သံယုတ္တနိကာယ်—၂၂

(၁၂) ၂—ဓမ္မကထိကဝဂ်

၂—ဝိဇ္ဇာသုတ်

၁၁၄။ သာဝတ္ထိနိဒါန်း။ ထိုရဟန်းသည် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား”အသျှင်ဘုရား ‘ဝိဇ္ဇာ ဝိဇ္ဇာ’ဟု ဆိုအပ်ပါ၏၊ အဘယ်သည် ဝိဇ္ဇာပါနည်း၊ အသျှင်ဘုရား အဘယ်မျှဖြင့်ဝိဇ္ဇာသို့ ရောက်သူ ဖြစ်ပါသနည်း”ဟု ဤစကားကို လျှောက်၏။ ရဟန်း ဤလောက၌ အကြားအမြင်ရှိသော အရိယာတပည့်သည် ရုပ်ကို သိ၏၊ ရုပ်ဖြစ်ပေါ်ကြောင်းကို သိ၏၊ ရုပ်ချုပ်ရာကို သိ၏၊ ရုပ်ချုပ်ရာသို့ရောက်ကြောင်းအကျင့်ကို သိ၏။ ဝေဒနာကို။ သညာကို။ သင်္ခါရတို့ကို သိ၏။ပ။ ဝိညာဏ်ချုပ်ရာသို့ရောက်ကြောင်းအကျင့်ကို သိ၏။ ရဟန်း ဤသည်ကို ဝိဇ္ဇာဟု ဆိုအပ်၏၊ ဤမျှဖြင့် ဝိဇ္ဇာသို့ ရောက်သူဖြစ်၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။