သံယုတ္တနိကာယ်—၂၂

(၁၁) ၁—အန္တဝဂ်

၆—ဒုတိယ သမဏသုတ်

၁ဝ၈။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ဥပါဒါနက္ခန္ဓာတို့သည် ငါးမျိုးတို့တည်း၊ အဘယ်ငါးမျိုးတို့နည်းဟူမူ—ရုပ်ဟူသော ဥပါဒါနက္ခန္ဓာ၊ ဝေဒနာဟူသော ဥပါဒါနက္ခန္ဓာ၊ သညာဟူသော ဥပါဒါနက္ခန္ဓာ၊ သင်္ခါရတို့ဟူသော ဥပါဒါနက္ခန္ဓာ၊ ဝိညာဏ်ဟူသော ဥပါဒါနက္ခန္ဓာတို့တည်း။ ရဟန်းတို့ အချို့သော သမဏဗြာဟ္မဏတို့သည် ဤဥပါဒါနက္ခန္ဓာငါးမျိုးတို့၏ ဖြစ်ပေါ်ခြင်းကိုလည်းကောင်း၊ ကွယ်ပျောက်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်ရာကိုလည်းကောင်းဟုတ်တိုင်းမှန်စွာမသိကုန်။ပ။ သိကုန်၏။ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုကာ ရောက်၍ နေကုန်၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။