဒါနက္ခန္ဓာတို့တည်း။ ရဟန်းတို့ အချို့သောသမဏဗြာဟ္မဏတို့သည် ဥပါဒါနက္ခန္ဓာငါးမျိုးတို့၏ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်ရာကိုလည်းကောင်းဟုတ်တိုင်းမှန်စွာ မသိကုန်။ပ။ သိကုန်၏။ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ရောက်၍ နေကုန်၏ဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။